ဂိုးရှယ်ပြတ်မယ်ဆိုတဲ့ လီဗာပူး V အဲဗာတန်ပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ ပွဲကြို ရလဒ် ခန့်မှန်း

ဒီအပတ် လီဗာပူးနဲ့ အဲဗာတန်ပွဲအတွက် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကို ဖော်ပြမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာအတွက် မန်စီးတီးနဲ့ ယှဉ်ပြိုင်နေရတာဖြစ်ပြီး အဲဗာတန်ကတော့ တန်းဆင်းဇုန်ကနေ ကင်းလွတ်ဖို့ ဘန်လေနဲ့ ယှဉ်ပြိုင်နေတာပါ။ အားလုံးက ၁ မှတ်အကွာ ဆိုတဲ့ အနေအထားတွေကြောင့် ရမှတ်တွေ ဆက်တိုက် ရယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

လီဗာပူူး Vs အဲဗာတန်
ပရီးမီးယားလိဂ် ပွဲစဉ် (၃၃)
ဧပြီလ ၂၄ ရက်၊ တနင်္ဂနွေနေ့။
မြန်မာစံတော်ချိန် ည ၁၀ နာရီ။

မိုက်ကယ်အိုဝင် သုံးသပ်ချက်။ ။ အင်္ဂါနေ့တုန်းက ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ လီဗာပူးက ထူးချွန်ခဲ့ပါတယ်။ သူတို့ရဲ့ ဘောလုံးက အံ့မခန်းပါပဲ။ ဒုတိယဂိုး သွင်းယူခဲ့ပုံဆိုရင် အတော်လေး ကောင်းတယ်လို့ ပြောနိုင်ပါတယ်။

သီယေဂို အကြောင်းလည်း ပြောခဲ့ပါသေးတယ်။ သူက ဝင်ဘာလေမှာ စီးတီးကို ရင်ဆိုင်ကစားစဉ်ကလည်း ကောင်းခဲ့သေးတာပါ။ လီဗာပူးရဲ့ စွမ်းဆောင်ရည်က စောင့်ကြည့်ဖို့ကောင်းအောင်ကို ကြည့်ပျော်ပါတယ်။

အဲဗာတန်အတွက်ကတော့ လက်တလောမှာ စွမ်းဆောင်ရည်ကောင်းတွေ မဟုတ်ဘူး။ ဒါပေမယ့် လက်စတာနဲ့ပွဲမှာ သူတို့အတွက် အဖိုးတန်တဲ့ ရမှတ် ၁ မှတ်ကို ခွဲယူနိုင်ခဲ့တယ်။ သူတို့က ရနိုင်သလောက် ရမှတ်တွေ အားလုံး ရယူဖို့ လိုနေသလို ကုန်ခဲ့တဲ့ ၂ ပွဲမှာဆိုရင် ၄ မှတ်ထိ ရယူထားပါတယ်။

အဲဗာတန်က ဒီပွဲမှာ ဘာရမှတ်မှ ရမယ်လို့ မထင်ပါဘူး။ လီဗာပူးရဲ့ ကစားပုံက အရမ်းကောင်းနေသလို သူတို့က အာရုံစိုက်လည်း ကစားကြတယ်။ ဒါက ဒါဘီပွဲဆိုပေမယ့် ခက်လွယ်လွယ် ပွဲတစ်ပွဲအဖြစ် ဂိုးပြတ်သွားပါလိမ့်မယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၄-၁ အဲဗာတန်