ဆောင်းပါး – ခေါင်းခဲစရာ ပြဿနာကြီး ၅ ရပ်နဲ့ အာတီတာ စလှမ်းရမယ့် ပထမဆုံး ခြေလှမ်းများ

အမ်မရီရဲ့ အမ်းမရိတ်စ် နည်းပြဘဝဟာ ၁၈လထဲနဲ့ အဆုံးသတ်ခဲ့ပါပြီ။ ကလပ်မှာ ၂၂နှစ်တာ ရှိနေခဲ့တဲ့ အာဆင်ဝင်းဂါး နေရာ အစားထိုးလာတဲ့ သူ့ကို အာဆင်နယ် အတွက် အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် စပိန်သားဟာ လန်ဒန်မှာ မအောင်မြင်ခဲ့ပဲ ထုတ်ပယ်ခံခဲ့ရကာ သူ့နေရာ အစားဝင်လာမယ့်သူအတွက် ကြီးမားတဲ့ တာဝန်တွေ ချန်ထားခဲ့ပါတယ်။

နောက်ထပ် အမြဲတမ်း မန်နေဂျာဖြစ်လာတဲ့ အာတီတာဟာ ဂန်းနားတွေရဲ့ ပြဿနာများစွာကို ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပြီး ပထမဆုံး သူဖြေရှင်းရမယ့် အဓိကပြဿနာ ၅ ရပ်ကို ဖော်ပြပေးပါမယ်။

ခံစစ်ပြဿနာများ

နှစ်များစွာကြာ ဂန်းနားခံစစ်ဟာ ကလပ်ရဲ့ အောင်မြင်မှုမှာ ဝိသေသလက္ခဏာတစ်ခု ဖြစ်ခဲ့ပေမယ့် လက်တလောမှာ ပြိုင်ဘက်တိုက်စစ်သမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အရမ်းအားနည်းပြီး နောက်တန်းလေးယောက်မှာ ဗျူဟာမြောက်မှုနဲ့ ခေါင်းဆောင်မှု အရည်အသွေး ကင်းမဲ့နေခဲ့တာပါ။ နည်းပြသစ်အနေနဲ့ သူ့ရဲ့ပထမဦးစားပေးခံစစ်ကို ရှာဖွေပြီး သူတို့ကို ပုံသွင်းပေးဖို့လိုပါတယ်။

အောင်မြင်မှုနဲ့ အတွေ့အကြုံတွေရှိတဲ့ လူးဝစ်နဲ့ ဆိုကရေးတစ်တို့အပြင် ရော့ဘ်ဟိုးဒင်း တို့လို လူငယ်ကြယ်ပွင့် အချို့ကို သွေးသစ်လောင်းဖို့ အချိန် ဖြစ်နိုင်ပါတယ်။ လက်တလောမှာ ပြိုင်ဘက်တွေအတွက်က အာဆင်နယ်နဲ့ ရင်ဆိုင်ပြီး ခံစစ်ကို ဖြိုခွဲဖို့ဟာ သိပ်ခက်ခဲတဲ့ကိစ္စ မဟုတ်ဘူးဖြစ်နေတာပါ။

အသင်းခေါင်းဆောင်

အမ်မရီရဲ့ အသင်းခေါင်းဆောင်တွေက အလုပ်မဖြစ်ခဲ့ပါဘူး။ အာဆင်နယ်သမိုင်းမှာ ပက်ထရစ် ဗီရာ၊ တိုနီအဒမ်၊ ဂျိုးမာစာတို့လို ကြီးကျယ်တဲ့ အသင်းခေါင်းဆောင်တွေ ရှိခဲ့တာပါ။ နည်းပြသစ်က ဘယ်သူက ခေါင်းဆောင်ဆိုတာ ဆုံးဖြတ်ချက်ချပြီး ရွေးချယ်ဖို့လိုပါတယ်။ ရှာခါရဲ့ အခွင့်အရေးတွေကတော့ ပြီးသွားပါပြီ။ အူဘာမီးယန်းနဲ့ ဒေးဗစ်လူးဝစ်တို့က ပိုပြီးအတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေပါ။ အသင်းခေါင်းဆောင် ခန့်အပ်မှုက အရေးပါပြီး ချက်ချင်း ကိုင်တွယ်ဖို့လိုပါတယ်။

အိုဇေးရဲ့ပြဿနာ

အိုဇေးကတော့ အမ်မရီရဲ့နှစ်သက်မှုကို မရခဲ့ပါဘူး။ စပိန်နည်းပြအနေနဲ့ ကလပ်ရဲ့ လစာအမြင့်ဆုံးကစားသမားနဲ့ လက်တွဲလုပ်ဖို့ကို စိတ်မဝင်စားခဲ့ပဲ အဆင်မပြေမှုတွေ ဖြစ်ခဲ့ပါတယ်။ အဆုံးသတ်မှာ နည်းပြရဲ့ ၁၉လတာ ကာလက ပြီးဆုံးသွားပြီဖြစ်သလို အိုဇေးက အသင်းမှာ ဆက်ရှိနေခဲ့ပါတယ်။ အာတီတာက သူ့ရဲ့အစီအစဉ်တွေမှာ အိုဇေးကို ထည့်ဖို့ မစဉ်းစားဘူးဆိုရင် သူ့ကိုဘယ်လိုမြင်လဲဆိုတာ အများကြီးပြောစရာရှိပါလိမ့်မယ်။

အိုဇေးမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲနဲ့ ၂၀၂၁ မတိုင်ခင်အထိ စာချုပ်ရှိပါတယ်။ သူလုပ်ပေးနိုင်တာအတွက် သူ့ကိုပေးရတာက များလွန်းတယ်လို့ ဘုတ်အဖွဲ့က ယူဆရင် သူ့ကို ထွက်သွားစေချင်မှာပါ။ ဒါမှမဟုတ် အခုချိန်က သူ့အတွက် တစ်ခုခု လုပ်ပြဖို့ အချိန်ကောင်း ဖြစ်နိုင်ပါတယ်။

ရှာခါရဲ့အခြေအနေ

ပြန်လည်ပွဲထွက်ပေးလာနေတဲ့ ရှာခါနဲ့ သူ့ရဲ့စွမ်းဆောင်မှုတွေအတွက် အားပေးမှုအချို့ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသမားတစ်ယောက် အနေနဲ့ သူဘာတွေမှားမှား သူမရှိခဲ့တဲ့အချိန်မှာ အသင်းက ပိုဆိုးနေခဲ့ပါတယ်။ သူ့ကို အသင်းဖော်တွေက နှစ်သက်ပြီး ပဲလေ့စ်နဲ့ပွဲက ပရိသတ်တွေနဲ့ ပြဿနာဖြစ်အပြီးမှာ အမ်မရီရဲ့ ချန်လှပ်ထားခံခဲ့ရပါတယ်။

ပီပီကို အခွင့်အရေး ပေးပါ

အမ်မရီရဲ့နောက်ဆုံးပွဲမှာ ပီပီက အရန်ခုံမှာပဲ ရှိနေခဲ့ပါတယ်။ ဒဏ်ရာတွေကြောင့် အမ်မရီမှာ အရန်ကစားသမား မရှိတာဖြစ်ပေမယ့် ဘာကြောင့်သူ့ကို ပွဲမထုတ်ခဲ့လဲဆိုတာ မေးရမှာပါ။ ပေါင် ၇၂ သန်းတန် ကစားသမားဟာ နွေရာသီမှာ အသင်းကို ရောက်ရှိလာပြီးနောက်ပိုင်း သူ့ကိုဂရုတစိုက် ကိုင်တွယ်ခဲ့ရပြီး အမ်မရီ လက်အောက်မှာ သူက ၉၄၄ မိနစ် ကစားကာ ၃ ဂိုးသာ ရရှိခဲ့ပါတယ်။ သူ့ကို အဓိကကစားသမား အဖြစ် ခေါ်ယူခဲ့တာဖြစ်ပေမယ့် အခုချိန်မှာ သူ့ကိုယုံကြည်မှုပေးပြီး အစကနေပြန်စဖို့ လိုအပ်နေပါပြီ။

ZAWGYI

အမ္မရီရဲ႕ အမ္းမရိတ္စ္ နည္းျပဘဝဟာ ၁၈လထဲနဲ႔ အဆုံးသတ္ခဲ့ပါၿပီ။ ကလပ္မွာ ၂၂ႏွစ္တာ ရွိေနခဲ့တဲ့ အာဆင္ဝင္းဂါး ေနရာ အစားထိုးလာတဲ့ သူ႔ကို အာဆင္နယ္ အတြက္ ေအာင္ျမင္မႈေတြ ရယူေပးႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ၾကတာပါ။ ဒါေပမယ့္ စပိန္သားဟာ လန္ဒန္မွာ မေအာင္ျမင္ခဲ့ပဲ ထုတ္ပယ္ခံခဲ့ရကာ သူ႔ေနရာ အစားဝင္လာမယ့္သူအတြက္ ႀကီးမားတဲ့ တာဝန္ေတြ ခ်န္ထားခဲ့ပါတယ္။

ေနာက္ထပ္ အျမဲတမ္း မန္ေနဂ်ာျဖစ္လာတဲ့ အာတီတာဟာ ဂန္းနားေတြရဲ႕ ျပႆနာမ်ားစြာကို ရင္ဆုိင္ေျဖရွင္းရမွာျဖစ္ၿပီး ပထမဆုံး သူေျဖရွင္းရမယ့္ အဓိကျပႆနာ ၅ ရပ္ကို ေဖာ္ျပေပးပါမယ္။

ခံစစ္ျပႆနာမ်ား

ႏွစ္မ်ားစြာၾကာ ဂန္းနားခံစစ္ဟာ ကလပ္ရဲ႕ ေအာင္ျမင္မႈမွာ ဝိေသသလကၡဏာတစ္ခု ျဖစ္ခဲ့ေပမယ့္ လက္တေလာမွာ ျပိဳင္ဘက္တိုက္စစ္သမားေတြနဲ႔ ရင္ဆိုင္ရတဲ့အခါ အရမ္းအားနည္းၿပီး ေနာက္တန္းေလးေယာက္မွာ ဗ်ဴဟာ​ေျမာက္မႈနဲ႔ ေခါင္းေဆာင္မႈ အရည္အေသြး ကင္းမဲ့ေနခဲ့တာပါ။ နည္းျပသစ္အေနနဲ႔ သူ႔ရဲ႕ပထမဦးစားေပးခံစစ္ကို ရွာေဖြၿပီး သူတို႔ကို ပုံသြင္းေပးဖို႔လိုပါတယ္။

ေအာင္ျမင္မႈနဲ႔ အေတြ႕အႀကဳံေတြရွိတဲ့ လူးဝစ္နဲ႔ ဆိုကေရးတစ္တို႔အျပင္ ေရာ့ဘ္ဟိုးဒင္း တို႔လို လူငယ္ၾကယ္ပြင့္ အခ်ိဳ႕ကို ေသြးသစ္ေလာင္းဖို႔ အခ်ိန္ ျဖစ္ႏိုင္ပါတယ္။ လက္တေလာမွာ ျပိဳင္ဘက္ေတြအတြက္က အာဆင္နယ္နဲ႔ ရင္ဆိုင္ျပီး ခံစစ္ကို ၿဖိဳခြဲဖို႔ဟာ သိပ္ခက္ခဲတဲ့ကိစၥ မဟုတ္ဘူးျဖစ္ေနတာပါ။

အသင္းေခါင္းေဆာင္

အမ္မရီရဲ႕ အသင္းေခါင္းေဆာင္ေတြက အလုပ္မျဖစ္ခဲ့ပါဘူး။ အာဆင္နယ္သမိုင္းမွာ ပက္ထရစ္ ဗီရာ၊ တိုနီအဒမ္၊ ဂ်ိဳးမာစာတို႔လို ႀကီးက်ယ္တဲ့ အသင္းေခါင္းေဆာင္ေတြ ရွိခဲ့တာပါ။ နည္းျပသစ္က ဘယ္သူက ေခါင္းေဆာင္ဆိုတာ ဆုံးျဖတ္ခ်က္ခ်ၿပီး ေ႐ြးခ်ယ္ဖို႔လိုပါတယ္။ ရွာခါရဲ႕ အခြင့္အေရးေတြကေတာ့ ၿပီးသြားပါၿပီ။ အူဘာမီးယန္းနဲ႔ ေဒးဗစ္လူးဝစ္တို႔က ပိုၿပီးအေတြ႕အႀကဳံရွိတဲ့ ေခါင္းေဆာင္ေတြပါ။ အသင္းေခါင္းေဆာင္ ခန္႔အပ္မႈက အေရးပါၿပီး ခ်က္ခ်င္း ကိုင္တြယ္ဖို႔လိုပါတယ္။

အိုေဇးရဲ႕ျပႆနာ

အိုေဇးကေတာ့ အမ္မရီရဲ႕ႏွစ္သက္မႈကို မရခဲ့ပါဘူး။ စပိန္နည္းျပအေနနဲ႔ ကလပ္ရဲ႕ လစာအျမင့္ဆုံးကစားသမားနဲ႔ လက္တြဲလုပ္ဖို႔ကို စိတ္မဝင္စားခဲ့ပဲ အဆင္မေျပမႈေတြ ျဖစ္ခဲ့ပါတယ္။ အဆုံးသတ္မွာ နည္းျပရဲ႕ ၁၉လတာ ကာလက ၿပီးဆုံးသြားၿပီျဖစ္သလို အိုေဇးက အသင္းမွာ ဆက္ရွိေနခဲ့ပါတယ္။ အာတီတာက သူ႔ရဲ႕အစီအစဥ္ေတြမွာ အိုေဇးကို ထည့္ဖို႔ မစဥ္းစားဘူးဆိုရင္ သူ႔ကိုဘယ္လိုျမင္လဲ​ဆိုတာ အမ်ားႀကီးေျပာစရာရွိပါလိမ့္မယ္။

အိုေဇးမွာ တစ္ပတ္လုပ္ခ ေပါင္ ၃ သိန္းခြဲနဲ႔ ၂၀၂၁ မတိုင္ခင္အထိ စာခ်ဳပ္ရွိပါတယ္။ သူလုပ္ေပးႏိုင္တာအတြက္ သူ႔ကိုေပးရတာက မ်ားလြန္းတယ္လို႔ ဘုတ္အဖြဲ႕က ယူဆရင္ သူ႔ကို ထြက္သြားေစခ်င္မွာပါ။ ဒါမွမဟုတ္ အခုခ်ိန္က သူ႔အတြက္ တစ္ခုခု လုပ္ျပဖို႔ အခ်ိန္ေကာင္း ျဖစ္ႏိုင္ပါတယ္။

ရွာခါရဲ႕အေျခအေန

ျပန္လည္ပြဲထြက္ေပးလာေနတဲ့ ရွာခါနဲ႔ သူ႔ရဲ႕စြမ္းေဆာင္မႈေတြအတြက္ အားေပးမႈအခ်ိဳ႕ရွိခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကစားသမားတစ္ေယာက္ အေနနဲ႔ သူဘာေတြမွားမွား သူမရွိခဲ့တဲ့အခ်ိန္မွာ အသင္းက ပိုဆိုးေနခဲ့ပါတယ္။ သူ႔ကို အသင္းေဖာ္ေတြက ႏွစ္သက္ၿပီး ပဲေလ့စ္နဲ႔ပြဲက ပရိသတ္ေတြနဲ႔ ျပႆနာျဖစ္အၿပီးမွာ အမ္မရီရဲ႕ ခ်န္လွပ္ထားခံခဲ့ရပါတယ္။

ပီပီကို အခြင့္အေရး ေပးပါ

အမ္မရီရဲ႕ေနာက္ဆုံးပြဲမွာ ပီပီက အရန္ခုံမွာပဲ ရွိေနခဲ့ပါတယ္။ ဒဏ္ရာေတြေၾကာင့္ အမ္မရီမွာ အရန္ကစားသမား မရွိတာျဖစ္ေပမယ့္ ဘာေၾကာင့္သူ႔ကို ပြဲမထုတ္ခဲ့လဲဆိုတာ ေမးရမွာပါ။ ေပါင္ ၇၂ သန္းတန္ ကစားသမားဟာ ေႏြရာသီမွာ အသင္းကို ေရာ​က္ရွိလာၿပီးေနာက္ပိုင္း သူ႔ကိုဂ႐ုတစိုက္ ကိုင္တြယ္ခဲ့ရၿပီး အမ္မရီ လက္ေအာက္မွာ သူက ၉၄၄ မိနစ္ ကစားကာ ၃ ဂိုးသာ ရရွိခဲ့ပါတယ္။ သူ႔ကို အဓိကကစားသမား အျဖစ္ ေခၚယူခဲ့တာျဖစ္ေပမယ့္ အခုခ်ိန္မွာ သူ႔ကိုယုံၾကည္မႈေပးၿပီး အစကေနျပန္စဖို႔ လိုအပ္ေနပါၿပီ။