ဝတ်ဖိုဒ့်နဲ့ပွဲမှာ မြင်ရတဲ့ ယူနိုက်တက်အတွက် ဆိုးရွားမှု နှစ်ခုနဲ့ သတင်းကောင်းတစ်ခု

ဝတ္ဖိုဒ့္နဲ႔ပြဲမွာ ယူႏုိက္တက္ပရိသတ္ေတြကို အဓိက မေပ်ာ္ႏုိင္ေစခဲ့တာက ရလဒ္အတြက္ ထိခိုက္ေစတဲ့ အမွားႏွစ္ခုကို က်ဴးလြန္ခဲ့သူေတြက ကလပ္ရဲ႕ အေကာင္းဆံုး ကစားသမားေတြျဖစ္ေနျခင္းပဲျဖစ္ပါတယ္။

ကလပ္အသင္းရဲ႕ ထိပ္တန္းကစားသမားေတြျဖစ္တဲ့ ဒီဂီယာနဲ႔ ဘစ္ဆာကာတို႔ဟာ ယူႏုိက္တက္ ေပးလိုက္ရတဲ့ ေပးဂိုးေတြအတြက္ တာဝန္ရွိသူေတြျဖစ္ျပီး ဒါကို ျမင္ရတာက ခါးသီးလွတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာအတြက္ တစ္ဘက္မွာ လန္ဒန္ျပိဳင္ဘက္ေတြ ထိပ္တိုက္ေတြ႔ေနျခင္းကို အခြင့္မေရးမယူႏုိင္ပဲ ဇယားေအာက္ဆံုးက အသင္းကို အေရးနိမ့္ခဲ့တာက စိတ္ပ်က္စရာျဖစ္ခ့ဲပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ဂိုးသမားနဲ႔ ယူႏုိက္တက္ရဲ႕ ကမၻာအဆင့္ ကစားသမားအျဖစ္ အသိအမွတ္ျပဳ ခံထားရတဲ့ ဒီဂီယာဟာ လက္စြမ္းက်ဆင္းလာတဲ့ အေနအထားျဖစ္ေနပါတယ္။ ျပိဳင္ဘက္ရဲ႕ ကန္ခ်က္ကို စြန္႔စြန္႔စားစား ကာကြယ္ရမယ့္ အေနအထား မဟုတ္ေပမယ့္ သူ႔လက္က လႊတ္က်ျပီး ဂိုးျဖစ္ေစခဲ့တာပါ။ ဒီဂီယာလို ထိပ္တန္းအဆင့္ ကစားသမားအတြက္ မယံုႏုိင္ေလာက္တဲ့ ကိစၥျဖစ္ပါတယ္။

ေႏြမွာ ယူႏိုက္တက္ ေခၚယူထားတဲ့ ညာအစြန္လူ ဘစ္ဆာကာဟာ ကလပ္ရဲ႕ အေကာင္းဆံုး ကစားသမားတစ္ဦးအျဖစ္ တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ကို ျပသေနသူပါ။ ဒါေပမယ့္ ဝတ္ဖိုဒ့္နဲ႔ပြဲမွာေတာ့ ဖိအားေတြ မ်ားေနခဲ့ျပီး ဦးေဆာင္ဂိုးေပးရျပီး မၾကာခင္မွာပဲ သူ႔ေၾကာင့္ ပင္နယ္တီ ခြင့္ျပဳခဲ့ရတာက ယူႏုိက္တက္ကို ၂-၀ ရလဒ္နဲ႔ အေရးနိမ့္ေစခဲ့တာျဖစ္တယ္။

ယူႏုိက္တက္အတြက္ တစ္ခုတည္းေသာ သတင္းေကာင္းကေတာ့ ေပါ့ဘာ ၂၆ မိနစ္စာ ျပန္ကစားႏုိင္ခဲ့တာျဖစ္ျပီး အသင္းအတြက္ သူ႔ရဲ႕ သက္ေရာက္မႈေတြကို ျမင္ခဲ့ရတာျဖစ္တယ္။ ယူႏုိက္တက္ ကြင္းလယ္အတြဲမွာ ေတာ္မီေနးနဲ႔ ဖရက္တို႔ ေျခစြမ္းေကာင္းေနခဲ့ျပီး က်န္တစ္ေနရာစာအတြက္ အလွည့္က်အျဖစ္ ထုတ္သံုးေနရေပမယ့္ ေပါ့ဘာ ျပန္လာႏုိင္လို႔ လာမယ့္ပြဲေတြမွာ အေကာင္းဆံုး ကြင္းလယ္အတြဲကို ျမင္ေတြ႔ရဖို႔ ရွိေနပါတယ္။

UNICODE

ဝတ်ဖိုဒ့်နဲ့ပွဲမှာ ယူနိုက်တက်ပရိသတ်တွေကို အဓိက မပျော်နိုင်စေခဲ့တာက ရလဒ်အတွက် ထိခိုက်စေတဲ့ အမှားနှစ်ခုကို ကျူးလွန်ခဲ့သူတွေက ကလပ်ရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်နေခြင်းပဲဖြစ်ပါတယ်။

ကလပ်အသင်းရဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ ဒီဂီယာနဲ့ ဘစ်ဆာကာတို့ဟာ ယူနိုက်တက် ပေးလိုက်ရတဲ့ ပေးဂိုးတွေအတွက် တာဝန်ရှိသူတွေဖြစ်ပြီး ဒါကို မြင်ရတာက ခါးသီးလှတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် တစ်ဘက်မှာ လန်ဒန်ပြိုင်ဘက်တွေ ထိပ်တိုက်တွေ့နေခြင်းကို အခွင့်မရေးမယူနိုင်ပဲ ဇယားအောက်ဆုံးက အသင်းကို အရေးနိမ့်ခဲ့တာက စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားနဲ့ ယူနိုက်တက်ရဲ့ ကမ္ဘာအဆင့် ကစားသမားအဖြစ် အသိအမှတ်ပြု ခံထားရတဲ့ ဒီဂီယာဟာ လက်စွမ်းကျဆင်းလာတဲ့ အနေအထားဖြစ်နေပါတယ်။ ပြိုင်ဘက်ရဲ့ ကန်ချက်ကို စွန့်စွန့်စားစား ကာကွယ်ရမယ့် အနေအထား မဟုတ်ပေမယ့် သူ့လက်က လွှတ်ကျပြီး ဂိုးဖြစ်စေခဲ့တာပါ။ ဒီဂီယာလို ထိပ်တန်းအဆင့် ကစားသမားအတွက် မယုံနိုင်လောက်တဲ့ ကိစ္စဖြစ်ပါတယ်။

နွေမှာ ယူနိုက်တက် ခေါ်ယူထားတဲ့ ညာအစွန်လူ ဘစ်ဆာကာဟာ ကလပ်ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနေသူပါ။ ဒါပေမယ့် ဝတ်ဖိုဒ့်နဲ့ပွဲမှာတော့ ဖိအားတွေ များနေခဲ့ပြီး ဦးဆောင်ဂိုးပေးရပြီး မကြာခင်မှာပဲ သူ့ကြောင့် ပင်နယ်တီ ခွင့်ပြုခဲ့ရတာက ယူနိုက်တက်ကို ၂-၀ ရလဒ်နဲ့ အရေးနိမ့်စေခဲ့တာဖြစ်တယ်။

ယူနိုက်တက်အတွက် တစ်ခုတည်းသော သတင်းကောင်းကတော့ ပေါ့ဘာ ၂၆ မိနစ်စာ ပြန်ကစားနိုင်ခဲ့တာဖြစ်ပြီး အသင်းအတွက် သူ့ရဲ့ သက်ရောက်မှုတွေကို မြင်ခဲ့ရတာဖြစ်တယ်။ ယူနိုက်တက် ကွင်းလယ်အတွဲမှာ တော်မီနေးနဲ့ ဖရက်တို့ ခြေစွမ်းကောင်းနေခဲ့ပြီး ကျန်တစ်နေရာစာအတွက် အလှည့်ကျအဖြစ် ထုတ်သုံးနေရပေမယ့် ပေါ့ဘာ ပြန်လာနိုင်လို့ လာမယ့်ပွဲတွေမှာ အကောင်းဆုံး ကွင်းလယ်အတွဲကို မြင်တွေ့ရဖို့ ရှိနေပါတယ်။