ပေါမာဆန်ရဲ့ ဒီ စနေနေ့ည အဲဗာတန် – ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် စတင်တဲ့ ပွဲဦးထွက်မှာ ချဲလ်ဆီးအသင်းဟာ အဲဗာတန် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ပွဲချိန်ကတော့ လာမယ့် သြဂုတ် ၆ ရက်၊ စနေနေ့ည ၁၁ နာရီမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲ သုံးသပ်ဆရာကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က အဲဗာတန်နဲ့ ချဲလ်ဆီးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းသွားပါတယ်။

နှစ်သင်းစလုံးရဲ့ ရာသီကြို ပြင်ဆင်မှုတွေက အားရစရာ မရှိခဲ့ပါဘူး။ အဲဗာတန် က ပိုဆိုးပါတယ်။ ချဲလ်ဆီး ကလည်း အထောင် တိုက်စစ်မှူး စစ်စစ် မပါဘဲ ရာသီသစ် ကို စတင်ရပါပြီ။

ချဲလ်ဆီးက ကိုင် ဟာဗက် ကိုပဲ တိုက်စစ်မြားဦးမှာ သုံးလာမှာပါ။ ဒါပေမယ့် ဂျာမန်သားက တရာသီလုံးမှာ ဂိုး ၂၀ ကျော်အောင် သွင်းပေး နိုင်မယ့်ပုံ မရှိပါဘူး။ ချဲလ်ဆီး တို့ တိုက်စစ်မှူးသစ် ဝယ်ကို ဝယ်ရမှာပါ။

စတာလင် ရဲ့ အဖွင့် ခြေစွမ်းကိုလည်း စောင့်ကြည့်ချင်ပါတယ်။ မန်စီးတီး လောင်းရိပ်က လွတ်ချိန်မှာ ပုံစံကောင်းတွေ ပြနိုင်တဲ့ ဂျေဆု လိုပဲ ဖြစ်လာမလား၊ အရင်လိုပဲ ဝေဖန်စရာ စတာလင် ဖြစ်လာမလား ဆိုတာက ချဲလ်ဆီး ရဲ့ ရလဒ်တွေ အပေါ်လည်း အများကြီး သက်ရောက်နိုင်ပါတယ်။

ချဲလ်ဆီး ရဲ့ အနေအထားက အားရစရာ သိပ်မရှိ ပေမယ့် အခုပွဲမှာတော့ သူတို့ထက် အခြေအနေဆိုးတဲ့ အသင်းနဲ့ ကစားရမှာ ဖြစ်လို့ ရလဒ်ကောင်းနဲ့ ရာသီသစ်ကို ဖွင့်သွားနိုင်ချေ များပါတယ်။

ပေါမာဆန်ရဲ့ ရလဒ် ခန့်မှန်းချက် – အဲဗာတန် ၁ – ၂ ချဲလ်ဆီး