အဲဗာတန် – အာဆင်နယ် ပွဲအတွက် စကိုင်းစပေါ့ သုံးသပ်ချက်နဲ့ ခန့်မှန်း

အျမဲတမ္းနည္းျပ ရာထူးအတြက္ ရွာေဖြ ခ်ိတ္ဆက္ေနရဆဲ အသင္း နွစ္သင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာ ေစာေစာစီးစီး ရင္ဆုိင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ အာဆင္နယ္ဘက္က အာတီတာကို ဒီပြဲမတိုင္ခင္ နည္းျပသစ္အျဖစ္ အတည္ျပဳနုိင္ရင္ ၾကိဳးပမ္းေနျပီး အဲဗာတန္ကလည္း အန္ဆယ္ေလာ့တီကို တရား၀င္ ခန္႔အပ္နုိင္ရန္ ၾကိဳးစားေနတာပါ။

ပြဲခ်ိန္က စေနေန႔ ညေန ျမန္မာစံေတာ္ခ်ိန္ ၇ နာရီ ျဖစ္ျပီး ထိုပြဲမတိုင္ခင္ နည္းျပသစ္ သတင္းမ်ားလည္း ၾကားေကာင္း ၾကားရဖြယ္ ရွိပါတယ္။ ဒီပြဲစဥ္ အတြက္ စကိုုင္းစေပါ့မွ သံုးသပ္သူ ခ်ာလီနစ္ကိုးလပ္စ္က သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္မ်ား ေဖာ္ျပသြားခဲ့ပါတယ္။

” ဒီပြဲအမွီ ကာလိုအန္ဆယ္ေလာ့တီေတာ့ ေရာက္လာမယ္လို႔ က်ေနာ္ ထင္ေနတယ္။ ဒီပြဲမွာ ပါ၀င္ ကိုင္တြယ္နုိင္ျခင္း မရွိသည့္တိုင္ အဲဗာတန္တို႔ အတြက္ ေကာင္းမြန္တဲ့ ေခၚယူမႈ ျဖစ္ပါလိမ့္မယ္။ သူက ေကာင္းမြန္တဲ့ ကုိယ္ေရးရာဇ၀င္ ရွိထားတယ္ မန္ေနဂ်ာ အေနနဲ႕ ေရာ ကစားသမား အေနနဲ႕ ေရာပါ။

က်ေန္ာကေတာ့ သူ႔ကို ၾကည့္ျပီး ေပ်ာ္ရႊင္ခဲ့ရတယ္။ သူက စတိုင္လည္းက် ေလးစားလည္း ခံရတဲ့ လူၾကီး လူေကာင္းပါ .. ေရနီရာရီလိုမ်ိဳးပဲ အန္ဆယ္ေလာ့တီကေတာ့ ေအာင္နိုင္လိုစိတ္က ပိုေကာင္းဦးမယ္ ထင္တယ္။ သူက ကစားသမားေတြကို ေလးစားမႈထားသလို ကစာသမားေတြ ဆီကလည္း ေလးစားမႈနဲ႕ အစြမ္းကုန္ ေပးဆပ္မႈကို လိုလားတယ္။

ဒြန္ကန္ ဖာဂူဆန္ကေတာ့ အဲဗာတန္အတြက္ အားသာခ်က္ၾကီး မျဖစ္ေသးပါဘူး။ ၁၉၈၀ ၀န္းက်င္မ်ားမွာ ဂြတ္ဒီဆင္ပါ့ခ္က ျပိဳင္ဘက္ေတြ အတြက္ အခက္ခဲဆံုး ကြင္း တစ္ကြင္း ျဖစ္ခဲ့တယ္။ ခု ျမင္ေတြ႔ေနရတဲ့ အဲဗာတန္ကလည္း ျပိဳင္ဘက္ေတြကို ခပ္ၾကမ္းၾကမ္း ရင္ဆိုင္တတ္ဆဲပါ အထူးသျဖင့္ အာဆင္နယ္လို အသင္းနဲ႕ေတြ႔ခ်ိန္မွာ သူတို႔ ေပ်ာ္ေပ်ာ္ၾကီး ကစားပါလိမ့္မယ္။

အာတီတာက အာဆင္နယ္ကို နည္းျပ အျဖစ္ ေရာက္လာသည့္တိုင္ သူ႔အသင္းေဟာင္း အဲဗာတန္နဲ႕ ပြဲမွာလည္း ၀င္ေရာက္ နည္းျပနုိင္မယ္ မထင္ပါဘူး။ အဲဗာတန္ ရွာေဖြေနတဲ့ လမ္းေၾကာင္းအရ ဒီပြဲမွာ အားေပ်ာ့ေနတဲ့ အာဆင္နယ္ကို အသာစီး ယူသြားနိုင္မယ္ ထင္ပါတယ္။ ” လု႔ိ ခ်ာလီ နစ္ကိုးလပ္စ္ က သံုးသပ္သြားပါတယ္။

ခ်ာလီ ခန္႔မွန္းရလဒ္ကေတာ့ အဲဗာတန္ ၂-၁ အာဆင္နယ္ပဲ ျဖစ္ပါတယ္။

Unicode – အမြဲတမ်းနည်းပြ ရာထူးအတွက် ရှာဖွေ ချိတ်ဆက်နေရဆဲ အသင်း နှစ်သင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ စောစောစီးစီး ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်ဘက်က အာတီတာကို ဒီပွဲမတိုင်ခင် နည်းပြသစ်အဖြစ် အတည်ပြုနိုင်ရင် ကြိုးပမ်းနေပြီး အဲဗာတန်ကလည်း အန်ဆယ်လော့တီကို တရားဝင် ခန့်အပ်နိုင်ရန် ကြိုးစားနေတာပါ။

ပွဲချိန်က စနေနေ့ ညနေ မြန်မာစံတော်ချိန် ၇ နာရီ ဖြစ်ပြီး ထိုပွဲမတိုင်ခင် နည်းပြသစ် သတင်းများလည်း ကြားကောင်း ကြားရဖွယ် ရှိပါတယ်။ ဒီပွဲစဉ် အတွက် စကိုင်းစပေါ့မှ သုံးသပ်သူ ချာလီနစ်ကိုးလပ်စ်က သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များ ဖော်ပြသွားခဲ့ပါတယ်။

” ဒီပွဲအမှီ ကာလိုအန်ဆယ်လော့တီတော့ ရောက်လာမယ်လို့ ကျနော် ထင်နေတယ်။ ဒီပွဲမှာ ပါဝင် ကိုင်တွယ်နိုင်ခြင်း မရှိသည့်တိုင် အဲဗာတန်တို့ အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်ပါလိမ့်မယ်။ သူက ကောင်းမွန်တဲ့ ကိုယ်ရေးရာဇဝင် ရှိထားတယ် မန်နေဂျာ အနေနဲ့ ရော ကစားသမား အနေနဲ့ ရောပါ။

ကျနေ်ာကတော့ သူ့ကို ကြည့်ပြီး ပျော်ရွှင်ခဲ့ရတယ်။ သူက စတိုင်လည်းကျ လေးစားလည်း ခံရတဲ့ လူကြီး လူကောင်းပါ .. ရေနီရာရီလိုမျိုးပဲ အန်ဆယ်လော့တီကတော့ အောင်နိုင်လိုစိတ်က ပိုကောင်းဦးမယ် ထင်တယ်။ သူက ကစားသမားတွေကို လေးစားမှုထားသလို ကစာသမားတွေ ဆီကလည်း လေးစားမှုနဲ့ အစွမ်းကုန် ပေးဆပ်မှုကို လိုလားတယ်။

ဒွန်ကန် ဖာဂူဆန်ကတော့ အဲဗာတန်အတွက် အားသာချက်ကြီး မဖြစ်သေးပါဘူး။ ၁၉၈၀ ဝန်းကျင်များမှာ ဂွတ်ဒီဆင်ပါ့ခ်က ပြိုင်ဘက်တွေ အတွက် အခက်ခဲဆုံး ကွင်း တစ်ကွင်း ဖြစ်ခဲ့တယ်။ ခု မြင်တွေ့နေရတဲ့ အဲဗာတန်ကလည်း ပြိုင်ဘက်တွေကို ခပ်ကြမ်းကြမ်း ရင်ဆိုင်တတ်ဆဲပါ အထူးသဖြင့် အာဆင်နယ်လို အသင်းနဲ့တွေ့ချိန်မှာ သူတို့ ပျော်ပျော်ကြီး ကစားပါလိမ့်မယ်။

အာတီတာက အာဆင်နယ်ကို နည်းပြ အဖြစ် ရောက်လာသည့်တိုင် သူ့အသင်းဟောင်း အဲဗာတန်နဲ့ ပွဲမှာလည်း ဝင်ရောက် နည်းပြနိုင်မယ် မထင်ပါဘူး။ အဲဗာတန် ရှာဖွေနေတဲ့ လမ်းကြောင်းအရ ဒီပွဲမှာ အားပျော့နေတဲ့ အာဆင်နယ်ကို အသာစီး ယူသွားနိုင်မယ် ထင်ပါတယ်။ ” လု့ိ ချာလီ နစ်ကိုးလပ်စ် က သုံးသပ်သွားပါတယ်။

ချာလီ ခန့်မှန်းရလဒ်ကတော့ အဲဗာတန် ၂-၁ အာဆင်နယ်ပဲ ဖြစ်ပါတယ်။