အာဆင်နယ် နည်းပြသစ် အာတီတာရဲ့ ဝမ်းမြောက်ဂုဏ်ယူတဲ့ နှုတ်ဆက်စကား

အာဆင္နယ္အသင္းဟာ အသင္းေခါင္းေဆာင္ေဟာင္း မန္စီးတီး လက္ေထာက္နည္းျပ မီေခးလ္ အာတီတာကို အာဆင္နယ္ နည္းျပသစ္ အျဖစ္ ခန္႔အပ္လိုက္ျပီ ျဖစ္ေၾကာင္း တရား၀င္ေၾကျငာသြားပါတယ္။ အာတီတာက အာဆင္နယ္အသင္းနဲ႕ အတူ လာမယ့္ တနဂၤေႏြေန႔က စလို႔ ပူးေပါငး္မွာ ျဖစ္ပါတယ္။

အာဆင္နယ္ အသင္းေခါင္းေဆာင္ေဟာင္း အာတီတာဟာ လန္ဒန္ကလပ္နဲ႕ အတူ ၂၀၁၁ ကေန ၂၀၁၆ အထိ ကစားသြားခဲ့သူ ျဖစ္ပါတယ္။ နည္းျပ အျဖစ္ အမ္းမရိတ္ ျပန္ေရာက္လာတဲ့ အာတီတာက အာဆင္နယ္နဲ႕ သံုးနွစ္ခြဲ စာခ်ဳပ္ ခ်ဳပ္ဆုိခဲ့တာပါ။

” ဒါက တကယ့္ ဂုဏ္အသေရၾကီးပါပဲ။ အာဆင္နယ္က ကမၻာ့ အခမ္းနားဆံုး ကလပ္ေတြထဲက တစ္သင္း ျဖစ္တယ္။ က်ေနာ္တို႔က ထိပ္သီး ဆုဖလားေတြ အတြက္ ျပိဳင္ဆိုင္ေနတဲ့ အသင္း ျဖစ္ဖို႔ လိုတယ္။ ဒါကို စတန္၊ ခရြန္ကီနဲ႕ ကလပ္အသင္းက စီနီယာအမႈေဆာင္ေတြနဲ႕ ေဆြးေႏြးတုန္းက ေသခ်ာရွင္းလင္းစြာ အသိေပးခဲ့တယ္။

ဒါမ်ိဳး ျပိဳင္ဆိုင္နုိင္ဖို႔ လုပ္ေဆာင္ရမွာေတြ ျပီးေျမာက္ရမွာေတြ အမ်ားၾကီး ရွိတယ္ဆိုတာ က်ေနာ္တို႔ သိတယ္ ဒါကို လုပ္နုိင္မယ္လို႔လည္း က်ေန္ာ္ ယံုၾကည္မႈ ရွိတယ္။ လက္ရွိ လူစာရင္းမွာ အရည္အခ်င္းရွိ ကစားသမားေတြ အမ်ားၾကီး ရွိသည့္တိုင္ က်ေန္ာတို႔ျဖစ္ခ်င္တာေတြ ေန႔ခ်င္း ညခ်င္း ျဖစ္လာမွာ မဟုတ္ဘူးဆိုတာ က်ေန္ာ သိပါတယ္။”

” က်ေနာ္ လက္ေတြ႕ အမွန္တရားကိုလည္း ေကာင္းစြာ သိတယ္။ ဒီကာလက အသင္း အကယ္ဒမီက လူငယ္ကစားသမားေတြ အတြက္ ေကာင္းမြန္တဲ့ ေပါင္းကူးတံတားလည္း ျဖစ္လာပါလိမ့္မယ္။ ” လို႔ အာတီတာက နႈတ္ဆက္ စကား ေျပာၾကားခဲ့ပါတယ္။

အာတီတာက သူ႔ရဲ႕ နည္းျပ အဖြဲ႕၀င္ထဲ ဘယ္သူေတြ ပါ၀င္မယ္ဆိုတာ အျမန္ဆံုး ေၾကျငာသြားဖို႔လည္း ရွိပါတယ္။ ဒီတပတ္ အဲဗာတန္နဲ႕ ပြဲမွာေတာ့ အာတီတာက အာဆင္နယ္ နည္းျပ အျဖစ္ ပါ၀င္မွာ မဟုတ္ဘဲ ပြဲၾကည့္စင္မွာပဲ ရွိေနမယ္လို႔ သိရပါတယ္။

Unicode – အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင်ဟောင်း မန်စီးတီး လက်ထောက်နည်းပြ မီခေးလ် အာတီတာကို အာဆင်နယ် နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင်ကြေငြာသွားပါတယ်။ အာတီတာက အာဆင်နယ်အသင်းနဲ့ အတူ လာမယ့် တနင်္ဂနွေနေ့က စလို့ ပူးပေါင်းမှာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း အာတီတာဟာ လန်ဒန်ကလပ်နဲ့ အတူ ၂၀၁၁ ကနေ ၂၀၁၆ အထိ ကစားသွားခဲ့သူ ဖြစ်ပါတယ်။ နည်းပြ အဖြစ် အမ်းမရိတ် ပြန်ရောက်လာတဲ့ အာတီတာက အာဆင်နယ်နဲ့ သုံးနှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာပါ။

” ဒါက တကယ့် ဂုဏ်အသရေကြီးပါပဲ။ အာဆင်နယ်က ကမ္ဘာ့ အခမ်းနားဆုံး ကလပ်တွေထဲက တစ်သင်း ဖြစ်တယ်။ ကျနော်တို့က ထိပ်သီး ဆုဖလားတွေ အတွက် ပြိုင်ဆိုင်နေတဲ့ အသင်း ဖြစ်ဖို့ လိုတယ်။ ဒါကို စတန်၊ ခရွန်ကီနဲ့ ကလပ်အသင်းက စီနီယာအမှုဆောင်တွေနဲ့ ဆွေးနွေးတုန်းက သေချာရှင်းလင်းစွာ အသိပေးခဲ့တယ်။

ဒါမျိုး ပြိုင်ဆိုင်နိုင်ဖို့ လုပ်ဆောင်ရမှာတွေ ပြီးမြောက်ရမှာတွေ အများကြီး ရှိတယ်ဆိုတာ ကျနော်တို့ သိတယ် ဒါကို လုပ်နိုင်မယ်လို့လည်း ကျနေ်ာ် ယုံကြည်မှု ရှိတယ်။ လက်ရှိ လူစာရင်းမှာ အရည်အချင်းရှိ ကစားသမားတွေ အများကြီး ရှိသည့်တိုင် ကျနေ်ာတို့ဖြစ်ချင်တာတွေ နေ့ချင်း ညချင်း ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ကျနေ်ာ သိပါတယ်။”

” ကျနော် လက်တွေ့ အမှန်တရားကိုလည်း ကောင်းစွာ သိတယ်။ ဒီကာလက အသင်း အကယ်ဒမီက လူငယ်ကစားသမားတွေ အတွက် ကောင်းမွန်တဲ့ ပေါင်းကူးတံတားလည်း ဖြစ်လာပါလိမ့်မယ်။ ” လို့ အာတီတာက နှုတ်ဆက် စကား ပြောကြားခဲ့ပါတယ်။

အာတီတာက သူ့ရဲ့ နည်းပြ အဖွဲ့ဝင်ထဲ ဘယ်သူတွေ ပါဝင်မယ်ဆိုတာ အမြန်ဆုံး ကြေငြာသွားဖို့လည်း ရှိပါတယ်။ ဒီတပတ် အဲဗာတန်နဲ့ ပွဲမှာတော့ အာတီတာက အာဆင်နယ် နည်းပြ အဖြစ် ပါဝင်မှာ မဟုတ်ဘဲ ပွဲကြည့်စင်မှာပဲ ရှိနေမယ်လို့ သိရပါတယ်။