အပြောင်းအရွှေ့ ကိစ္စတွေကို စိတ်တိုင်းကျ လုပ်ဆောင်ခွင့်ရထားကြောင်း ထုတ်ပြောတဲ့ ဆိုးရှား

ယူနိုက်တက်အတွက် ကစားသမားသစ် ခေါ်ယူမှုဆိုင်ရာ ကိစ္စတွေမှာ အဓိက ဆုံးဖြတ်ပေးဖို့ တာဝန်ရှိသူက သူကိုယ်တိုင်ပဲ ဖြစ်ပါကြောင်း မန်နေဂျာဆိုးရှားက ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

နွေအပြောင်းအရွှေ့မှာ စိတ်တိုင်းကျ ကစားသမား သုံးဦးကို ခေါ်ယူခွင့်ရခဲ့တဲ့ ဆိုးရှားဟာ ဇန်နဝါရီမှာလည်း ကစားသမား ခေါ်ယူခွင့်တွေ ရဦးမယ်လို့ သတင်းထွက်နေတာပါ။ တိုက်စစ်သမားကို အဓိက ရှာဖွေနေတာဖြစ်ပြီး လိုက်ဇစ်မှ ဟာလန်၊ ဒေါ့မွန်မှ ဆန်ချိုလို ကစားသမားတွေနဲ့ သတင်းကြီးနေပါတယ်။

အတိတ်က အပြောင်းအရွှေ့တွေမှာ ယူနိုက်တက်အတွက် ကစားသမားခေါ်ယူခွင့်ကို အမှုဆောင်ချုပ် ဦးဆောင်တဲ့ ဒါရိုက်တာအဖွဲ့က ထိန်းချုပ်ခဲ့တာဖြစ်ပေမယ့် သူ့လက်ထက်မှာ ကစားသမားသစ် ခေါ်ယူမှုဆိုင်ရာအတွက် စိတ်တိုင်းကျ လုပ်ဆောင်ခွင့်ကို ရထားပါတယ်လို့ ဆိုးရှားက ဆိုပါတယ်။

ဆိုးရှားက ” အပြောင်းအရွှေ့ ခေါ်ယူမှုတွေမှာ နောက်ဆုံး ဆုံးဖြတ်ချက်အဖြစ် ကျနော်ပဲ လုပ်ရမှာဖြစ်တယ်။ အပြောင်းအရွှေ့တွေကို ကျနော်ကိုယ်တိုင် စိတ်တိုင်းကျလုပ်ဆောင်ခွင့် ရထားပါတယ်။ ကစားသမားသစ်တစ်ဦး အသင်းကို ရောက်လာခဲ့မယ်ဆိုရင် သူ့နဲ့ပက်သက်လို့ အခြားသော ကိစ္စတွေမှာ တာဝန်ရှိသူတွေ လုပ်ဆောင်ရမှုတွေက အရေးပါလာမှာဖြစ်ပေမယ့် ခေါ်ယူမလား မခေါ်ယူဘူးလားဆိုတာကို ကျနော်က အဆုံးအဖြတ်ပေးရပါမယ်။

အေးဂျင့်တွေနဲ့ စကားပြောပြီး ပြောင်းရွှေ့ကြေးဆိုင်ရာ ညိနှိုင်းတာတွေက ကျနော် အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ကစားသမားသစ် ခေါ်ဖို့ အသင်းသားတွေကို ထုတ်ရောင်းဖို့အတွက် ဆုံးဖြတ်ချက်ကတော့ ကျနော် လုပ်ရမှာ ဖြစ်ပါတယ် ” လို့ ရှင်းပြသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္အတြက္ ကစားသမားသစ္ ေခၚယူမႈဆိုင္ရာ ကိစၥေတြမွာ အဓိက ဆံုးျဖတ္ေပးဖို႔ တာဝန္ရွိသူက သူကိုယ္တိုင္ပဲ ျဖစ္ပါေၾကာင္း မန္ေနဂ်ာဆိုးရွားက ထုတ္ေဖာ္ဝန္ခံခဲ့ပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ စိတ္တုိင္းက် ကစားသမား သံုးဦးကို ေခၚယူခြင့္ရခဲ့တဲ့ ဆိုးရွားဟာ ဇန္နဝါရီမွာလည္း ကစားသမား ေခၚယူခြင့္ေတြ ရဦးမယ္လို႔ သတင္းထြက္ေနတာပါ။ တိုက္စစ္သမားကို အဓိက ရွာေဖြေနတာျဖစ္ျပီး လိုက္ဇစ္မွ ဟာလန္၊ ေဒါ့မြန္မွ ဆန္ခ်ိဳလို ကစားသမားေတြနဲ႔ သတင္းၾကီးေနပါတယ္။

အတိတ္က အေျပာင္းအေရႊ႔ေတြမွာ ယူႏုိက္တက္အတြက္ ကစားသမားေခၚယူခြင့္ကို အမႈေဆာင္ခ်ဳပ္ ဦးေဆာင္တဲ့ ဒါရိုက္တာအဖြဲ႔က ထိန္းခ်ဳပ္ခဲ့တာျဖစ္ေပမယ့္ သူ႔လက္ထက္မွာ ကစားသမားသစ္ ေခၚယူမႈဆိုင္ရာအတြက္ စိတ္တိုင္းက် လုပ္ေဆာင္ခြင့္ကို ရထားပါတယ္လို႔ ဆိုးရွားက ဆိုပါတယ္။

ဆိုးရွားက ” အေျပာင္းအေရႊ႔ ေခၚယူမႈေတြမွာ ေနာက္ဆံုး ဆံုးျဖတ္ခ်က္အျဖစ္ က်ေနာ္ပဲ လုပ္ရမွာျဖစ္တယ္။ အေျပာင္းအေရႊ႔ေတြကို က်ေနာ္ကိုယ္တိုင္ စိတ္တိုင္းက်လုပ္ေဆာင္ခြင့္ ရထားပါတယ္။ ကစားသမားသစ္တစ္ဦး အသင္းကို ေရာက္လာခဲ့မယ္ဆိုရင္ သူ႔နဲ႔ပက္သက္လို႔ အျခားေသာ ကိစၥေတြမွာ တာဝန္ရွိသူေတြ လုပ္ေဆာင္ရမႈေတြက အေရးပါလာမွာျဖစ္ေပမယ့္ ေခၚယူမလား မေခၚယူဘူးလားဆိုတာကို က်ေနာ္က အဆံုးအျဖတ္ေပးရပါမယ္။

ေအးဂ်င့္ေတြနဲ႔ စကားေျပာျပီး ေျပာင္းေရႊ႔ေၾကးဆုိင္ရာ ညိႏိႈင္းတာေတြက က်ေနာ္ အလုပ္ မဟုတ္ပါဘူး။ ဒါေပမယ့္ ကစားသမားသစ္ ေခၚဖို႔ အသင္းသားေတြကို ထုတ္ေရာင္းဖို႔အတြက္ ဆံုးျဖတ္ခ်က္ကေတာ့ က်ေနာ္ လုပ္ရမွာ ျဖစ္ပါတယ္ ” လို႔ ရွင္းျပသြားခဲ့တာျဖစ္ပါတယ္။