အာဆင်နယ်ရဲ့ ဝေဖန်ခံ အားနည်းချက်ကို ငြင်းဆိုပြီး ထောက်ပြမှုတစ်ခု လုပ်သွားတဲ့ အာဆင်ဝင်းဂါး

အာဆင်နယ်ရဲ့ ဂန္တဝင်မန်နေဂျာဟောင်းကြီး အာဆင်ဝင်းဂါးက ကလပ်အသင်းဟောင်းအနေနဲ့ အောင်မြင်မှုတွေ ရဖို့ရာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ကစားသမား ခေါ်ယူမှုတွေ လုပ်နိုင်ဖို့ လိုအပ်တယ်လို့ ထောက်ပြသွားပါတယ်။

အာဆင်နယ်ဟာ အာဆင်ဝင်းဂါး ခေတ်လွန်မှာ အမ်မရီကို ခေါ်ယူပြီး အပြောင်းအရွှေ့ သုံးခုစာ ဝင်ရောက်ခွင့် ပေးခဲ့ပေမယ့်လည်း အသင်းက နောက်ပြန်ဆုတ်လာတဲ့ အနေအထားကြောင့် စပိန်သား မန်နေဂျာကြီးကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ လက်ရှိမှာ ယွန်းဘတ်က ယာယီမန်နေဂျာအဖြစ် ကိုင်တွယ်နေပြီး အမြဲတမ်း မန်နေဂျာတစ်ဦးကို ခန့်အပ်ဖို့ ကြိုးစားနေတာဖြစ်တယ်။

အာဆင်ဝင်းဂါးက အသင်းဟောင်းဟာ အများသူငှာ ဝေဖန်ကြသလို ဘဏ္ဍာရေးအင်အား ချို့တဲ့နေတဲ့ အသင်း မဟုတ်ဘူးလို့ ဆိုတယ်။ သူကတော့ အာဆင်နယ်ဟာ မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့လိုပြီး အထူးသဖြင့် မြန်မြန်ဆန်ဆန်နဲ့ အကျိုးဖြစ်စေမယ့် ကစားသမားတွေကို ခေါ်ယူရပါမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

အာဆင်ဝင်းဂါးက “ ကျနော် အာဆင်နယ်ကနေ ထွက်ခွာခဲ့ချိန်မှာ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေက တောင့်တင်းတဲ့ အနေအထားမှာ ရှိနေခဲ့တာဖြစ်တယ်။ ဒီကာလတွေအတွင်း အသင်းက ကစားသမားတွေ အများကြီးကိုလည်း ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ခေါ်တဲ့ ကစားသမားတိုင်းက အလုပ်ဖြစ်တာ မဟုတ်ပါဘူး။ ဒီအတွက်လည်း အချိန်ကို မေးခွန်းထုတ်နေဖို့ မလိုပါဘူး။

ပြောင်းလဲမှုတွေက အကျိုးဖြစ်လာနိုင်သလို မြန်မြန်ဆန်ဆန် ဖြစ်လာဖို့လည်း လိုပါတယ်။ ဒီအတွက်လည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်နိုင်ဖို့လည်း လိုပါတယ်။ ဒါက ဘောလုံးမှာ အရေးကြီးတဲ့ သဘောတရားပါပဲ။ လီဗာပူးရဲ့ အောင်မြင်နေမှုကို စကားပြောတဲ့အခါ သူတို့မှာ ထိပ်တန်း မန်နေဂျာတစ်ဦး ရှိတာကို မြင်ရမယ်။ ဒါပေမယ့် ကုန်ခဲ့တဲ့ နှစ်တွေကို ပြန်ကြည့်မယ်ဆိုရင် လီဗာပူးက မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူခဲ့တာပါ ” လို့ ထောက်ပြခဲ့တာဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္ရဲ႕ ဂႏၱဝင္မန္ေနဂ်ာေဟာင္းၾကီး အာဆင္ဝင္းဂါးက ကလပ္အသင္းေဟာင္းအေနနဲ႔ ေအာင္ျမင္မႈေတြ ရဖို႔ရာ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြနဲ႔အတူ ကစားသမား ေခၚယူမႈေတြ လုပ္ႏုိင္ဖို႔ လိုအပ္တယ္လို႔ ေထာက္ျပသြားပါတယ္။

အာဆင္နယ္ဟာ အာဆင္ဝင္းဂါး ေခတ္လြန္မွာ အမ္မရီကို ေခၚယူျပီး အေျပာင္းအေရႊ႔ သံုးခုစာ ဝင္ေရာက္ခြင့္ ေပးခဲ့ေပမယ့္လည္း အသင္းက ေနာက္ျပန္ဆုတ္လာတဲ့ အေနအထားေၾကာင့္ စပိန္သား မန္ေနဂ်ာၾကီးကို ရာထူးကေန ထုတ္ပယ္ခဲ့ပါတယ္။ လက္ရွိမွာ ယြန္းဘတ္က ယာယီမန္ေနဂ်ာအျဖစ္ ကိုင္တြယ္ေနျပီး အျမဲတမ္း မန္ေနဂ်ာတစ္ဦးကို ခန္႔အပ္ဖို႔ ၾကိဳးစားေနတာျဖစ္တယ္။

အာဆင္ဝင္းဂါးက အသင္းေဟာင္းဟာ အမ်ားသူငွာ ေဝဖန္ၾကသလို ဘ႑ာေရးအင္အား ခ်ိဳ႕တဲ့ေနတဲ့ အသင္း မဟုတ္ဘူးလို႔ ဆိုတယ္။ သူကေတာ့ အာဆင္နယ္ဟာ မွန္ကန္တဲ့ ကစားသမားေတြကို ေခၚယူဖို႔လိုျပီး အထူးသျဖင့္ ျမန္ျမန္ဆန္ဆန္နဲ႔ အက်ိဳးျဖစ္ေစမယ့္ ကစားသမားေတြကို ေခၚယူရပါမယ္လို႔ တိုက္တြန္းခဲ့ပါတယ္။

အာဆင္ဝင္းဂါးက “ က်ေနာ္ အာဆင္နယ္ကေန ထြက္ခြာခဲ့ခ်ိန္မွာ အသင္းရဲ႕ ဘ႑ာေရးအေျခအေနက ေတာင့္တင္းတဲ့ အေနအထားမွာ ရွိေနခဲ့တာျဖစ္တယ္။ ဒီကာလေတြအတြင္း အသင္းက ကစားသမားေတြ အမ်ားၾကီးကိုလည္း ေခၚယူခဲ့ပါတယ္။ ဒါေပမယ့္ ေခၚတဲ့ ကစားသမားတိုင္းက အလုပ္ျဖစ္တာ မဟုတ္ပါဘူး။ ဒီအတြက္လည္း အခ်ိန္ကို ေမးခြန္းထုတ္ေနဖို႔ မလိုပါဘူး။

ေျပာင္းလဲမႈေတြက အက်ိဳးျဖစ္လာႏုိင္သလို ျမန္ျမန္ဆန္ဆန္ ျဖစ္လာဖို႔လည္း လိုပါတယ္။ ဒီအတြက္လည္း မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြ လုပ္ႏုိင္ဖို႔လည္း လိုပါတယ္။ ဒါက ေဘာလံုးမွာ အေရးၾကီးတဲ့ သေဘာတရားပါပဲ။ လီဗာပူးရဲ႕ ေအာင္ျမင္ေနမႈကို စကားေျပာတဲ့အခါ သူတို႔မွာ ထိပ္တန္း မန္ေနဂ်ာတစ္ဦး ရွိတာကို ျမင္ရမယ္။ ဒါေပမယ့္ ကုန္ခဲ့တဲ့ ႏွစ္ေတြကို ျပန္ၾကည့္မယ္ဆိုရင္ လီဗာပူးက မွန္ကန္တဲ့ ကစားသမားေတြကို ေခၚယူခဲ့တာပါ ” လို႔ ေထာက္ျပခဲ့တာျဖစ္ပါတယ္။