ချယ်ဆီး အရောင်းစာရင်း တင်ထားတဲ့ တိုက်စစ်မှုး တီမိုဗာနာကို ကလပ်အသင်း ၄သင်းက စိတ်ဝင်စားနေ

ချယ်ဆီးအသင်းဟာ အသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး တီမိုဗာနာကို ပြန်လည် ရောင်းထုတ်ဖို့ အရှိန်မြှင့်ကြိုးပမ်းလာခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တီမိုဗာနာဟာ ၂၀၂၀ ခုနှစ်မှာ ပြောင်းရွှေ့ကြေးပေါင် ၅၄ သန်းနဲ့ ချယ်ဆီးထံ ရောက်ရှိလာခဲ့တာဖြစ်ပြီး ထင်သလောက်ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၈၉ ပွဲ ပါဝင် ကစားခဲ့ရာမှာ ၂၃ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပြီး တစ်ဦးချင်း ခြေစွမ်းအားဖြင့်လည်း အတော်လေး အားနည်း နေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ချယ်ဆီးအသင်းဟာ တီမိုဗာနာကို အသင်းကနေ ပြန်လည်ရှင်းထုတ်ဖို့ အရှိန်မြှင့်ကြိုးပမ်းလာခဲ့ပြီး ဂျူဗီနောက်ခံလူ ဒီလစ်ကို ခေါ်ယူဖို့ ကြိုးစားရာမှာ ဗာနာကို အလိုက်ပေး ကမ်းလှမ်းခဲ့ပါသေးတယ်။

အလိုက်ပေးမှု မအောင်မြင်ခဲ့ပေမယ့်လည်း ချယ်ဆီးကတော့ တီမိုဗာနာကို ရောင်းချဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး သူ့ကို ပြန်လည်ခေါ်ယူဖို့ ဒေါ့မွန်နဲ့ အသင်းဟောင်း လိုက်ပ်ဇစ်တို့က အထူးစိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်မှ နယူးကာဆယ်ကလည်း ဗာနာကို စိတ်ဝင်စားသလို ဂျူဗင်တပ်ကလည်း ချိန်ရွယ်နေပါတယ်။

ဒါပေမယ့် ချယ်ဆီးဟာ တိုက်စစ်မှူး လူကာကူကိုလည်း အင်တာမီလန်အသင်းဆီ အငှါးပြန်ပို့ပြီးဖြစ်တာကြောင့် တိုက်စစ်မှူး နှစ်ဦးကို တစ်ပြိုင်ထဲလက်လွှတ်ခံပါ့မလား စဉ်းစားစရာရှိပါတယ်။

တီမိုဗာနာရဲ့စာချုပ်သက်တမ်းကလည်း ၃နှစ်အထိ ကျန်ရှိနေသေးတာဖြစ်တဲ့အတွက် ချယ်ဆီးဖက်က ဒီနွေမှာပဲ ထုတ်ရောင်းမလား၊ ဒါမှမဟုတ် တစ်နှစ် ဆက်ထိန်းထားမလား စောင့်ကြည့် သွားရဦးမှာပါ။

Zawgyi

ခ်ယ္ဆီးအသင္းဟာ အသင္းမွာ ပုံမွန္ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ တိုက္စစ္မႉး တီမိုဗာနာကို ျပန္လည္ ေရာင္းထုတ္ဖို႔ အရွိန္ျမႇင့္ႀကိဳးပမ္းလာခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ တီမိုဗာနာဟာ ၂၀၂၀ ခုႏွစ္မွာ ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၅၄ သန္းနဲ႔ ခ်ယ္ဆီးထံ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ထင္သေလာက္ေျခစြမ္းျပသႏိုင္ခဲ့ျခင္းမရွိပါဘူး။ ႏွစ္ရာသီအတြင္း ၿပိဳင္ပြဲစုံ ၈၉ ပြဲ ပါဝင္ ကစားခဲ့ရာမွာ ၂၃ ဂိုးသာ သြင္းယူေပးႏိုင္ခဲ့ၿပီး တစ္ဦးခ်င္း ေျခစြမ္းအားျဖင့္လည္း အေတာ္ေလး အားနည္း ေနခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ခ်ယ္ဆီးအသင္းဟာ တီမိုဗာနာကို အသင္းကေန ျပန္လည္ရွင္းထုတ္ဖို႔ အရွိန္ျမႇင့္ႀကိဳးပမ္းလာခဲ့ၿပီး ဂ်ဴဗီေနာက္ခံလူ ဒီလစ္ကို ေခၚယူဖို႔ ႀကိဳးစားရာမွာ ဗာနာကို အလိုက္ေပး ကမ္းလွမ္းခဲ့ပါေသးတယ္။

အလိုက္ေပးမႈ မေအာင္ျမင္ခဲ့ေပမယ့္လည္း ခ်ယ္ဆီးကေတာ့ တီမိုဗာနာကို ေရာင္းခ်ဖို႔ ၾကိဳးပမ္းေနဆဲျဖစ္ၿပီး သူ႔ကို ျပန္လည္ေခၚယူဖို႔ ေဒါ့မြန္နဲ႔ အသင္းေဟာင္း လိုက္ပ္ဇစ္တို႔က အထူးစိတ္ဝင္စားေနေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ပရီးမီးယားလိဂ္မွ နယူးကာဆယ္ကလည္း ဗာနာကို စိတ္ဝင္စားသလို ဂ်ဴဗင္တပ္ကလည္း ခ်ိန္ရြယ္ေနပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီးဟာ တိုက္စစ္မႉး လူကာကူကိုလည္း အင္တာမီလန္အသင္းဆီ အငွါးျပန္ပို႔ၿပီးျဖစ္တာေၾကာင့္ တိုက္စစ္မႉး နွစ္ဦးကို တစ္ၿပိဳင္ထဲလက္လႊတ္ခံပါ့မလား စဥ္းစားစရာရွိပါတယ္။

တီမိုဗာနာရဲ႕စာခ်ဳပ္သက္တမ္းကလည္း ၃ႏွစ္အထိ က်န္ရွိေနေသးတာျဖစ္တဲ့အတြက္ ခ်ယ္ဆီးဖက္က ဒီေႏြမွာပဲ ထုတ္ေရာင္းမလား၊ ဒါမွမဟုတ္ တစ္ႏွစ္ ဆက္ထိန္းထားမလား ေစာင့္ၾကည့္ သြားရဦးမွာပါ။