အဲဗာတန် VS ချယ်ဆီးပွဲအတွက် စကိုင်းစပေါ့ရဲ့ သုံးသပ်ချက်နဲ့ ပွဲရလဒ်ခန့်မှန်း

ချယ်ဆီးရဲ့ ဘောလုံးရာသီဥစ်ဟာ ဒီကနေ့ည ၁၁ နာရီမှာ အဲဗာတန်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ခြင်းနဲ့ စတင်မှာဖြစ်ပါတယ်။

အဲဗာတန်နဲ့ ချယ်ဆီးပွဲစဉ်မှာ ရာသီကြိုပြင်ဆင်မှုပိုင်း လိုအပ်ချက်တွေ ရှိနေတဲ့ တူချယ်ရဲ့ အသင်းက ဂိုးပေါက် ပျောက်မှာဖြစ်သလို နိုင်ပွဲ မရနိုင်ဘူးလို့ အင်္ဂလန်သတင်းဌာန စကိုင်းစပေါ့က ခန့်မှန်း သုံးသပ်သွားပါတယ်။

Everton vs Chelsea

ရာသီကြိုက ပုံစံတွေကို အကဲဖြတ်ရမယ် ဆိုရင် ချယ်ဆီးက ဂွတ်ဒီဆင်ပါ့ခ်ကို သွားရမယ့် ခရီး အတွက် အသင့် ဖြစ်ဖို့ အတော် လိုနေပါသေးတယ်။ ချယ်ဆီးက အရင်ရာသီထက် တိုးတက်ဖို့ အသာထားဦး၊ အရင်ရာသီလို လုပ်ပြနိုင်ဖို့၊ အဆင့် ၃ ရပြီး ဖလားဖိုင်နယ် တချို့ တက်ရောက်နိုင်တာလောက် လုပ်ဖို့ကို စိတ်ပူနေရသေးတဲ့ အခြေအနေပါ။

ဒီအချိန်ကတော့ အဲဗာတန် အနေနဲ့ ဂွတ်ဒီဆင်ပါ့ခ်ရဲ့ အရှိန်အဝါကို သုံးပြီး ရလဒ်ကောင်း ဖော်ဆောင်ဖို့ အခွင့်ကောင်းပါ။ ဖရန့်လမ်းပတ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ အိမ်ကွင်း ၆ ပွဲထဲ ၄ ပွဲ နိုင်ထားရုံတင် မက ချယ်ဆီးနဲ့ တွေ့ထားတဲ့ အိမ်ကွင်း လေးပွဲဆက် ပါနိုင်ထားတာပါ။

ဒီပွဲမှာ ဘယ်သူ ဂိုးသွင်းမလဲ? ရစ်ချာလီဆန်က မရှိတော့ဘူး။ ဒိုမိနစ် ကဲဗတ်လီဝင်ကလည်း အခု ဒဏ်ရာ ရှိနေတယ်။ ချယ်ဆီးကလည်း ခံစစ်ကို အရမ်း ပိတ်ကစားတတ်တယ်။ ဒီပွဲကတော့ ပျင်းစရာကောင်းကောင်းနဲ့ သရေကျသွားတော့မှာပါပဲ။

စကိုင်းစပေါ့ရဲ့ ခန့်မှန်းရလဒ်။ ။ Everton 0-0 Chelsea