လီဗာပူးနဲ့ ချူအာမီနီကြား အပြောင်းအရွှေ့ကိစ္စမှာ အဟန့်အတားကြီးက တစ်ခုတည်း ရှိပါတယ်

လီဗာပူးအသင်းက ဒီနွေမှာ ကွင်းလယ်လူသစ် သေချာပေါက် အားဖြည့်မှာဖြစ်ပြီ ဖူလ်ဟမ် ကွင်းလယ်လူ ကာဗယ်ရိုက ဇူလိုင်လ ၁ ရက်နေ့မှာ လီဗာပူးကစားသမား ဖြစ်လာလိမ့်မယ်လို့ The Athletic မှ သတင်းထောက် James Pearce က ပြောပါတယ်။

လီဗာပူးနဲ့ ချူအာမီနီကြား အပြောင်းအရွှေ့ကိစ္စက တကယ်လား? ဆိုတဲ့ မေးခွန်းအတွက် မာဆေးဆိုဒ် သတင်းထောက် James Pearce က ဖြေရာမှာ ” ဟုတ်ပါတယ်။ လီဗာပူးက သူ့ကို သိပ်ကို သဘောကျပါတယ်။ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတယ် ” လို့ဖြစ်ပါတယ်။

ဘာက အကန့်အသတ် ရှိနေစေတာလည်း အတွက်တော့ ” သူ့အတွက် ပြောင်းရွှေ့ကြေး မြင့်မားလွန်းတာ တစ်ခုတည်းကပဲ ပြဿနာပါ။ ရီးရဲလ်မက်ဒရစ်ကလည်း သူ့ကို စိတ်ဝင်စားနေတယ်။ ဒီအပြောင်းအရွှေ့ ဘာဆက်ဖြစ်မလဲက စိတ်ဝင်စားစရာပါ ” လို့ ဆက်ပြီး ရှင်းပြခဲ့တယ်။

ချူအာမီနီကိုတော့ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးကလည်း စိတ်ဝင်စားနေပြီး ရီးရဲလ်မက်ဒရစ်ဘက်က ၂၀၂၃ နွေမှာ ခေါ်ယူလိုကြောင်း သတင်းလွှင့်ထားတယ်။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူကို ဒီနွေမှာ ခေါ်ယူမယ်ဆိုရင် ယူရို သန်း ၈၀ ဝန်းကျင် ကျသင့်နိုင်တာ ဖြစ်ပါတယ်။

ဒီနွေ ဈေးကွက်ထဲမှာတော့ချူအာမီနီအပြင် ဘာစီလိုနာမှ ဒီဂျောင်းကိုလည်း ယူရို သန်း ၆၀ ဝန်းကျင်နဲ့ ခေါ်ယူလို့ရမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ထားတယ်။ ကွင်းလယ်လူ သေချာပေါက် အားဖြည့်ဖို့ ပြင်နေတဲ့ လီဗာပူးအသင်းက အသင်းနဲ့ အံဝင်ဖွယ်ရှိတဲ့ နယ်သာလန်သားကို စိတ်မဝင်စားဘူးလား? လို့ လီဗာပူးပရိသတ် တစ်ဦးက သတင်းထောက်ကို မေးမြန်းခဲ့ပါတယ်။

James Pearce က ” ဒီဂျောင်းကို စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတော့ မကြားထားပါဘူး။ ဒါပေမယ့်လို့ လီဗာပူးက ကွင်းလယ်ကို အားဖြည့်မယ်လို့တော့ ကျနော် မျှော်လင့်ထားပါတယ်။ ကာဗယ်ရိုက အသင်းနဲ့ ပူးပေါင်းတော့မှာပါ။ ဇူလိုင်လ ၁ ရက်နေ့မှာတော့ သူက လီဗာပူးအသင်း ကစားသမား ဖြစ်လာပါမယ်။

လီဗာပူးအသင်းက ချူအာမီနီကို စိတ်ဝင်စားနေတာ သေချာပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြး တစ်ခုတည်းကပဲ စိတ်ပူစရာပါ။ ရီးရဲလ်ကလည်း စိတ်ဝင်စားနေတာပေါ့။ လောလောဆယ်မှာ အပြောင်းအရွှေ့အတွက် စိတ်ပူစရာတွေက များပြားနေပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။