စပွန်ဆာသစ်ဖြစ်လာမယ့် crypto စင်္ကာပူ ချစ်ကြည်ရေးပွဲ အတည်ပြုခြင်းနဲ့ လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဟာ စာချုပ် တစ်နှစ်ပဲ ကျန်တော့တဲ့ ဂျာစီ စပွန်ဆာ Standard Chartered နေရာမှာ crypto ကုမ္ပဏီ တစ်ခုနဲ့ လက်တွဲဖို့ ညိနှိုင်းနေပါတယ်။ အကယ်လို့ ညိနှိုင်းမှု အောင်မြင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် ကလပ်တွေထဲ crypto ကို ဂျာစီ စပွန်ဆာယူတဲ့ ပထမဆုံး အသင်း ဖြစ်လာပါမယ်။

လက်တလော ညိနှိုင်းနေဆဲဖြစ်ပေမယ့် စာချုပ်က ၂ နှစ်ဖြစ်ကာ တစ်နှစ်ကို ပေါင် သန်း ၇၀ ရဖို့ရှိပြီး ဒါဟာ ပရီးမီးယားလိဂ်မှာ အမြင့်ဆုံးသော ဂျာစီ စပွန်ဆာ သဘောတူညီမှု ဖြစ်လာနိုင်ပါတယ်။

ဂျူလိုင်လ ၁၅ ရက်မှာ လီဗာပူးအသင်းနဲ့ ပဲလေစ့်အသင်းတိုဟာ စင်္ကာပူမှာ ချစ်ကြည်ရေးပွဲ ကစားမယ်လို့ ကလပ်ဘက်က အတည်ပြုလိုက်ပါပြီ။

အဲဗာတန်နည်းပြ လမ်းပတ်ဟာ မာဆေးဆိုဒ်ဒါဘီပွဲအပြီး ဆာလာကို ပုပ်ခတ်ကြောင်း ညိစွန်းတဲ့ စကားတွေအတွက် အက်ဖ်အေရဲ့ စုံစမ်ခြင်း ခံနေရပါတယ်။

ဖူလ်ဟမ်အသင်းထံ အငှားထွက်နေတဲ့ ညာအစွန်လူ နီကိုး ဝီလီယမ်ဟာ လီဗာပူးအသင်းကို ပြန်လာတော့မှာဖြစ်ကာ ပုံမှန် ပွဲကစားခွင့် ရလိုနေပါတယ်။ ဖူလ်ဟမ် တိုက်စစ်သမား ဟယ်ရီဝဲလ်ဆန်ကတော့ ဖူလ်ဟမ်ကို အပြီးသတ် ပြောင်းရွှေ့မှာဖြစ်ကြောင်း ကြေညာပါတယ်။

လီဗာပူးအသင်းရဲ့ အိမ်ကွင် အန်ဖီးကွင်းဟာ ၂၀၂၈ ယူရို ပြိုင်ပွဲမှာ အိမ်ကွင်းအဖြစ် လက်ခံ ယှဉ်ပြိုင်နိုင်ဖွယ် မရှိပါဘူး။ ကွင်းမြက်နှာပြင်ဟာ ယူအီးအက်ဖ်အေ စံသတ်မှတ်ချက်ထက် အနည်းငယ် သေးနေပါတယ်။

ဗီလာရီးရဲလ် ကစားသမား ကိုကွီလင်က လီဗာပူးအသင်းဟာ ကမ္ဘာအကောင်းဆုံး ဖိအားပေး ကစားသူတွေလို့ မှတ်ချက်ပြုလိုက်ပြီး ဘိုင်ယန်ထက် ပိုခက်ခဲလိမ့်မယ်လို့ ပွဲကြိုမှာ ပြောဆိုပါတယ်။

မနက်က ယူ-၂၃ အသင်းပွဲမှာ ဟာဗေး အယ်လီးယော့နဲ့ လေတန် စတီးဝပ်တို့ ပါဝင်ကစားခဲ့ကြပါတယ်။ ဟာဗေးဟာ ဒီအပတ် ဗီလာရီးရဲလ်နဲ့ပွဲမှာ ပါဝင်သွားဖို့ သံသယရှိစရာ အခြေအနေ ဖြစ်ပါတယ်။