ဝတ်ဖိုဒ့်နဲ့ ယူနိုက်တက် ထိပ်တိုက်တွေ့မှုမှာ အိမ်ရှင်အသင်း အနိုင်ရမယ် ခန့်မှန်းလိုက်တဲ့ လော်ရိုး

ဒီအပတ်မှာ ယူနိုက်တက်ဟာ အဝေးကွင်းပွဲအဖြစ် ဝတ်ဖိုဒ့်ထံသွားပြီး ယှဉ်ပြိုင်ရမှာဖြစ်ကာ ဒီနောက်ပိုင်း ရလဒ်ကောင်းတွေ ပြန်ရနေမှုကို ထိန်းသိမ်းရမှာဖြစ်တယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ အသင်းကြီးတွေနဲ့ဆိုရင် ရလဒ်ကောင်းသလောက် ဇယားအောက်က အမှတ်လိုတဲ့ အသင်းတွေနဲ့ဆိုရင် ရလဒ်တွေမကောင်း ဖြစ်နေပါတယ်။ မန်နေဂျာဆိုးရှားဟာ ပြိုင်ဘက်တွေကို ကောင်တာနဲ့ ကစားနိုင်ပေမယ့် အသင်းငယ်တွေကို ပိုင်ဆိုင်မှု အသားပေးပြီး ယှဉ်ပြိုင်ဖို့က လိုအပ်ချက်တွေ ရှိနေတာပါ။

လော်ရိုးက ” အရင်အပတ်က အန်ဖီးပွဲမှာ ကွင်းထဲ ကျနော်ရှိခဲ့ပြီး မန်နေဂျာသစ်နဲ့ ပထမဆုံးပွဲမှာ ဝတ်ဖိုဒ့်က အတော်လည်း အထင်ကြီးစရာ ကောင်းပါတယ်။ သူတို့ အခွင့်အရေးကောင်းတွေ အများကြီး ဖန်တီးခဲ့ပြီး တကယ်ကို ကောင်းမွန်တဲ့ အခွင့်အရေးကောင်းတွေ ဖြစ်ပါတယ်။

ဆာကို ညာခြမ်း ဒယ်လိုဖူးကို ဘယ်ခြမ်းနဲ့ ဒီနေးကို တိုက်စစ်တွေမှာထားကာ သူတို့ရဲ့ ကွင်းလယ်၊ ခံစစ်တွေက တကယ်ကို ကောင်းမွန်တဲ့ အနေအထားတွေ ပြသခဲ့တယ်။ မနှစ်က ဝတ်ဖိုဒ့်ကို ပြန်မြင်ခဲ့ရတာဖြစ်ပြီး ဒါကြောင့်လည်း ဒီအပတ် ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံမယ့်ပွဲမှာ ဝတ်ဖိုဒ့်ဘက်ကနေ ကျနော် ခန့်မှန်းတာဖြစ်ပါတယ်။

ဒီခန့်မှန်းကို လူအနည်းငယ်က အံ့အားသင့်နိုင်ပေမယ့် ယူနိုက်တက်က တကယ်ကို ပုံစံကောင်းတွေနဲ့ ပြန်လာပြီလားဆိုတာ ကျနေ်ာတို့တွေ မသေချာသေးပါဘူး။ ဒီလိုပွဲမျိုးကို အနိုင်ယူနိုင်မလားဆိုတာ ယူနိုက်တက်က သက်သေပြဖို့ လိုပါတယ် ” လို့ သုံးသပ်ခဲ့တယ်။

ဝတ်ဖိုဒ့်နဲ့ ယူနိုက်တက်ပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းကတော့ အိမ်ရှင်အသင်းက ၂-၁ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာ ယူႏုိက္တက္ဟာ အေဝးကြင္းပြဲအျဖစ္ ဝတ္ဖိုဒ့္ထံသြားျပီး ယွဥ္ျပိဳင္ရမွာျဖစ္ကာ ဒီေနာက္ပိုင္း ရလဒ္ေကာင္းေတြ ျပန္ရေနမႈကို ထိန္းသိမ္းရမွာျဖစ္တယ္။

ယူႏုိက္တက္ဟာ ဒီရာသီမွာ အသင္းၾကီးေတြနဲ႔ဆိုရင္ ရလဒ္ေကာင္းသေလာက္ ဇယားေအာက္က အမွတ္လိုတဲ့ အသင္းေတြနဲ႔ဆိုရင္ ရလဒ္ေတြမေကာင္း ျဖစ္ေနပါတယ္။ မန္ေနဂ်ာဆိုးရွားဟာ ျပိဳင္ဘက္ေတြကို ေကာင္တာနဲ႔ ကစားႏုိင္ေပမယ့္ အသင္းငယ္ေတြကို ပိုင္ဆုိင္မႈ အသားေပးျပီး ယွဥ္ျပိဳင္ဖို႔က လိုအပ္ခ်က္ေတြ ရွိေနတာပါ။

ေလာ္ရိုးက ” အရင္အပတ္က အန္ဖီးပြဲမွာ ကြင္းထဲ က်ေနာ္ရွိခဲ့ျပီး မန္ေနဂ်ာသစ္နဲ႔ ပထမဆံုးပြဲမွာ ဝတ္ဖိုဒ့္က အေတာ္လည္း အထင္ၾကီးစရာ ေကာင္းပါတယ္။ သူတို႔ အခြင့္အေရးေကာင္းေတြ အမ်ားၾကီး ဖန္တီးခဲ့ျပီး တကယ္ကို ေကာင္းမြန္တဲ့ အခြင့္အေရးေကာင္းေတြ ျဖစ္ပါတယ္။

ဆာကို ညာျခမ္း ဒယ္လိုဖူးကို ဘယ္ျခမ္းနဲ႔ ဒီေနးကို တိုက္စစ္ေတြမွာထားကာ သူတို႔ရဲ႕ ကြင္းလယ္၊ ခံစစ္ေတြက တကယ္ကို ေကာင္းမြန္တဲ့ အေနအထားေတြ ျပသခဲ့တယ္။ မႏွစ္က ဝတ္ဖိုဒ့္ကို ျပန္ျမင္ခဲ့ရတာျဖစ္ျပီး ဒါေၾကာင့္လည္း ဒီအပတ္ ယူႏုိက္တက္ကို အိမ္ကြင္းမွာ ဧည့္ခံမယ့္ပြဲမွာ ဝတ္ဖိုဒ့္ဘက္ကေန က်ေနာ္ ခန္႔မွန္းတာျဖစ္ပါတယ္။

ဒီခန္႔မွန္းကို လူအနည္းငယ္က အံ့အားသင့္ႏုိင္ေပမယ့္ ယူႏုိက္တက္က တကယ္ကို ပံုစံေကာင္းေတြနဲ႔ ျပန္လာျပီလားဆိုတာ က်ေန္ာတုိ႔ေတြ မေသခ်ာေသးပါဘူး။ ဒီလိုပြဲမ်ိဳးကို အႏုိင္ယူႏုိင္မလားဆိုတာ ယူႏုိက္တက္က သက္ေသျပဖို႔ လိုပါတယ္ ” လို႔ သံုးသပ္ခဲ့တယ္။

ဝတ္ဖိုဒ့္နဲ႔ ယူႏုိက္တက္ပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းကေတာ့ အိမ္ရွင္အသင္းက ၂-၁ နဲ႔ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။