အာတီတာရဲ့ ပထမဆုံး ရောင်းထုတ်မှုနဲ့ ပထမဆုံး ခေါ်ယူမှုဖြစ်လာနိုင်တဲ့ ကစားသမားများ

အာဆင္နယ္မန္ေနဂ်ာသစ္ ျဖစ္လာခဲ့တဲ့ အာတီတာဟာ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ကစားသမား အနည္းငယ္ကို ေရာင္းထုတ္မႈနဲ႔ ေခၚယူမႈတို႔ကို ျပဳလုပ္ဖြယ္ရွိမယ္လို႔ ခန္႔မွန္းထားရတယ္။

ကလပ္အသင္း ကစားသမားေတြအေၾကာင္းကို သိဖို႔ရာ လက္က်န္ ရာသီဝက္ကို အခ်ိန္ယူျပီး အၾကီးစား ေျပာင္းလဲမႈေတြက ေႏြမွပဲ စတင္ဖြယ္ရွိတယ္။ ဒါေပမယ့္လို႔ ဒီဇင္ဘာမွာတင္ ကလပ္ကို အခက္အခဲေတြ ျဖစ္ေနေစတဲ့ ကစားသမား အခ်ိဳ႔ကိုလည္း ေရာင္းထုတ္သြားဖို႔ ရွိေနပါတယ္။

အာဆင္နယ္ရဲ႕ ေပၚလစီအရ ဘယ္ ကစားသမားကိုမွ စာခ်ဳပ္ တစ္ႏွစ္က်န္တဲ့အထိ ဆက္ထားကာ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ လက္လြတ္ရျခင္းကို ထပ္မံ ခြင့္ျပဳေတာ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အသင္းနဲ႔ စာခ်ဳပ္သစ္ကိစၥ အဆင္မေျပျဖစ္ေနတဲ့ အူဘာမီယန္၊ လာကာဇက္တီတို႔ဟာ အသင္းနဲ႔ အဆင္မေျပတဲ့ အိုေဇး၊ ရွာကာနည္းတူ အေရာင္းစာရင္းထဲ တင္ခံရဖို႔ စဥ္းစားခံရဖို႔ ရွိေနပါတယ္။

ကြင္းလယ္လူ ရမ္ေဆးကို လက္လြတ္ရတဲ့ေနာက္မွာ အာဆင္နယ္ဟာ စာခ်ဳပ္တစ္ႏွစ္ပဲက်န္တဲ့ ကစားသမားေတြကို စာခ်ဳပ္သစ္ေပးႏုိင္ဖို႔ ၾကိဳးစားဖို႔အစား ေရာင္းထုတ္ဖို႔ကိုပဲ ေရြးခ်ယ္ဖို႔ ဦးစားေပးေနပါျပီ။ တိုက္စစ္သမား ႏွစ္ဦးဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္ရွည္ေတြ ရွိေနေတာ့တာ မဟုတ္သလို ကစားသမားသစ္ေတြ ျပန္ေခၚဖို႔နဲ႔ လုပ္ခလစာပိုင္းအတြက္ အေရာင္စာရင္း တင္ခံလာရႏုိင္တာျဖစ္တယ္။

အာတီတာဟာ သူ႔ရဲ႕ ပထမဆံုး ေခၚယူမႈအျဖစ္ စီးရီးေအကလပ္ နာပိုလီအသင္းမွာ အဆင္မေျပျဖစ္ေနတဲ့ ဝါရင့္တိုက္စစ္သမား ဒရိုင္းမာတင္ကို ေခၚယူဖြယ္ရွိတယ္လို႔ သတင္းၾကီးေနပါတယ္။ ဘယ္ဂ်ီယံသားဟာ တုိက္စစ္ပိုင္း ေနရာစံု ကစားႏုိင္ေပမယ့္ လူငယ္ေတြကို အသားေပးဖို႔ ေရြးခ်ယ္လာတဲ့ အာဆင္နယ္မွာ ဘုတ္အဖြဲ႔ စိတ္တိုင္းက် ကစားသမားျဖစ္ဖုိ႔ကေတာ့ အလွမ္းေဝးမယ့္ ကစားသမားျဖစ္တယ္လို႔လည္း သိလာရပါတယ္။

UNICODE

အာဆင်နယ်မန်နေဂျာသစ် ဖြစ်လာခဲ့တဲ့ အာတီတာဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား အနည်းငယ်ကို ရောင်းထုတ်မှုနဲ့ ခေါ်ယူမှုတို့ကို ပြုလုပ်ဖွယ်ရှိမယ်လို့ ခန့်မှန်းထားရတယ်။

ကလပ်အသင်း ကစားသမားတွေအကြောင်းကို သိဖို့ရာ လက်ကျန် ရာသီဝက်ကို အချိန်ယူပြီး အကြီးစား ပြောင်းလဲမှုတွေက နွေမှပဲ စတင်ဖွယ်ရှိတယ်။ ဒါပေမယ့်လို့ ဒီဇင်ဘာမှာတင် ကလပ်ကို အခက်အခဲတွေ ဖြစ်နေစေတဲ့ ကစားသမား အချို့ကိုလည်း ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။

အာဆင်နယ်ရဲ့ ပေါ်လစီအရ ဘယ် ကစားသမားကိုမှ စာချုပ် တစ်နှစ်ကျန်တဲ့အထိ ဆက်ထားကာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရခြင်းကို ထပ်မံ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသင်းနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေဖြစ်နေတဲ့ အူဘာမီယန်၊ လာကာဇက်တီတို့ဟာ အသင်းနဲ့ အဆင်မပြေတဲ့ အိုဇေး၊ ရှာကာနည်းတူ အရောင်းစာရင်းထဲ တင်ခံရဖို့ စဉ်းစားခံရဖို့ ရှိနေပါတယ်။

ကွင်းလယ်လူ ရမ်ဆေးကို လက်လွတ်ရတဲ့နောက်မှာ အာဆင်နယ်ဟာ စာချုပ်တစ်နှစ်ပဲကျန်တဲ့ ကစားသမားတွေကို စာချုပ်သစ်ပေးနိုင်ဖို့ ကြိုးစားဖို့အစား ရောင်းထုတ်ဖို့ကိုပဲ ရွေးချယ်ဖို့ ဦးစားပေးနေပါပြီ။ တိုက်စစ်သမား နှစ်ဦးဟာ အာဆင်နယ်နဲ့ စာချုပ်ရှည်တွေ ရှိနေတော့တာ မဟုတ်သလို ကစားသမားသစ်တွေ ပြန်ခေါ်ဖို့နဲ့ လုပ်ခလစာပိုင်းအတွက် အရောင်စာရင်း တင်ခံလာရနိုင်တာဖြစ်တယ်။

အာတီတာဟာ သူ့ရဲ့ ပထမဆုံး ခေါ်ယူမှုအဖြစ် စီးရီးအေကလပ် နာပိုလီအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဝါရင့်တိုက်စစ်သမား ဒရိုင်းမာတင်ကို ခေါ်ယူဖွယ်ရှိတယ်လို့ သတင်းကြီးနေပါတယ်။ ဘယ်ဂျီယံသားဟာ တိုက်စစ်ပိုင်း နေရာစုံ ကစားနိုင်ပေမယ့် လူငယ်တွေကို အသားပေးဖို့ ရွေးချယ်လာတဲ့ အာဆင်နယ်မှာ ဘုတ်အဖွဲ့ စိတ်တိုင်းကျ ကစားသမားဖြစ်ဖို့ကတော့ အလှမ်းဝေးမယ့် ကစားသမားဖြစ်တယ်လို့လည်း သိလာရပါတယ်။