အာဆင်နယ်ကို အာတီတာက လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်မယ် ယုံကြည်နေတဲ့ ချမ်ဘာ

အဲဗာတန္နဲ႔ပြဲကို ပြဲၾကည့္စင္ကပဲ ၾကည့္ခ့ဲတဲ့ အာဆင္နယ္မန္ေနဂ်ာသစ္ အာတီတာဟာ သူ႔ရဲ႕ ပထမဆံုး ေလ့က်င့္ေရးကို စတင္ထားျပီျဖစ္ျပီး ဘုန္းေမာက္နဲ႔ပြဲမွာေတာ့ တရားဝင္ စတင္ကိုင္တြယ္ေတာ့မွာျဖစ္တယ္။

အာတီတာနဲ႔အတူ အာဆင္နယ္မွာ တြဲဘက္ကစားဖူးတဲ့ ခံစစ္သမား ခ်မ္ဘာက မန္ေနဂ်ာသစ္ဟာ ထူးခၽြန္တဲ့ အေတြးအျမင္ရွိသူလို႔ ခ်ီးက်ဴးခဲ့ျပီး အာဆင္နယ္ကို လမ္းေၾကာင္းမွန္ေပၚ ျပန္တင္ေပးႏုိင္မယ့္သူအျဖစ္ ယံုၾကည္ေနပါတယ္။ တြဲဘက္ ကစားသမားေတြဘဝမွာ အာတီတာက သူ႔အေပၚ လမ္းေၾကာင္းေတြ ေပးခဲ့ေသးေၾကာင္းလည္း ခ်မ္းဘာက ဖြင့္ဟခဲ့တယ္။

ခ်မ္ဘာက ” က်ေနာ္ အာဆင္နယ္ကို ေရာက္ခါစကေတာ့ အာတီတာက စီနီယာအသင္းသား တစ္ဦးျဖစ္ပါတယ္။ သူက ေနရာယူမႈေတြ ကစားရမွာေတြနဲ႔ ပက္သက္ျပီး အၾကံေပးမႈေတြနဲ႔ က်ေနာ္ကို အမ်ားၾကီး အကူူအညီေပးခဲ့ပါတယ္။ သူက ထူးခၽြန္တဲ့သူျဖစ္ျပီး က်ေနာ္နဲ႔ အသင္းေဖာ္ေတြက သူ႔ရဲ႕ ေဘာလံုးအေတြးအျမင္ေတြကို သင္ယူမႈေတြလုပ္ဖို႔ စိတ္လႈပ္ရွားေနပါတယ္။

က်ေနာ္တုိ႔ အာဆင္နယ္ရဲ႕ အမွတ္အသားကို ျပန္လည္ တည္ေဆာက္ဖို႔ လိုအပ္ေနတာျဖစ္တယ္။ အာတီတာကလည္း ဒါကိုပဲ ျပန္လည္ တည္ေဆာက္လိုပါလိမ့္မယ္။ အခ်ိန္တစ္ခု ယူရမယ္ဆိုေပမယ့္ သူ အေကာင္းဆံုး လုပ္ႏုိင္မယ္လို႔ က်ေနာ္ နားလည္ပါတယ္။ သူ႔နဲ႔အတူ တြဲလုပ္ဖို႔လည္း အေတာ္ေလး စိတ္လႈပ္ရွားေနမိပါတယ္ ” လို႔ ဆုိခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ အဆင့္ေလးေနရာက ခ်ယ္ဆီးနဲ႔ ရမွတ္ေတြ အမ်ားၾကီး ျပတ္က်န္ေနခဲ့ပါျပီ။ ဒါေပမယ့္ ရာသီဝက္ကာလ မျပီးဆံုးေသးသလို ဒုတိယရာသီဝက္ေတြက မၾကာခင္ စတင္လာမွာျဖစ္လို႔ ပံုစံေကာင္းေတြကို ျပန္ယူႏုိင္ရင္ အခြင့္အေရး ရွိေနေသးတာျဖစ္ပါတယ္။

UNICODE

အဲဗာတန်နဲ့ပွဲကို ပွဲကြည့်စင်ကပဲ ကြည့်ခဲ့တဲ့ အာဆင်နယ်မန်နေဂျာသစ် အာတီတာဟာ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ရေးကို စတင်ထားပြီဖြစ်ပြီး ဘုန်းမောက်နဲ့ပွဲမှာတော့ တရားဝင် စတင်ကိုင်တွယ်တော့မှာဖြစ်တယ်။

အာတီတာနဲ့အတူ အာဆင်နယ်မှာ တွဲဘက်ကစားဖူးတဲ့ ခံစစ်သမား ချမ်ဘာက မန်နေဂျာသစ်ဟာ ထူးချွန်တဲ့ အတွေးအမြင်ရှိသူလို့ ချီးကျူးခဲ့ပြီး အာဆင်နယ်ကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်မယ့်သူအဖြစ် ယုံကြည်နေပါတယ်။ တွဲဘက် ကစားသမားတွေဘဝမှာ အာတီတာက သူ့အပေါ် လမ်းကြောင်းတွေ ပေးခဲ့သေးကြောင်းလည်း ချမ်းဘာက ဖွင့်ဟခဲ့တယ်။

ချမ်ဘာက ” ကျနော် အာဆင်နယ်ကို ရောက်ခါစကတော့ အာတီတာက စီနီယာအသင်းသား တစ်ဦးဖြစ်ပါတယ်။ သူက နေရာယူမှုတွေ ကစားရမှာတွေနဲ့ ပက်သက်ပြီး အကြံပေးမှုတွေနဲ့ ကျနော်ကို အများကြီး အကူူအညီပေးခဲ့ပါတယ်။ သူက ထူးချွန်တဲ့သူဖြစ်ပြီး ကျနော်နဲ့ အသင်းဖော်တွေက သူ့ရဲ့ ဘောလုံးအတွေးအမြင်တွေကို သင်ယူမှုတွေလုပ်ဖို့ စိတ်လှုပ်ရှားနေပါတယ်။

ကျနော်တို့ အာဆင်နယ်ရဲ့ အမှတ်အသားကို ပြန်လည် တည်ဆောက်ဖို့ လိုအပ်နေတာဖြစ်တယ်။ အာတီတာကလည်း ဒါကိုပဲ ပြန်လည် တည်ဆောက်လိုပါလိမ့်မယ်။ အချိန်တစ်ခု ယူရမယ်ဆိုပေမယ့် သူ အကောင်းဆုံး လုပ်နိုင်မယ်လို့ ကျနော် နားလည်ပါတယ်။ သူ့နဲ့အတူ တွဲလုပ်ဖို့လည်း အတော်လေး စိတ်လှုပ်ရှားနေမိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်လေးနေရာက ချယ်ဆီးနဲ့ ရမှတ်တွေ အများကြီး ပြတ်ကျန်နေခဲ့ပါပြီ။ ဒါပေမယ့် ရာသီဝက်ကာလ မပြီးဆုံးသေးသလို ဒုတိယရာသီဝက်တွေက မကြာခင် စတင်လာမှာဖြစ်လို့ ပုံစံကောင်းတွေကို ပြန်ယူနိုင်ရင် အခွင့်အရေး ရှိနေသေးတာဖြစ်ပါတယ်။