အဲဗာတန် VS ချယ်ဆီးပွဲအတွက် ဘီဘီစီရဲ့ သုံးသပ်ချက်နဲ့ ပွဲရလဒ်ခန့်မှန်း

ပရီးမီးယားလိဂ် ပထမအပတ်မှာ နည်းပြတူချယ်ရဲ့ အသင်းဟာ လမ်းပတ် ဦးဆောင်နေတဲ့ အဲဗာတန်အသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီပွဲမှာတော့ ကစားသမားသစ်တွေဖြစ်တဲ့ စတာလင်၊ ကူလီဘာလီတို့ ပါဝင်လာဖို့ ရှိနေပေမယ့် ကူကူရယ်လာ၊ ချူကွာမီကာတို့ အရန်စာရင်းကနေ ကြည့်ရဖွယ်ရှိပါတယ်။ ဒီပွဲအတွက် ဘီဘီစီမှ ခရစ်ဆက်တန်က အခုလို သုံးသပ်ခဲ့ပါတယ်။

Everton vs Chelsea

ပွဲချိန်။ ။ သြဂုတ် ၆ ရက်၊ စနေနေ့၊ ည ၁၁ နာရီ

ချယ်ဆီးက ရာသီစကို အကောင်းဆုံး မပြင်ဆင်ထားနိုင်ဘဲ လူသစ် ခေါ်ယူမှုတွေ ထပ်လုပ်နေဆဲပါ။ သူတို့ လူစာရင်းက အဆင်သင့် မဖြစ်သေးပါဘူး။

ဒါပေမယ့် အဲဗာတန်ကလည်း ပြဿနာတွေနဲ့ချည်းပါပဲ။ ကယ်ဗက်လီဝင် ဒဏ်ရာရနေသလို ဆော်လမွန် ရန်ဒန် ပွဲပယ်ခံထားရတယ်။ ရစ်ချာလီဆန်က ရောင်းထုတ်ခံထားရတယ်။ ချယ်ဆီးနဲ့ပွဲမှာ တိုက်စစ်ကို ဦးဆောင်ပေးမယ့်သူ တစ်ဦးမှ မရှိပါဘူး။

အဲဗာတန်က ဒီပွဲကို ရင်ဆိုင်ဖို့ မနှစ်တုန်းက သူတို့ လုပ်ခဲ့သလိုပဲ ဂူဒီဆန်က ပရိသတ်အားကို အားကိုးရပါမယ်။ အဲဗာတန် ပရိသတ်တွေက သူတို့ အသင်းအတွက် အကျိုးဖြစ်စေပေမယ့် တိုက်စစ်ပိုင်း ဂိုးရအောင်တော့ မကူညီပေးနိုင်ပါဘူး။

ခရစ်ဆက်တန် ရလဒ်ခန့်မှန်း။ ။ Everton 0-2 Chelsea