နည်းပြ အာတီတာရဲ့ ပထမဆုံး အာဆင်နယ် ထရိန်နင်မှ သတိပြုမိစရာ အချက်များ

ေျမာက္လန္ဒန္ကလပ္ နည္းျပသစ္ အျဖစ္ ေရာက္ရွိလာတဲ့ အာတီတာဟာ အာဆင္နယ္နည္းျပ အျဖစ္ ၄င္းရဲ႕ ပထမဆံုး အသင္းထရိန္နင္ကို တနဂၤေႏြေန႔က စတင္ခဲ့ပါတယ္။ လန္ဒန္ ကိုေနးက ထရိန္နင္မွာ စီနီယာနဲ႕ လူငယ္ကစားသမားေတြ အတူ ေလ့က်င့္ေနခဲ့တာ ေတြ႔ရျပီး ထူးျခားမႈမ်ားကိုလည္း ေတြ႔ျမင္ခဲ့ပါတယ္။

ဂြာဒီယိုလာ လက္သစ္

မန္စီးတီး မန္ေနဂ်ာ ပက္ ဂြာဒီယိုလာရဲ႕ ပံုစံကို ျမင္ဖူးခဲ့သူတိုင္း သူ႔လက္ေထာက္ စပိန္သားက ဘယ္ေလာက္ ျပင္းထန္တဲ့သူမ်ိဳးလည္း သိၾကျပီးသား ျဖစ္မွာပါ။ ကစားသမားေတြကို ေအာ္ဟစ္ ေျပာဆိုတယ္၊ ကိုယ္တိုင္ ဆြဲျပီး တြန္းျပီး ေနရာယူမွန္ေအာင္ ကစားသမားေတြကို ျပတယ္၊ ေလ့က်င့္ေရးကြင္းထဲ ေျပးလႊားေနတယ္ စသျဖင့္ ဂြာဒီယိုလာ သိပ္မလႈပ္ရွားရေအာင္ လုပ္ေဆာင္ေပးေနက် အာတီတာဟာ သူ႔ကုိယ္ပိုင္အသင္း ေလ့က်င့္ေရးကြင္းမွာလည္း အခုလိုပဲ ဆက္လက္ ေတြ႔ျမင္ရပါတယ္။

အာတီတာဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံအသင္းနည္းျပ ဂြာဒီယုိလာနဲ႕အတူ သံုးနွစ္တာေလာက္ ရွိခဲ့တာေၾကာင့္ ဂြာဒီယိုလာရဲ႕ ဟန္ပန္ေတြေတာ့ ၀င္ေနတာ အမွန္ပါ။ အာဆင္နယ္ အသင္းသားေတြကို အာတီတာ ဘာေတြ ေျပာၾကား ညႊန္ၾကားေနတယ္ အေသးစိတ္ မၾကားရေပမယ့္ ၄င္းကေတာ့ တက္ၾကြစြာ လမ္းညႊန္မႈေတြ ျပဳလုပ္ေနပါျပီ။

အခြင့္အေရး ရမယ့္ အိုေဇးလ္

အာတီတာက အာဆင္နယ္ အတြက္ အိုေဇးလ္ ဘယ္ေလာက္ အေရးပါသလဲဆိုတာ ေသာၾကာေန႔က သတင္းစာရွင္းလင္းပြဲမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။ အိုေဇးက ကစားးသမားေကာင္း ျဖစ္ျပီး သူက အသင္းအတြက္ ဘာေတြ ယူေဆာင္ေပးလာနိုင္လဲ ေကာင္းေကာင္း သိတယ္လို႔ အာတီတာက ဆိုပါတယ္။ သူ႔အလုပ္က အိုေဇးရဲ႕ အေကာင္းဆံုး အရည္အခ်င္းေတြကို ညွစ္ထုတ္ဖို႔ ျဖစ္တယ္လို႔ အာတီတာက ေျပာဆိုခဲ့ပါတယ္။

အဲဗာတန္နဲ႕ပြဲမွာ ဒဏ္ရာ ရွိေနခဲ့တဲ့ အျပင္ မန္စီးတီးနဲ႕ ပြဲက အျပဳအမူကို သေဘာမက်တာေၾကာင့္ အိုေဇးကို မထည့္ခဲ့တာလို႔ (ထိုစဥ္က) နည္းျပ ယြန္းဘတ္က ဆိုခဲ့ပါတယ္။ ဒါေပမယ့္ အာတီတာ တာ၀န္ယူျပီးေနာက္ အိုေဇးကို အေနွးနဲ႕အျမန္ပဲ ပြဲကစားခြင့္ ေပးဖြယ္ ရွိေနတာေၾကာင့္ ဂ်ာမန္သားကို ေလ့က်င့္ေရးမွာ အနီးကပ္ သင္ျပေနတာ ေတြ႔ရပါတယ္။

နည္းျပအဖြဲ႕၀င္ေတြ ပါ၀င္ေစျခင္း

ဂြာဒီယိုလာက အာတီတာကို မန္စီးတီးအသင္း ထရိန္နင္တိုင္းမွာ ပါ၀င္ေစခဲ့ပါတယ္။ ဒီလို ထိပ္သီးနည္းျပတစ္ေယာက္နဲ႕ ေတာက္ေလ်ာက္ အနီးကပ္ ရွိေနခဲ့ျခင္းက အာတီတာကို သင္ခန္းစာ ယူစရာေတြ အမ်ားၾကီး ရွိေစခဲ့မွာပါ။ ဂြာဒီယိုလာရဲ႕ နည္းလမ္းေကာင္း အျဖစ္ နည္းျပ အဖြဲ႕၀င္ေတြက ထရိန္နင္မွာ ကစားသမားေတြနဲ႕ အတူရွိျခင္းကို အာတီတာလည္း နွစ္သက္ပံုရပါတယ္။

ဒါေၾကာင့္ တနဂၤေႏြေန႔ အသင္းထရိန္နင္မွာ အာဆင္နယ္နည္းျပ အဖြဲ႔၀င္ေတြကို ျမင္ေတြ႔ခဲ့ရပါတယ္။ အထူးသျဖင့္ စြမ္းေဆာင္ရည္ပိုင္း တာ၀န္ယူသူ Shad Forsythe ကို တိုက္စစ္မွဴး လာကာဇက္တီနဲ႕ အတူ ေလ့က်င့္လမ္းညႊန္ေနတာ ေတြ႔ရပါတယ္။

ခြန္အားျဖစ္ စကားမ်ား

ဂြာဒီယိုလာရဲ႕ ထြက္ရွိထားတဲ့ မွတ္တမ္းဗီဒီယို အရ စပိန္သားၾကီးဟာ ကစားသမားေတြကို တစ္စုတစ္စည္းတည္း ေခၚျပီး စကားေတြ ေျပာေလ့ ရွိသူပါ။ ဒါက ေဘာလံုးနည္းျပမႈမွာေတာ့ နည္းဗ်ဴဟာ အသစ္ မဟုတ္ပါဘူး။ ဒါေပမယ့္ အာတီတာကိုေတာ့ ေလ့က်င့္ေရးမွာတင္ ကစားသမားေတြကို စု စုျပီး စကားေခၚေျပာေနတာ ေတြ႔ရပါတယ္။ အာတီတာက သူ႔ရဲ႕ အယူအဆ ေဘာလံုးအျမင္ေတြကို ကစားသမားေတြထံ အသိေပးေနတာလို႔ ယူဆရတာပါ။

လူငယ္ေတြနဲ႕ အတူ

ယြန္းဘတ္ နည္းျပမဟုတ္ေတာ့ရင္ အသင္းၾကီးမွာ ေခၚထားတဲ့ လူငယ္ေတြ ဘယ္လိုလဲဆိုတဲ့ ေမးခြန္းေတြ အမ်ားအျပား ရွိခဲ့ပါတယ္။ ဒါေပမယ့္ အာတီတာက အသင္း လူငယ္ကစားသမားေတြကို ျပန္မလႊတ္ဘဲ စီနီယာေတြနဲ႕ အတူ တြဲဖက္ ေလ့က်င့္ေနေစခဲ့တာပါ။ အာတီတာရဲ႕ တက္ၾကြတဲ့ ဟန္ပန္နဲ႕ ထရိနင္မွာ ျမင္ရတဲ့ အသြင္သစ္ အာဆင္နယ္အတြက္ ပရိသတ္ေတြလည္း စိတ္လႈပ္ရွားေနၾကမယ္ ထင္ပါတယ္။

Unicode – မြောက်လန်ဒန်ကလပ် နည်းပြသစ် အဖြစ် ရောက်ရှိလာတဲ့ အာတီတာဟာ အာဆင်နယ်နည်းပြ အဖြစ် ၎င်းရဲ့ ပထမဆုံး အသင်းထရိန်နင်ကို တနင်္ဂနွေနေ့က စတင်ခဲ့ပါတယ်။ လန်ဒန် ကိုနေးက ထရိန်နင်မှာ စီနီယာနဲ့ လူငယ်ကစားသမားတွေ အတူ လေ့ကျင့်နေခဲ့တာ တွေ့ရပြီး ထူးခြားမှုများကိုလည်း တွေ့မြင်ခဲ့ပါတယ်။

ဂွာဒီယိုလာ လက်သစ်

မန်စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာရဲ့ ပုံစံကို မြင်ဖူးခဲ့သူတိုင်း သူ့လက်ထောက် စပိန်သားက ဘယ်လောက် ပြင်းထန်တဲ့သူမျိုးလည်း သိကြပြီးသား ဖြစ်မှာပါ။ ကစားသမားတွေကို အော်ဟစ် ပြောဆိုတယ်၊ ကိုယ်တိုင် ဆွဲပြီး တွန်းပြီး နေရာယူမှန်အောင် ကစားသမားတွေကို ပြတယ်၊ လေ့ကျင့်ရေးကွင်းထဲ ပြေးလွှားနေတယ် စသဖြင့် ဂွာဒီယိုလာ သိပ်မလှုပ်ရှားရအောင် လုပ်ဆောင်ပေးနေကျ အာတီတာဟာ သူ့ကိုယ်ပိုင်အသင်း လေ့ကျင့်ရေးကွင်းမှာလည်း အခုလိုပဲ ဆက်လက် တွေ့မြင်ရပါတယ်။

အာတီတာဟာ ပရီးမီးယားလိဂ် ချန်ပီယံအသင်းနည်းပြ ဂွာဒီယိုလာနဲ့အတူ သုံးနှစ်တာလောက် ရှိခဲ့တာကြောင့် ဂွာဒီယိုလာရဲ့ ဟန်ပန်တွေတော့ ဝင်နေတာ အမှန်ပါ။ အာဆင်နယ် အသင်းသားတွေကို အာတီတာ ဘာတွေ ပြောကြား ညွှန်ကြားနေတယ် အသေးစိတ် မကြားရပေမယ့် ၎င်းကတော့ တက်ကြွစွာ လမ်းညွှန်မှုတွေ ပြုလုပ်နေပါပြီ။

အခွင့်အရေး ရမယ့် အိုဇေးလ်

အာတီတာက အာဆင်နယ် အတွက် အိုဇေးလ် ဘယ်လောက် အရေးပါသလဲဆိုတာ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အိုဇေးက ကစားးသမားကောင်း ဖြစ်ပြီး သူက အသင်းအတွက် ဘာတွေ ယူဆောင်ပေးလာနိုင်လဲ ကောင်းကောင်း သိတယ်လို့ အာတီတာက ဆိုပါတယ်။ သူ့အလုပ်က အိုဇေးရဲ့ အကောင်းဆုံး အရည်အချင်းတွေကို ညှစ်ထုတ်ဖို့ ဖြစ်တယ်လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

အဲဗာတန်နဲ့ပွဲမှာ ဒဏ်ရာ ရှိနေခဲ့တဲ့ အပြင် မန်စီးတီးနဲ့ ပွဲက အပြုအမူကို သဘောမကျတာကြောင့် အိုဇေးကို မထည့်ခဲ့တာလို့ (ထိုစဉ်က) နည်းပြ ယွန်းဘတ်က ဆိုခဲ့ပါတယ်။ ဒါပေမယ့် အာတီတာ တာဝန်ယူပြီးနောက် အိုဇေးကို အနှေးနဲ့အမြန်ပဲ ပွဲကစားခွင့် ပေးဖွယ် ရှိနေတာကြောင့် ဂျာမန်သားကို လေ့ကျင့်ရေးမှာ အနီးကပ် သင်ပြနေတာ တွေ့ရပါတယ်။

နည်းပြအဖွဲ့ဝင်တွေ ပါဝင်စေခြင်း

ဂွာဒီယိုလာက အာတီတာကို မန်စီးတီးအသင်း ထရိန်နင်တိုင်းမှာ ပါဝင်စေခဲ့ပါတယ်။ ဒီလို ထိပ်သီးနည်းပြတစ်ယောက်နဲ့ တောက်လျောက် အနီးကပ် ရှိနေခဲ့ခြင်းက အာတီတာကို သင်ခန်းစာ ယူစရာတွေ အများကြီး ရှိစေခဲ့မှာပါ။ ဂွာဒီယိုလာရဲ့ နည်းလမ်းကောင်း အဖြစ် နည်းပြ အဖွဲ့ဝင်တွေက ထရိန်နင်မှာ ကစားသမားတွေနဲ့ အတူရှိခြင်းကို အာတီတာလည်း နှစ်သက်ပုံရပါတယ်။

ဒါကြောင့် တနင်္ဂနွေနေ့ အသင်းထရိန်နင်မှာ အာဆင်နယ်နည်းပြ အဖွဲ့ဝင်တွေကို မြင်တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် စွမ်းဆောင်ရည်ပိုင်း တာဝန်ယူသူ Shad Forsythe ကို တိုက်စစ်မှူး လာကာဇက်တီနဲ့ အတူ လေ့ကျင့်လမ်းညွှန်နေတာ တွေ့ရပါတယ်။

ခွန်အားဖြစ် စကားများ

ဂွာဒီယိုလာရဲ့ ထွက်ရှိထားတဲ့ မှတ်တမ်းဗီဒီယို အရ စပိန်သားကြီးဟာ ကစားသမားတွေကို တစ်စုတစ်စည်းတည်း ခေါ်ပြီး စကားတွေ ပြောလေ့ ရှိသူပါ။ ဒါက ဘောလုံးနည်းပြမှုမှာတော့ နည်းဗျူဟာ အသစ် မဟုတ်ပါဘူး။ ဒါပေမယ့် အာတီတာကိုတော့ လေ့ကျင့်ရေးမှာတင် ကစားသမားတွေကို စု စုပြီး စကားခေါ်ပြောနေတာ တွေ့ရပါတယ်။ အာတီတာက သူ့ရဲ့ အယူအဆ ဘောလုံးအမြင်တွေကို ကစားသမားတွေထံ အသိပေးနေတာလို့ ယူဆရတာပါ။

လူငယ်တွေနဲ့ အတူ

ယွန်းဘတ် နည်းပြမဟုတ်တော့ရင် အသင်းကြီးမှာ ခေါ်ထားတဲ့ လူငယ်တွေ ဘယ်လိုလဲဆိုတဲ့ မေးခွန်းတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါပေမယ့် အာတီတာက အသင်း လူငယ်ကစားသမားတွေကို ပြန်မလွှတ်ဘဲ စီနီယာတွေနဲ့ အတူ တွဲဖက် လေ့ကျင့်နေစေခဲ့တာပါ။ အာတီတာရဲ့ တက်ကြွတဲ့ ဟန်ပန်နဲ့ ထရိနင်မှာ မြင်ရတဲ့ အသွင်သစ် အာဆင်နယ်အတွက် ပရိသတ်တွေလည်း စိတ်လှုပ်ရှားနေကြမယ် ထင်ပါတယ်။