အိုဇေး၊ ယွန်းဘတ်၊ ချမ်ဘာစ်၊ အာတီတာ၊ ဒရိုင်းမာတင်နဲ့ အာဆင်နယ် ညနေခင်းသတင်းများ

အာတီတာဟာ မန္စီးတီးအသင္းမွာ ပက္ ဂြာဒီယိုလာ နည္းျပ အျဖစ္မွာ ထြက္ခြာသြားရင္ ဆက္လက္ ဆက္ခံဖို႔ စိတ္အားထက္သန္ခဲ့ေသာ္လည္း အာမခံခ်က္ မရရွိတာေၾကာင့္ အာဆင္နယ္ နည္းျပ အျဖစ္ ေရြးခ်ယ္ခဲ့တယ္လို႔ သတင္းမ်ား ထြက္ေပၚေနပါတယ္။

အဲဗာတန္နဲ႕ ပြဲစဥ္မွာ အိုေဇးလ္ မပါ၀င္ခဲ့တဲ့အေပၚ ယြန္းဘတ္က အိုေဇး ဒဏ္ရာ ရွိေနခဲ့တာမွန္ေပမယ့္ အာဆင္နယ္အသင္းသား တစ္ေယာက္ အေနနဲ႕ မျပဳမူသင့္တာေတြ မန္စီးတီးနဲ႔ပြဲက အိုေဇး ျပဳမူခဲ့တာေၾကာင့္ သူ႔ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္အရ မေရြးခ်ယ္ခဲ့ျခင္း ျဖစ္တယ္လို႔ ရွင္းလင္း ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္နဲ႕ မန္ခ်က္စတာ ယူနိုက္တက္ တို႔ဟာ နာပိုလီ တိုက္စစ္မွဴး ဒရိုင္းမာတင္ကို ေခၚယူနုိင္ဖို႔ ေရပန္းအစားဆုံး ျဖစ္လာေနပါတယ္။ ဘယ္လ္ဂ်ီယံသား ဟာ ရာသီကုန္ရင္ နာပိုလီနဲ႕ စာခ်ဳပ္ ကုန္မွာ ျဖစ္ျပီး လတ္တေလာမွာေတာ့ ယူရို ၁၀ သန္း ၀န္းက်င္နဲ႕ ေခၚယူနိုင္ဖြယ္ ရွိပါတယ္။

အာဆင္နယ္ နည္းျပသစ္ ျဖစ္လာတဲ့ အာတီတာဟာ အသင္းကို ျပန္လည္ တည္ေဆာက္ဖို႔ နာမည္ေက်ာ္ ၾကယ္ပြင့္ကစားသမားေတြကို ေရာင္းခ်ဖို႔ လိုအပ္ေကာင္း လိုအပ္မွာ ျဖစ္ေၾကာင္း ဂန္းနားေဟာင္း ခ်ာလီနစ္ကိုးလပ္စ္က သံုးသပ္သြားပါတယ္။ ခ်ာလီက အူဘာမီးယန္း၊ အိုေဇးနဲ႕ ဇာခါတို႔လို ၾကယ္ပြင့္ ကစားသမားေတြကို ဆိုလိုခဲ့ျခင္း ျဖစ္ပါတယ္။

အာဆင္နယ္ နည္းျပသစ္ အာတီတာက အသင္းသားေတြကို ရဲရဲရင့္ရင့္ တာ၀န္ယူမႈ အျပည့္ ရွိဖို႔ တစ္ေယာက္အတြက္ တစ္ေယာက္ အလုပ္ၾကိဳးစားၾကဖို႔ တိုက္တြန္းစကား ဆိုထားေၾကာင္း ခ်မ္ဘာစ္က ဖြင့္ဟခဲ့ပါတယ္။ အဲဗာတန္နဲ႕ပြဲမွာ ခ်န္ဘာက အာဆင္နယ္ အတြက္ ပြဲ ၁၀၀ ျပည့္ ကစားသြားခဲ့ပါတယ္။

ဟယ္သာ ဘာလင္အသင္းဟာ ေဆာင္းရာသီ အေျပာင္းအေရႊ႕ကာလမွာ အာဆင္နယ္ ကြင္းလယ္ကစားသမား ဇာခါကို ေခၚယူဖို႕ ကစားသမားနဲ႕ ေဆြးေႏြးမႈေတြ စတင္ထားတယ္လို႔ သိရပါတယ္။

Unicode – အာတီတာဟာ မန်စီးတီးအသင်းမှာ ပက် ဂွာဒီယိုလာ နည်းပြ အဖြစ်မှာ ထွက်ခွာသွားရင် ဆက်လက် ဆက်ခံဖို့ စိတ်အားထက်သန်ခဲ့သော်လည်း အာမခံချက် မရရှိတာကြောင့် အာဆင်နယ် နည်းပြ အဖြစ် ရွေးချယ်ခဲ့တယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။

အဲဗာတန်နဲ့ ပွဲစဉ်မှာ အိုဇေးလ် မပါဝင်ခဲ့တဲ့အပေါ် ယွန်းဘတ်က အိုဇေး ဒဏ်ရာ ရှိနေခဲ့တာမှန်ပေမယ့် အာဆင်နယ်အသင်းသား တစ်ယောက် အနေနဲ့ မပြုမူသင့်တာတွေ မန်စီးတီးနဲ့ပွဲက အိုဇေး ပြုမူခဲ့တာကြောင့် သူ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ မရွေးချယ်ခဲ့ခြင်း ဖြစ်တယ်လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ဟာ နာပိုလီ တိုက်စစ်မှူး ဒရိုင်းမာတင်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်လာနေပါတယ်။ ဘယ်လ်ဂျီယံသား ဟာ ရာသီကုန်ရင် နာပိုလီနဲ့ စာချုပ် ကုန်မှာ ဖြစ်ပြီး လတ်တလောမှာတော့ ယူရို ၁၀ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။

အာဆင်နယ် နည်းပြသစ် ဖြစ်လာတဲ့ အာတီတာဟာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ နာမည်ကျော် ကြယ်ပွင့်ကစားသမားတွေကို ရောင်းချဖို့ လိုအပ်ကောင်း လိုအပ်မှာ ဖြစ်ကြောင်း ဂန်းနားဟောင်း ချာလီနစ်ကိုးလပ်စ်က သုံးသပ်သွားပါတယ်။ ချာလီက အူဘာမီးယန်း၊ အိုဇေးနဲ့ ဇာခါတို့လို ကြယ်ပွင့် ကစားသမားတွေကို ဆိုလိုခဲ့ခြင်း ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြသစ် အာတီတာက အသင်းသားတွေကို ရဲရဲရင့်ရင့် တာဝန်ယူမှု အပြည့် ရှိဖို့ တစ်ယောက်အတွက် တစ်ယောက် အလုပ်ကြိုးစားကြဖို့ တိုက်တွန်းစကား ဆိုထားကြောင်း ချမ်ဘာစ်က ဖွင့်ဟခဲ့ပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ချန်ဘာက အာဆင်နယ် အတွက် ပွဲ ၁၀၀ ပြည့် ကစားသွားခဲ့ပါတယ်။

ဟယ်သာ ဘာလင်အသင်းဟာ ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ် ကွင်းလယ်ကစားသမား ဇာခါကို ခေါ်ယူဖို့ ကစားသမားနဲ့ ဆွေးနွေးမှုတွေ စတင်ထားတယ်လို့ သိရပါတယ်။