ဝက်ဖို့ဒ်နဲ့ ပွဲကြို နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ
မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားက ၄င်းနဲ့ ယူနိုက်တက် အသင်းသားတွေဟာ ခရစ္စမတ်၊ နယူးရီးယား ခက်ခဲတဲ့ ပွဲကြပ်ကာလမှာ ကောင်းမွန်တဲ့ ရလဒ်တွေ အရယူသွားဖို့ အသင့် ပြင်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ အိုလေ ဂန်းနား ဆိုးရှားက ၄င်းဟာ အသင်း ကစားသမားခေါ်ယူမှု အပြောင်းအရွှေ့ ကိစ္စတွေမှာ နောက်ဆုံး အတည်ပြု ဆုံးဖြတ်ခွင့် ရထားတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
Unicode – မန်ချက်စတာယူနိုက်တက်ဟာ ပေါင် ၇၅ သန်းတန် နာမည်ကျော် လူငယ်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ အတွက် အလုပ်လုပ်ရ ခက်တဲ့ အေး၈ျင့် ရွိုင်းအိုလာနဲ့ လက်တွဲ လုပ်ကိုင်သွားလိုကြောင်း ဆိုးရှားက ဆိုပါတယ်။
နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းများအရ ယူနိုက်တက်ဟာ ဘာစီလိုနာမှ ပြင်သစ် လူငယ် ဗဟို ခံစစ်မှူး Jean-Clair Todibo ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ပါဝင်လာတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားက ၎င်းနဲ့ ယူနိုက်တက် အသင်းသားတွေဟာ ခရစ္စမတ်၊ နယူးရီးယား ခက်ခဲတဲ့ ပွဲကြပ်ကာလမှာ ကောင်းမွန်တဲ့ ရလဒ်တွေ အရယူသွားဖို့ အသင့် ပြင်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ဝက်ဖို့ဒ်နဲ့ ပွဲစဉ်အတွက် ထွက်ခွာသွားတဲ့ ယူနိုက်တက် အသင်း လူစာရင်းထဲမှာ ကွင်းလယ်ကစားသမား ပေါ့ဘာလည်း လိုက်ပါ သွားပါတယ်။ ပြင်သစ်သားဟာ ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့လိုဟန် ရှိပေမယ့် ၎င်း အစီအစဉ်အတိုင်း ဖြစ်လာနိုင်ဖွယ် မရှိတော့ပါဘူး။
ရီးရဲလ် မက်ဒရစ်က ကွင်းလယ်မှာ ဗယ်ဗာဒီ တောက်ပလာတာကြောင့် ရာသီဝက် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ပေါ့ဘာကို အလောတကြီး ခေါ်ယူသွားမှာ မဟုတ်ကြောင်း အသိပေးထားပြီး ယူနိုက်တက်ဘက်ကလည်း ဇန်နဝါရီမှာ ပေါ့ဘာကို ရောင်းချမှာ မဟုတ်ကြောင်း ဆိုးရှားက ပြောဆိုထားပါတယ်။
ယူနိုက်တက် နည်းပြ အိုလေ ဂန်းနား ဆိုးရှားက ၎င်းဟာ အသင်း ကစားသမားခေါ်ယူမှု အပြောင်းအရွှေ့ ကိစ္စတွေမှာ နောက်ဆုံး အတည်ပြု ဆုံးဖြတ်ခွင့် ရထားတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ နာပိုလီ တိုက်စစ်မှူး ဒရိုင်းမာတင်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်လာနေပါတယ်။ ဘယ်လ်ဂျီယံသား ဟာ ရာသီကုန်ရင် နာပိုလီနဲ့ စာချုပ် ကုန်မှာ ဖြစ်ပြီး လတ်တလောမှာတော့ ယူရို ၁၀ သန်း ဝန်းကျင်နဲ့ ရရှိနိုင်ပါတယ်။