စတာလင်အတွက် ချယ်ဆီး ပေးချေမယ့် စာချုပ်သက်တမ်း၊ ပြောင်းရွှေ့ကြေး၊ လုပ်ခ

ချယ်ဆီးအသင်းဟာ မန်စီးတီး တိုက်စစ်မှူး စတာလင်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးတွေ အပါအဝင် အလုံးစုံ သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း Matt Law ပါတယ်။

စတာလင်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၇.၅ သန်း ပေးမှာဖြစ်ပေမယ့် ထပ်တိုးကြေးတွေနဲ့ဆိုရင် ပေါင် သန်း ၅၀ ထိ ရောက်သွားဦးမှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားဟာ အစောတည်းက ချယ်ဆီးအသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးက စတာလင်ကို ၅ နှစ် စာချုပ် ပေးမယ်ဆိုပေမယ့် အသင်းဘက်က ဆန္ဒရှိရင် တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့်ရှိတဲ့ ၆ နှစ် စာချုပ်ဖြစ်သွားမှာပါ။

လူကာကူကို အင်တာမီလန်ထံ အငှားချပြီးတဲ့နောက် စတာလင်ကို တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းထိပေးကာ ကလပ်ရဲ့ စံချိန်တင် လုပ်ခရှင် ဖြစ်စေဖို့ ချယ်ဆီးဘက်က သဘောတူထားပါတယ်။

ဆေးစစ်မှုတွေ ခံယူပြီး ချယ်ဆီးထံ အပြောင်းအရွှေ့ ပြီးမြောက်ရင် စတာလင်က ချယ်ဆီးရဲ့ အမေရိကန် ရာသီကြို ခရီးစဉ်ကို လိုက်ပါ ပူးပေါင်းဖွယ် ရှိနေပါတယ်။

စတာလင်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ပွဲ ၂၃ ပွဲသာ ကစားခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ၅ ပွဲသာ ပါဝင်ခွင့် ရခဲ့ပါတယ်။ စီးတီးမှာ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ပေမယ့် ဦးစားပေး ပွဲထွက် နေရာ မရတဲ့နောက် စတားလင်းက အသင်းပြောင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး ချယ်ဆီးနဲ့ သဘောတူညီမှု ရခဲ့တာပါ။

ချယ်ဆီး ပိုင်ရှင်သစ် တော့ဒ်ဘိုလေ အနေနဲ့ကလည်း နာမည်ကြီး ခြေစွမ်းရှိပြီးသား ကစားသမားကောင်း ခေါ်ယူမှုတွေနဲ့ သူ့ ခေတ်သစ်ကို စတင်ချင်နေတာ ဖြစ်လို့ စတားလင်း ခေါ်ယူမှုနဲ့ ပွဲဦးထွက်ခဲ့တာက မျက်နှာပန်းလှဖွယ် ရှိနေပါတယ်။