ဝတ်ဖိုဒ့်ကို ဂိုးပြတ်အရေးနိမ့်အပြီး ဝန်ခံမှုတစ်ခု ပြုလုပ်သွားတဲ့ မန်နေဂျာဆိုးရှား

ဝတ္ဖိုဒ့္နဲ႔ပြဲမွာ ေျခစြမ္း ညံ့ဖ်င္းခဲ့ျပီး အသင္းရဲ႕ ကစားသမားေတြရဲ႕ အမွားကေနပဲ ဂိုးေတြ ခြင့္ျပဳခဲ့ရကာ ပြဲအျပီးမွာ မန္ေနဂ်ာဆိုးရွားက ယူႏုိက္တက္ဟာ ႏုိင္ပြဲရဖို႔ မထိုက္တန္ဘူးလို႔ ဝန္ခံခဲ့ပါတယ္။

ယူႏုိက္တက္ဟာ အသင္းၾကီးေတြနဲ႔ ယွဥ္ျပိဳင္ရမွာ ရလဒ္ေကာင္းေပမယ့္ အသင္းငယ္ေတြနဲ႔ဆို ရလဒ္မေကာင္းျဖစ္ေနတာ ဒီရာသီမွာ ျမင္သာခဲ့တယ္။ ကစားသမားေတြရဲ႕ တိုက္ပြဲဝင္လိုစိတ္အျပင္ ပိုင္ဆုိင္မႈ အသားေပးရခ်ိန္တိုင္း အခြင့္အေရး ဖန္တီးမႈ အားနည္းလြန္းျခင္းကလည္း ရလဒ္ကို ထိခိုက္ေစခဲ့ပါတယ္။

ဆိုးရွားက ” က်ေနာ္တို႔ အထေႏွးခဲ့တယ္။ ပထမပိုင္းက ႏွစ္သင္းလံုးအတြက္ မေကာင္းခဲ့ေပမယ့္ ဂိုးေပါက္ျခိမ္းေျခာက္မႈ ႏွစ္ၾကိမ္ကေန သြင္းဂိုးႏွစ္ဂိုးကို ခြင့္ျပဳေပးလိုက္ျပီဆိုရင္ က်ေနာ္တုိ႔ လုပ္ရမွာ အမ်ားၾကီး ရွိလာပါတယ္။ ဒီပြဲမွာ တကယ္ကို ေႏွးေကြးခဲ့ျပီး ပထမပိုင္းတုန္းကေတာ့ ႏွစ္သင္းလံုးက ဂုဏ္ျပဳပြဲ ကစားေပးေနသလိုပါပဲ။

က်ေနာ္တို႔ ကစားခဲ့တာက ႏုိင္ပြဲရဖို႔လည္း မထိုင္တန္ပါဘူး။ ေဘာလံုးကို ေႏွးေကြးစြာ ကစားေနျပီး ေဘာလံုးမရွိခ်ိန္မွာလည္း ေလးလံလြန္းတယ္။ လံုေလာက္တဲ့ အားထုတ္မႈလည္း မရွိဘူး။ ရလဒ္ကို ျပန္လာႏုိင္ဖို႔ လံုေလာက္ေအာင္ ေကာင္းခဲ့ျခင္းလည္း မရွိဘူး။ ကြင္းထဲေရာက္ျပီဆိုရင္ အျမဲတမ္း အသင္းရွိေနရမွာျဖစ္ကာ အဲ့လို မဟုတ္ဘူးလို႔ အျပစ္ေပးခံရမွာပါ။

ဝတ္ဖိုဒ့္က အခြင့္အေရးကို အသံုးခ်ႏုိင္ေပမယ့္ က်ေန္ာတို႔က အသံုးမခ်ႏုိင္ခဲ့ဘူး။ ပရီးမီးယားလိဂ္လို အဆင့္အတန္းမွာ ႏုိင္ပြဲရခ်င္ရင္ အသင္းရဲ႕ အားထုတ္ပံုနဲ႔ေတာ့ မျဖစ္ပါဘူး။ ဝတ္ဖိုဒ့္နဲ႔ပြဲမွာ က်ေန္ာတုိ႔ ႏုိင္ပြဲရဖို႔ မထိုက္တန္ခဲ့ပဲ ဝတ္ဖိုဒ့္ကပဲ ထုိက္ထုိက္တန္တန္ အႏိုင္ရသြားတာပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

UNICODE

ဝတ်ဖိုဒ့်နဲ့ပွဲမှာ ခြေစွမ်း ညံ့ဖျင်းခဲ့ပြီး အသင်းရဲ့ ကစားသမားတွေရဲ့ အမှားကနေပဲ ဂိုးတွေ ခွင့်ပြုခဲ့ရကာ ပွဲအပြီးမှာ မန်နေဂျာဆိုးရှားက ယူနိုက်တက်ဟာ နိုင်ပွဲရဖို့ မထိုက်တန်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်ဟာ အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ရမှာ ရလဒ်ကောင်းပေမယ့် အသင်းငယ်တွေနဲ့ဆို ရလဒ်မကောင်းဖြစ်နေတာ ဒီရာသီမှာ မြင်သာခဲ့တယ်။ ကစားသမားတွေရဲ့ တိုက်ပွဲဝင်လိုစိတ်အပြင် ပိုင်ဆိုင်မှု အသားပေးရချိန်တိုင်း အခွင့်အရေး ဖန်တီးမှု အားနည်းလွန်းခြင်းကလည်း ရလဒ်ကို ထိခိုက်စေခဲ့ပါတယ်။

ဆိုးရှားက ” ကျနော်တို့ အထနှေးခဲ့တယ်။ ပထမပိုင်းက နှစ်သင်းလုံးအတွက် မကောင်းခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှု နှစ်ကြိမ်ကနေ သွင်းဂိုးနှစ်ဂိုးကို ခွင့်ပြုပေးလိုက်ပြီဆိုရင် ကျနော်တို့ လုပ်ရမှာ အများကြီး ရှိလာပါတယ်။ ဒီပွဲမှာ တကယ်ကို နှေးကွေးခဲ့ပြီး ပထမပိုင်းတုန်းကတော့ နှစ်သင်းလုံးက ဂုဏ်ပြုပွဲ ကစားပေးနေသလိုပါပဲ။

ကျနော်တို့ ကစားခဲ့တာက နိုင်ပွဲရဖို့လည်း မထိုင်တန်ပါဘူး။ ဘောလုံးကို နှေးကွေးစွာ ကစားနေပြီး ဘောလုံးမရှိချိန်မှာလည်း လေးလံလွန်းတယ်။ လုံလောက်တဲ့ အားထုတ်မှုလည်း မရှိဘူး။ ရလဒ်ကို ပြန်လာနိုင်ဖို့ လုံလောက်အောင် ကောင်းခဲ့ခြင်းလည်း မရှိဘူး။ ကွင်းထဲရောက်ပြီဆိုရင် အမြဲတမ်း အသင်းရှိနေရမှာဖြစ်ကာ အဲ့လို မဟုတ်ဘူးလို့ အပြစ်ပေးခံရမှာပါ။

ဝတ်ဖိုဒ့်က အခွင့်အရေးကို အသုံးချနိုင်ပေမယ့် ကျနေ်ာတို့က အသုံးမချနိုင်ခဲ့ဘူး။ ပရီးမီးယားလိဂ်လို အဆင့်အတန်းမှာ နိုင်ပွဲရချင်ရင် အသင်းရဲ့ အားထုတ်ပုံနဲ့တော့ မဖြစ်ပါဘူး။ ဝတ်ဖိုဒ့်နဲ့ပွဲမှာ ကျနေ်ာတို့ နိုင်ပွဲရဖို့ မထိုက်တန်ခဲ့ပဲ ဝတ်ဖိုဒ့်ကပဲ ထိုက်ထိုက်တန်တန် အနိုင်ရသွားတာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။