အဲရစ်ဆန်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ အလားအလာ

ယူနိုက်တက်နဲ့ စပါးကွင်းလယ်လူ အဲရစ်ဆန်တို့ရဲ့ အပြောင်းအရွှေ့ဟာ ဇန်နဝါရီမှာတော့ နောက်တစ်ကြိမ် ထပ်မံ ကြိုးစားမှုတွေ ဖြစ်လာနိုင်ပေမယ့် အောင်မြင်ဖို့ရာ မသေချာသေးဘူးလို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီ ဈေးကွက်ဖွင့်ချိန်မှာ အဲရစ်ဆန်ကို ပေါင် ၂၀ သန်းနဲ့ ကမ်းလှမ်းနိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး စပါးမှာ အခြေအနေ မတည်ငြိမ်ဖြစ်နေတဲ့ ဒိန်းမတ်လက်ရွေးစင်ကို ကမ်းလှမ်းမှုလုပ်ဖို့က စပါးအသင်းကိုယ်တိုင်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က ဦးစားပေးဖြစ်နေပါတယ်။

ဒီအပတ်မှာပဲ ဝါရင့်ခံစစ်သမား အန်ဒါဝီရယ်က စပါးနဲ့ လက်မှတ်ထိုးခဲ့ပြီး မော်ရင်ညို လက်အောက်မှာ ကစားလိုကြောင်းကို ပြသခဲ့တယ်။ စပါးအသင်း တရားဝင်ကစားသမားဖြစ်နေဆဲ အဲရစ်ဆန်ကလည်း တူညီတဲ့ လမ်းစဉ်ကို ရွေးချယ်မှုတွေ ရှိလာနိုင်ပါတယ်။ ရာသီကုန်မှာ စပါးနဲ့ စာချုပ်ကုန်မယ့် အဲရစ်ဆန်ကို အင်္ဂလန်ပြင်ပကလပ်တွေက ဇန်နဝါရီမှာ တရားဝင် ကမ်းလှမ်းမှု လုပ်ခွင့်ရမှာကလည်း ယူနိုက်တက်အတွက် သတင်းကောင်း မဟုတ်ပါဘူး။

စပါးနဲ့ ရီးရဲလ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်မှပဲ ယူနိုက်တက်က အဲရစ်ဆန်ကို ခေါ်ယူခွင့်ရမယ့် အနေအထားဖြစ်တယ်။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ရဲ့ စာချုပ်အနေအထားကြောင့် ဘော့စမန်စည်းမျဉ်းအရ ဂျူဗင်တပ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရာသီကုန်မှာ လက်မှတ်ထိုးဖို့ စိတ်ဝင်စားနေကြတာဖြစ်တယ်။

ယူနိုက်တက်ဘက်က ရီးရဲလ်၊ ဂျူဗင်တပ်တို့ရဲ့ အသာစီးရနေတဲ့ ညိနှိုင်းခွင့်ကို တုန့်ပြန်ဖို့ရာ ပေါင် ၂၀ သန်းနဲ့ ကမ်းလှမ်းမှုကို ဇန်နဝါရီမှာ စတင်မှာဖြစ်ပြီး စပါးနဲ့ အဲရစ်ဆန်တို့ကြား စာချုပ်ကိစ္စ ဘယ်လို ဆုံးဖြတ်မလဲဆိုတာကို ခပ်မြန်မြန်သိရဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္နဲ႔ စပါးကြင္းလယ္လူ အဲရစ္ဆန္တို႔ရဲ႕ အေျပာင္းအေရႊ႔ဟာ ဇန္နဝါရီမွာေတာ့ ေနာက္တစ္ၾကိမ္ ထပ္မံ ၾကိဳးစားမႈေတြ ျဖစ္လာႏုိုင္ေပမယ့္ ေအာင္ျမင္ဖို႔ရာ မေသခ်ာေသးဘူးလို႔ သိရပါတယ္။

ယူႏုိက္တက္ဟာ ဇန္နဝါရီ ေစ်းကြက္ဖြင့္ခ်ိန္မွာ အဲရစ္ဆန္ကို ေပါင္ ၂၀ သန္းနဲ႔ ကမ္းလွမ္းႏုိင္ဖို႔ ၾကိဳးစားမွာျဖစ္ျပီး စပါးမွာ အေျခအေန မတည္ျငိမ္ျဖစ္ေနတဲ့ ဒိန္းမတ္လက္ေရြးစင္ကို ကမ္းလွမ္းမႈလုပ္ဖို႔က စပါးအသင္းကိုယ္တုိင္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔က ဦးစားေပးျဖစ္ေနပါတယ္။

ဒီအပတ္မွာပဲ ဝါရင့္ခံစစ္သမား အန္ဒါဝီရယ္က စပါးနဲ႔ လက္မွတ္ထိုးခဲ့ျပီး ေမာ္ရင္ညိဳ လက္ေအာက္မွာ ကစားလိုေၾကာင္းကို ျပသခဲ့တယ္။ စပါးအသင္း တရားဝင္ကစားသမားျဖစ္ေနဆဲ အဲရစ္ဆန္ကလည္း တူညီတဲ့ လမ္းစဥ္ကို ေရြးခ်ယ္မႈေတြ ရွိလာႏုိင္ပါတယ္။ ရာသီကုန္မွာ စပါးနဲ႔ စာခ်ဳပ္ကုန္မယ့္ အဲရစ္ဆန္ကို အဂၤလန္ျပင္ပကလပ္ေတြက ဇန္နဝါရီမွာ တရားဝင္ ကမ္းလွမ္းမႈ လုပ္ခြင့္ရမွာကလည္း ယူႏုိက္တက္အတြက္ သတင္းေကာင္း မဟုတ္ပါဘူး။

စပါးနဲ႔ ရီးရဲလ္တို႔ရဲ႕ ကမ္းလွမ္းမႈေတြကို ျငင္းဆန္မွပဲ ယူႏုိက္တက္က အဲရစ္ဆန္ကို ေခၚယူခြင့္ရမယ့္ အေနအထားျဖစ္တယ္။ အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္ဖန္တီးရွင္ရဲ႕ စာခ်ဳပ္အေနအထားေၾကာင့္ ေဘာ့စမန္စည္းမ်ဥ္းအရ ဂ်ဴဗင္တပ္ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ျပီး အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ရာသီကုန္မွာ လက္မွတ္ထိုးဖို႔ စိတ္ဝင္စားေနၾကတာျဖစ္တယ္။

ယူႏုိက္တက္ဘက္က ရီးရဲလ္၊ ဂ်ဴဗင္တပ္တို႔ရဲ႕ အသာစီးရေနတဲ့ ညိႏိႈင္းခြင့္ကို တုန္႔ျပန္ဖို႔ရာ ေပါင္ ၂၀ သန္းနဲ႔ ကမ္းလွမ္းမႈကို ဇန္နဝါရီမွာ စတင္မွာျဖစ္ျပီး စပါးနဲ႔ အဲရစ္ဆန္တို႔ၾကား စာခ်ဳပ္ကိစၥ ဘယ္လို ဆံုးျဖတ္မလဲဆိုတာကို ခပ္ျမန္ျမန္သိရဖို႔လည္း လိုအပ္ေနတာျဖစ္ပါတယ္။