ဖာမင်နို လွဲပြီး သီယေဂို ပါဖွယ် မရှိတဲ့ အဲဗာတန်ပွဲအတွက် ပွဲကြို ပွဲထွက် လူစာရင်း ခန့်မှန်း

ဒီကနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီမှာတေ့ာ လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ အဲဗာတန်ကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။

မာဆေးဆိုဒ်ဒါဘီတွေက အမြဲတမ်း ပွဲကြမ်းလေ့ရှိသလို ဒီရာသီ လီဗာပူးရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်၊ အဲဗာတန်ရဲ့ တန်းဆင်းဇုန် ရုန်းအားတွေကြောင့် ဒီပွဲက ပြင်းထန်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

Team news

  • ဘော်ဘီဟာ ဒဏ်ရာကြောင့် နာကျင်နေဆဖြစ်ပြီး ဒီပွဲ ပါဝင်မယ် အာမမခံနိုင်ပါဘူး။
  • ကိတ်တာနဲ့ သီယေဂို အခြေအနေ ကောင်းပေမယ့် သူတို့အကြောင်း မပြောပြခဲ့ဘူး။
  • အဲဗာတန်ဘက်က ဒဏ်ရာရကစားသမားတွေ ၅ ယောက်လောက် ရှိတယ်လို့ သိထားရပါတယ်။

Liverpool’s XI vs. Everton

ဒီပွဲပြီးရင် ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြံ့ခိုင်မှုပိုင်းအရ လူစာရင်းမှာ အပြောင်းအလဲ အနည်းငယ် ရှိလာနိုင်ပါတယ်။

ဗဟိုခံစစ်မှာ အယ်လီဆန်၊ ထရန့်၊ ရိုဘို၊ ဗန်ဒိုက်ကိုတော့ ထည့်သွားမှာဖြစ်ပြီး လက်ကျန် ဗဟိုခံစစ်မှူးနေရာမှာတော့ မာတစ်ကို ရွေးချယ်ကာ ချန်ပီယံလိဂ်ပွဲမှ ကိုနတေးကို သုံးဖွယ် ရှိပါတယ်။ ကိုနတေးဟာ လီဗာပူးအသင်းခံစစ်မှာ အသားကျလာနေခဲ့ပါပြီ။ ဒါပေမယ့် အမှတ်ပေးပွဲထက်စာရင် ဖလားပွဲတွေနဲ့ ချန်ပီယံလိဂ်မှာပဲ သူက ပိုပြီး ပွဲထွက်နေရဆဲပါ။

ကွင်းလယ်မှာတော့ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုကို တွဲဘက်ပေးမှာဖြစ်ပြီး လက်ကျန် ၁ နေရာအတွက် ကိတ်တာကို သုံးမယ်လို့ ယူဆရပါတယ်။ နည်းပြကလော့ပ်ဟာ အဲဗာတန်နဲ့ပွဲမှာ ရုပ်ပိုင်းဆိုင်ရာ ကြမ်းတမ်းလေ့ရှိတာကို ထုတ်ပြောထားပြီး အခုမှ ကြံ့ခိုင်မှု ပုံမှန်ဖြစ်နေတဲ့ သီယေဂိုကို အရဲစွန့် ထုတ်သုံမလား သံသယရှိစရာပါ။ ဂျုံးကလည်း မာဆေးဆိုဒ်သားတစ်ယောက် အနေနဲ့ ဒီပွဲမှာ အခွင့်အရေး ရနိုင်ပါတယ်။

တိုက်စစ်မှာတော့ ဖာမင်နို မပါနိုင်ကာ ဆာလာ၊ မာနေးကို ဂျိုတာနဲ့ တွဲပေးမယ်လို့ ယူဆရပါတယ်။ ဒီယက်စ်က ဒီတလော တောက်ပနေပေမယ့် ခပ်မာမာ ကစားရမယ့် ပွဲတွေဆိုရင် ဖိုက်တာတစ်ယောက်ဖြစ်တဲ့ ဂျိုတာကပဲ ပိုမို သင့်လျော်ပါလိမ့်မယ်။ အဲဗာတန်နဲ့ပွဲဖြစ်လို့ မဖြစ်မနေအားဖြင့် အိုရီဂီဟာ အရန်စာရင်းထဲ ပါဝင်လာပါလိမ့်မယ်။