လေကြောင်းနဲ့ မန်ချက်စတာကို ဟာလန် လာနေကြောင်း သတင်းတွေကို တုန့်ပြန်လိုက်တဲ့ ဆိုးရှား

မကြာသေခင် အင်တာဗျူးတုန်းက ဟာလန်ကို နှစ်သက်တယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့ မန်နေဂျာ ဆိုးရှားဟာ ဟာလန် မန်ချက်စတာကို အပြောင်းအရွှေ့ကိစ္စ ညိနှိုင်းဖို့ ရောက်လာနေပြီဆိုတဲ့ သတင်းတွေကို အဖြေပေးဖို့ ငြင်းဆန်ပါတယ်။

ဆဲလ်ဘတ် တိုက်စစ်သမား နော်ဝေသား ဟာလန်းဟာ မန်ချက်စတာသို့ သောကြာနေ့ မနက်ကပဲ လေယာဉ်နဲ့ ဒီနေ့ထွက်ခွာသွားတယ်ဆိုတဲ့ သတင်းတွေကို နော်ဝေသတင်းစာတွေက ဖော်ထုတ်မှုအရ သိရပါတယ်။ လေယာဉ်ခရီးက နော်ဝေကနေ မန်ချက်စတာကို လာနေတာလို့ ဖော်ပြမှုတွေရှိနေပြီး သတင်းသမားတွေကတော့ လေဆိပ်မှာ စောင့်ဆိုင်းမှုတွေတောင် ရှိနေပါတယ်။

ယူနိုက်တက်မန်နေဂျာ ဆိုးရှားက ” သူက ဒီကိုလာတဲ့ လမ်းကြောင်းမှာ ရှိနေမယ်လို့ မထင်ဘူးဗျ။ ပြောရရင် သူက ကျနော်တို့ဆီကို လာနေတယ်လို့ မထင်ပါဘူး။ အခြားအသင်းက ကစားသမားအကြောင်း မပြောလိုပါဘူး။ ဒီအကြောင်းကိုလည်း မကြာခဏ ဖြေပေးနေတာပါ။ ဒီအလုပ်မှာက ဒီလိုမျိုး သတင်းတွေ ထွက်တာက အမြဲတမ်း ရှိပါတယ်။

ဟာလန်က မန်ချက်စတာကို လာနေတာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ကျနော် သူ့ကိုသိတယ်။ သူ့ရဲ့ သူငယ်ချင်းတွေကနေ သူ့အကြောင်းတွေ အားလုံးကို သိထားလို့ပါ။ အခုက ခရစ္စမတ် အားလပ်ရက်ဖြစ်ပါတယ်။ ကျနော်တို့မှာတော့ အားလပ်ရက် မဟုတ်ဘူးပေါ့လေ။

စတာဗန်ဂျာကနေ နေရာတိုင်းကို လေယာဉ်ခရီး မရှိပါဘူး။ ဒါကြောင့် အဲ့ကနေ တစ်နေရာ တစ်နေရာကို လေယာဉ်ခရီး စီးရပါတယ် ” လို့ ဆိုးရှားက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မၾကာေသခင္ အင္တာဗ်ဴးတုန္းက ဟာလန္ကို ႏွစ္သက္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားတဲ့ မန္ေနဂ်ာ ဆိုးရွားဟာ ဟာလန္ မန္ခ်က္စတာကို အေျပာင္းအေရႊ႔ကိစၥ ညိႏိႈင္းဖို႔ ေရာက္လာေနျပီဆိုတဲ့ သတင္းေတြကို အေျဖေပးဖို႔ ျငင္းဆန္ပါတယ္။

ဆဲလ္ဘတ္ တိုက္စစ္သမား ေနာ္ေ၀သား ဟာလန္းဟာ မန္ခ်က္စတာသို႔ ေသာၾကာေန႔ မနက္ကပဲ ေလယာဥ္နဲ႕ ဒီေန႔ထြက္ခြာသြားတယ္ဆိုတဲ့ သတင္းေတြကို ေနာ္ေဝသတင္းစာေတြက ေဖာ္ထုတ္မႈအရ သိရပါတယ္။ ေလယာဥ္ခရီးက ေနာ္ေဝကေန မန္ခ်က္စတာကို လာေနတာလို႔ ေဖာ္ျပမႈေတြရွိေနျပီး သတင္းသမားေတြကေတာ့ ေလဆိပ္မွာ ေစာင့္ဆိုင္းမႈေတြေတာင္ ရွိေနပါတယ္။

ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက ” သူက ဒီကိုလာတဲ့ လမ္းေၾကာင္းမွာ ရွိေနမယ္လို႔ မထင္ဘူးဗ်။ ေျပာရရင္ သူက က်ေနာ္တို႔ဆီကို လာေနတယ္လို႔ မထင္ပါဘူး။ အျခားအသင္းက ကစားသမားအေၾကာင္း မေျပာလိုပါဘူး။ ဒီအေၾကာင္းကိုလည္း မၾကာခဏ ေျဖေပးေနတာပါ။ ဒီအလုပ္မွာက ဒီလိုမ်ိဳး သတင္းေတြ ထြက္တာက အျမဲတမ္း ရွိပါတယ္။

ဟာလန္က မန္ခ်က္စတာကို လာေနတာ မဟုတ္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္ သူ႔ကိုသိတယ္။ သူ႔ရဲ႕ သူငယ္ခ်င္းေတြကေန သူ႔အေၾကာင္းေတြ အားလံုးကို သိထားလို႔ပါ။ အခုက ခရစၥမတ္ အားလပ္ရက္ျဖစ္ပါတယ္။ က်ေနာ္တုိ႔မွာေတာ့ အားလပ္ရက္ မဟုတ္ဘူးေပါ့ေလ။

စတာဗန္ဂ်ာကေန ေနရာတိုင္းကို ေလယာဥ္ခရီး မရွိပါဘူး။ ဒါေၾကာင့္ အဲ့ကေန တစ္ေနရာ တစ္ေနရာကို ေလယာဥ္ခရီး စီးရပါတယ္ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့တာျဖစ္ပါတယ္။