ယာယီမန်နေဂျာတွေ ထိပ်တိုက်တွေ့မယ့် အဲဗာတန်နဲ့ အာဆင်နယ်ပွဲကို ခန့်မှန်သုံးသပ်တဲ့ လော်ရိုး

ဒီအပတ်မှာတော့ ယာယီမန်နေဂျာတွေနဲ့ ရုန်းကန်နေရတဲ့ အဲဗာတန်နဲ့ အာဆင်နယ်တို့ဟာ ထိပ်တိုက်တွေ့ပြီးဖြစ်ပြီး နှစ်သင်းလုံးရဲ့ အမြဲတမ်း မန်နေဂျာတွေ ဖြစ်လာမယ့်သူတွေက ပွဲကြည့်စင်တွေမှာ ရှိနေမယ်လို့ ယူဆရပါတယ်။

ဒီပွဲနဲ့ ပက်သက်ပြီး လော်ရိုးက ” အာဆင်နယ်နဲ့ပွဲကိုလည်း အဲဗာတန်မန်နေဂျာအဖြစ် ဖာဂူဆန်ကပဲ တာဝန်ယူပါမယ်။ အာဆင်နယ်နဲ့ အာတီတာတို့ရဲ့ ကိစ္စကလည်း မပြီးပြတ်သေးပါဘူး။ ဖာဂူဆန် ယာယီကိုင်တွယ်တဲ့ သုံးပွဲမှာ အဲဗာတန်က ရလဒ်ကောင်းတွေ ရထားခဲ့ပြီး ကြားရက်က လက်စတာနဲ့ပွဲကို ပင်နယ်တီကြောင့် အရေးနိမ့်ခဲ့ပေမယ့် အခုထိတော့ ပုံမှန်ချိန်တွေမှာ သူ့လက်ထက် ရံှူးပွဲမရှိသေးပါဘူး။

အဲ့တာကပဲ အဲဗာတန်ကစားသမားတွေက သူတို့ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့ သိတဲ့ သူလက်အောက်မှာ ရလဒ်ကောင်းတွေ ယူနိုင်တယ်ဆိုတာ ပြသတာပါပဲ။ ဒါပေမယ့်လည်း အဲဗာတန်က တိုးတက်ဖို့အတွက် အများကြီး လုပ်ရပါမယ်။ ဒါကြောင့်လည်း အန်ဆယ်လော့တီကို သူတို့ ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။ သူက အသင်းကို တည်ဆောက်မှာ မဟုတ်ပေမယ့် ပဲ့ကိုင်မှာပါ။

တူညီတဲ့ အနေအထားအဖြစ် အာဆင်နယ်ကလည်း အာတီတာကို ခေါ်ယူတာက ကြီးမားတဲ့ စမ်းသပ်မှုပါပဲ။ သူတို့ရဲ့ ခံစစ်က ကာလရှည် ပြဿနာဖြစ်ပြီး ဒီအတွက် အာတီတာက အကူအညီလိုပါတယ်။ သူရောက်လာခဲ့ရင် အာဆင်နယ်က ပြန်လည် တုန့်ပြန်လာဖို့ အချိန်လိုဦးမှာပါ။ ဂူဒီဆင်ပတ်ခ်ဟာ ဖာဂူဆန်လက်အောက်မှာ နိုးထနေမှာဖြစ်ပြီး ဒါက ပွဲအပေါ် သက်ရောက်ပါလိမ့်မယ် ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

အဲဗာတန်နဲ့ အာဆင်နယ်ပွဲက ၁-၁ ရလဒ်အဖြစ် သရေကျလိမ့်မယ်လို့ လော်ရိုးက ခန့်မှန်းပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ ယာယီမန္ေနဂ်ာေတြနဲ႔ ရုန္းကန္ေနရတဲ့ အဲဗာတန္နဲ႔ အာဆင္နယ္တို႔ဟာ ထိပ္တိုက္ေတြ႔ျပီးျဖစ္ျပီး ႏွစ္သင္းလံုးရဲ႕ အျမဲတမ္း မန္ေနဂ်ာေတြ ျဖစ္လာမယ့္သူေတြက ပြဲၾကည့္စင္ေတြမွာ ရွိေနမယ္လို႔ ယူဆရပါတယ္။

ဒီပြဲနဲ႔ ပက္သက္ျပီး ေလာ္ရိုးက ” အာဆင္နယ္နဲ႔ပြဲကိုလည္း အဲဗာတန္မန္ေနဂ်ာအျဖစ္ ဖာဂူဆန္ကပဲ တာဝန္ယူပါမယ္။ အာဆင္နယ္နဲ႔ အာတီတာတို႔ရဲ႕ ကိစၥကလည္း မျပီးျပတ္ေသးပါဘူး။ ဖာဂူဆန္ ယာယီကိုင္တြယ္တဲ့ သံုးပြဲမွာ အဲဗာတန္က ရလဒ္ေကာင္းေတြ ရထားခဲ့ျပီး ၾကားရက္က လက္စတာနဲ႔ပြဲကို ပင္နယ္တီေၾကာင့္ အေရးနိမ့္ခဲ့ေပမယ့္ အခုထိေတာ့ ပံုမွန္ခ်ိန္ေတြမွာ သူ႔လက္ထက္ ရံွဴးပြဲမရွိေသးပါဘူး။

အဲ့တာကပဲ အဲဗာတန္ကစားသမားေတြက သူတို႔ကို ဘယ္လိုကိုင္တြယ္ရမယ္ဆိုတဲ့ သိတဲ့ သူလက္ေအာက္မွာ ရလဒ္ေကာင္းေတြ ယူႏုိင္တယ္ဆိုတာ ျပသတာပါပဲ။ ဒါေပမယ့္လည္း အဲဗာတန္က တိုးတက္ဖို႔အတြက္ အမ်ားၾကီး လုပ္ရပါမယ္။ ဒါေၾကာင့္လည္း အန္ဆယ္ေလာ့တီကို သူတို႔ ေခၚယူဖို႔ ၾကိဳးစားခဲ့တာပါ။ သူက အသင္းကို တည္ေဆာက္မွာ မဟုတ္ေပမယ့္ ပဲ့ကိုင္မွာပါ။

တူညီတဲ့ အေနအထားအျဖစ္ အာဆင္နယ္ကလည္း အာတီတာကို ေခၚယူတာက ၾကီးမားတဲ့ စမ္းသပ္မႈပါပဲ။ သူတို႔ရဲ႕ ခံစစ္က ကာလရွည္ ျပႆနာျဖစ္ျပီး ဒီအတြက္ အာတီတာက အကူအညီလိုပါတယ္။ သူေရာက္လာခဲ့ရင္ အာဆင္နယ္က ျပန္လည္ တုန္႔ျပန္လာဖို႔ အခ်ိန္လိုဦးမွာပါ။ ဂူဒီဆင္ပတ္ခ္ဟာ ဖာဂူဆန္လက္ေအာက္မွာ ႏိုးထေနမွာျဖစ္ျပီး ဒါက ပြဲအေပၚ သက္ေရာက္ပါလိမ့္မယ္ ” လို႔ သံုးသပ္ခ့ဲတာျဖစ္တယ္။

အဲဗာတန္နဲ႔ အာဆင္နယ္ပြဲက ၁-၁ ရလဒ္အျဖစ္ သေရက်လိမ့္မယ္လို႔ ေလာ္ရိုးက ခန္႔မွန္းပါတယ္။