ဘာလို့များ ဒီလောက် ပေါက်ကွဲကစားနေသလဲ မေးခံရချိန်မှာ လေးစားချေဖို့လို့ တုန့်ပြန်တဲ့ ဒီယက်စ်

ယူအီးအက်ဖ်အေ ဝဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ ကစားပွဲတွေအတွင်း ယုံကြည်မှုရှိရှိ အားထုတ်းခြင်လို အကျင့်စရိုက်ကောင်းတွေကို ဘယ်ကနေ ရှာဖွေခဲ့သလဲလို့ ဒီယက်စ်ကို မေးခွန်းထုတ်ခဲ့တယ်။

ကိုလံဘီယာသား တိုက်စစ်သမားဟာ ကစားကွင်းထဲ မရပ်မနား ကြိုးစားနေလေ့ရှိသူဖြစ်ပြီး သူ့ရဲ့ တရစပ် ကစားအားကြောင့်ပဲ အသင်းအတွက် ပြင်းပြစွာ ကစားပေးသူတွေကို အချစ်ပိုလေ့ရှိတဲ့ လီဗာပူးပရိသတ်တွေထံက နှစ်သက်ခြင်းတွေလည်း ရရှိနေတာဖြစ်ပါတယ်။

ယုံကြည်မှုနဲ့ ပြင်းပြမှုတွေကို စတင် ရှာဖွေနိုင်ခဲ့တာက ဇာတိမြေမှာ ကစားစဉ်တည်းကလို့ ဒီယက်စ်က ဆိုပါတယ်။ တိုက်စစ်သမားက “ ကိုလံဘီယာက ဇာတိမြေမှာပေါ့။ ကျနော်ရဲ့ မြို့လေးမှာ အမြဲတမ်း ဘောလုံးကစားဖြစ်တယ်။ ကျနော်ရဲ့ မွေးရပ်မြေလေးပါ။

ယုံကြည်မှုရှိရှိ၊ ပြင်းပြင်းပြပြ ကစားတာက ကျနော်ရဲ့ အကျင့်စရိုက်တွေပါ။ ဇာတိမြေမှာတည်းက ဒီအရာတွေက ဒီကနေ့ ကျနော်ဖြစ်လာဖို့မှာ ပါဝင်လာခဲ့တာပါ။ အခုတော့ ကျနော် အများကြီး အရွယ်ရောက်လာခဲ့ပါပြီ။ ဒါတွေက ကျနော်ရဲ့ ကစားပွဲတွေမှာ ပါဝင်နေပါတယ်။

ပွဲတစ်ပွဲချင်းဟာ ကျနော်ထံကနေ အကောင်းဆုံးတွေ ပိုထွက်လာဖို့အတွက် လက်စားချေမှုပဲ ဖြစ်ပါတယ်။ ဒီလို ကစားနိုင်ဖို့ ဘယ်လောက်တောင် ကုန်ကျသလဲ ကျနော် သိပါတယ်။ ဒါကြောင့် ကစားရတဲ့ မိနစ်တိုင်း၊ အခိုက်အတန့်တိုင်းကို အခွင့်အရေး ယူနိုင်ဖို့ လိုပါတယ်။ ကျန်တာကတော့ ဘာတွေဖြစ်လာမယ် ဆိုတာအတွက် အရေးကြီးပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ဒီယက်စ်ဟာ ကလပ်နဲ့ လက်ရွေးစင် အသင်းအတွက် ၆၄ ပွဲတောင် ကစားပေးထားပြီး ကမ္ဘာပေါ်မှာ ပွဲအများဆုံး ကစားထားတဲ့ တိုက်စစ်သမားအဖြစ် မှတ်တမ်းဝင်ပါတယ်။ အခုဆိုရင် သူဟာ လီဗာပူးအသင်းနဲ့အတူ နောက်ထပ် ၆ ပွဲ ကစားပေးဖို့ အခွင့်အရေး ရှိနေတာပါ။

“ ဗိုလ်လုပွဲလို အခြေအနေကို ရောက်ပြီဆိုရင် ကစားခဲ့ပြီးတဲ့ ပွဲတွေက ပယ်ဖျက်လိုက်သလိုပါပဲ။ ဗိုလ်လုပွဲဆိုတာ ဘာလဲ ကျနော်တို့ သိပါတယ်။ ဗိုလ်လုပွဲမှာဆို ကိုယ် ဘယ်လောက်တောင် ပင်ပန်းခဲ့တယ်ဆိုတာ မေ့သွားတယ်။ ကစားမယ်၊ ပြေးမယ်၊ တိုက်ခိုက်ပါမယ် ” လို့ ထပ်လောင်း ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။