လီဗာပူးနဲ့ ဗီလာရီးရဲလ်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်း

ဒီတပတ် ကြားရက်မှာ လီဗာပူးအသင်းနဲ့ ဗီလာရီးရဲလ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ကို အန်းဖီးကွင်းမှာ ရင်ဆိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ လာမယ့် ဧပြီ ၂၈ ရက်၊ ကြာသပတေးနေ့၊ နံနက် ၁း၃ဝ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။

နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က လီဗာပူးနဲ့ ဗီလာရီးရဲလ်တို့ ဆီမီးဖိုင်နယ် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အလှပဆုံး တစ်ပွဲ မဟုတ်ခဲ့ပေမယ့် လီဗာပူးအသင်း အရင်ပွဲမှာ အဲဗာတန် ကို နိုင်လိုက်တာ တကယ့် နိုင်ပွဲကြီးပါ။ ကျနော်ကတော့ အဲဒီပွဲကို ဒီ ချန်ပီယံလိဂ် ပွဲ အတွက် သွေးပူလေ့ကျင့်ခန်း လုပ်တယ်ပဲ သဘောထားတယ်။

ဗီလာရီးရဲလ်က အဲဗာတန် ကစားပုံနဲ့ အတော်ကြီး ဆင်တူ ကစားလာမှာပါ။ သူတို့ ခံစစ်ကို လုံးဝ ပိတ်ထားပြီး လီဗာပူးကို အမျက်ထွက်လာအောင် လုပ်ပါလိမ့်မယ်။

ဗီလာရီးရဲလ် က စုဖွဲ့မှု ကောင်းကောင်း ရှိထားပြီး ဖလားပြိုင်ပွဲတွေမှာ ဆရာတစ်ဆူ ဖြစ်တဲ့ အမ်မရီ နည်းပြ လုပ်နေတဲ့ အသင်းပါ။ သူတို့က အန္တရာယ်ရှိတဲ့ အသင်း ဖြစ်ပြီး ဒန်ဂျူမာ လို ကစားသမားမျိုးကလည်း ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်။

ဒါပေမယ့် ကျနော်ကတော့ လီဗာပူးပဲ နိုင်ပွဲယူဖို့ လုံလောက်အောင် လုပ်ဆောင်သွားနိုင်မယ် ထင်ထားပါတယ်။ အိုရီဂီရဲ့ ဟီးရိုး လုပ်နိုင်စွမ်းကိုလည်း မေ့ထားလို့ မရဘူးလေ။ လီဗာပူးပဲ ၂-ဝ နဲ့ နိုင်မှာပါ။ ” လို့ အိုဝင်က သုံးသပ်ခန့်မှန်း ခဲ့ပါတယ်။