တန်ဟက်ကို မန်နေဂျာသစ်အဖြစ် ကြေညာချိန်မှာ လီဗာပူးကို မမေ့တဲ့ ယူနိုက်တက်ပရိသတ်များ

မန်ချက်စတာ ယူနိုက်တက်ဟာ အန်ဖီးကွင်းမှာ လီဗာပူးအသင်းကို ၄-၀ နဲ့ အရေးနိမ့်အပြီးမှာပဲ လာမယ့်ရာသီ မန်နေဂျာအဖြစ် နယ်သာလန်သား တန်ဟက်ကို တာဝန်ပေးမှာဖြစ်ကြောင်း တရားဝင် ကြေညာပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ နှစ်ကျော့ပေါင်း ၉-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ မဟာပြိုင်ဘက်ဟာ လီဗာပူးအသင်းနဲ့ အရမ်းကို အလှမ်းကွာသွားတဲ့ အခြေအနေကြောင့် အရှက်ရခဲ့တာဖြစ်တယ်။ ဒါကြောင့်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာတုန်းက အန်ဖီးကွင်းမှာ လီဗာပူးအသင်းကို ၃-၁ နဲ့ အရေးနိမ့်ပြီး မော်ရင်ညို ရာထူးကနေ ထုတ်ပယ်ခံရတာနဲ့ တူညီတဲ့ ဖြစ်စဉ်တစ်ခု ထပ်မံ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။

တန်ဟက်ကို မန်နေဂျာသစ်အဖြစ် ကြေညာချိန်မှာ ယူနိုက်တက် ပရိသတ်တွေက လီဗာပူးအသင်းနဲ့ ပရိသတ်တွေကို မမေ့ကြပါဘူး။ တန်းဟက်ဟာ သူတို့အသင်းကို အကောင်းမြင်စရာတွေ သယ်ဆောင်လာပေးမှာဖြစ်ကာ မကြာခင် ပြန်တွေ့ကြမယ်လို့ ကြုံးဝါးခဲ့ကြတယ်။ သူတို့ရဲ့ မှတ်ချက်စကားတွေကို Tribuna ကနေပြီး စုစည်း ဖော်ပြခဲ့ကြပါတယ်။

Gabriel Serra: ” ကလော့ပ်က အပြည့်အဝ ပြန်လည်တည်ဆောက်ဖို့ ၄ နှစ် အချိန်ယူခဲ့တယ်။ တန်ဟက်လည်း ဒီလိုလုပ်နိုင်မှာမို့ လီဗာပူးပရိသတ်တွေ ကြောက်နေကြပြီ။ ”

Gam U3: ” လီဗာပူးပရိသတ်တွေ သိပ်ကြောက်နေပါပြီ။ သူတို့ရဲ့ စိတ်မလုံခြုံမှုကို comment တွေနဲ့ ဖုန်းကွယ်နေကြတယ်။ ”

Biola Anifowse: ” လီဗာပူးမှာ ကလော့ပ်က သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အမြင့်ဆုံး တန်ပိုအတိုင်း ကစားနိုင်ဖို့ ၅ နှစ်အချိန်ယူခဲ့ရတယ်။ ပရီးမီးယားလိဂ် တစ်ကျော့ပြန် အနိုင်ရဖို့ နှစ် ၃၀ ကြာခဲ့တယ်။ တန်ဟက်ရဲ့ ဘောလုံးအသိပညာ ကြွယ်ဝမှုနဲ့ ဘောလုံးကို နက်နက်နဲနဲ နားလည်မှုတွေကို လီဗာပူးပရိသတ်တွေ ကြောက်နေကြမှာ။ ”

Tekken21: ” တန်ဟက်က အားလုံးကို သက်သေပြတော့မှာ။ နောက်ရာသီ ယူနိုက်တက်မှာ total football ကစားတာကို အားလုံး မြင်ကြရလိမ့်မယ်။ ကြောက်စရာကောင်းတဲ့ အသင်းပြန်လာတော့မှာပါ။ ”

Ronaldo Legend: ” လီဗာပူးပရိသတ်တွေက တစ်ချိန်ကျရင် ကလော့ပ် ထွက်သွားမယ်ဆိုတာ သိကြပါတယ်။ အခုဆိုရင် ငါတို့က ရှေ့ကို ကြိုရောက်ဖို့ မျှော်လင့်လို့ ရနေပါပြီ။ လီဗာပူးက မနာလိုဖြစ်နေလိမ့်မယ်။ တန်ဟက်ကို ၁ နှစ် ၂ နှစ် အချိန်ပေးလိုက် သူ လီဗာပူးကို အမှီလိုက်ပြလိမ့်မယ်။ ”

Baz: ” ငါတို့ရဲ့ မန်နေဂျာသစ်နဲ့ ရင်ဆိုင်ရမှာကို လီဗာပူးပရိသတ်တွေ သိပ်ကို ကြောက်ရွံ့နေကြပြီ။ သနားစရာလေးတွေ။ ၉ နှစ်ကြာမှ ရေထဲငုပ်နေရာကနေ ပြန်ပေါ်လာပြီး အသက်ဝဝရူနိုင်ကြတာနဲ့များ။ ”

အစရှိသဖြင့် မှတ်ချက်ပေးခဲ့ကြတာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေဟာ လီဗာပူးကို အရေးနိမ့်တဲ့ ပွဲအပြီးမှာတင် မန်နေဂျာတွေ အဆက်ဆက် ပြောင်းနေရတာအပေါ် အတော်လေး စိတ်နာနေကြဟန်ရှိကာ ကလော့ပ်နဲ့ လီဗာပူးကို ယှဉ်ပြိုင်နိုင်မယ့် မန်နေဂျာသစ်ကို ရနိုင်ဖို့ အတော်လေး မျှော်လင့်နေကြဟန်ရှိတာ ဖြစ်ပါတယ်။