အရေးပါတဲ့ ပေးပို့မှုမရှိ၊ စိုးရိမ်စရာ အခြေအနေ ရောက်နေတဲ့ ဆာလာရဲ့ အချက်အလက် မှတ်တမ်း

ဝင်ဘာလေမှာ လီဗာပူးအသင်းက မန်စီးတီးကို အနိုင်ယူပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမယ့် ဆာလာရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့တော့ အသင်းပရိသတ်တွေ မပျော်ရွှင်နိုင်ခဲ့ပါဘူး။

ဆာလာဟာ သွင်းဂိုးရဖို့ ဆက်ပြီး ရုန်းကန်နေရဆဲဖြစ်ကာ မန်စီးတီးကို ၃-၂ အနိုင်ရမှုမှာလည်း သွင်းဂိုး ရယူနိုင်ခဲ့ခြင်း မရှိတာဖြစ်တယ်။ အီဂျစ်သားဟာ တိုက်စစ်မှာ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် အဆုံးသတ်နိုင်ခြင်း မရှိသလို အချို့ အနေအထားတွေမှာ အသင်းဖော်တွေနဲ့ တွဲဘက်ကစားဖို့ နားလည်မှုတွေ လွဲနေခဲ့တာဖြစ်တယ်။

Mohamed Salah’s stats vs Manchester City

  • Three shots
  • One shot on goal
  • Zero goal
  • Zero key passes
  • Two dribbles
  • 38- touches
  • 1 foul committed
  • Two offsides
  • 21 passes
  • Passing accuracy 71.4%

မန်စီးတီးပွဲမှ ဆာလာရဲ့ မှတ်တမ်းတွေဟာ ပုံမှန်ခြေစွမ်းအောင် ကျဆင်းနေတာ မြင်သာခဲ့ပြီး သူဟာ တိုက်စစ်ပိုင်းမှာတင် မဟုတ်ဘဲ ခံစစ် ကူညီမှုပိုင်းမှာလည်း ထိထိရောက်ရောက် ကြိုးစားမှု မလုပ်ပြနိုင်ခဲ့ပါဘူး။ အရေးပါတဲ့ ဖြတ်လုမှု၊ ဝင်ရောက်ဟန့်တားမှု၊ ရှင်းထုတ်မှု၊ ဘလော့ကာမှုတွေ မလုပ်နိုင်ခဲ့တာဖြစ်တယ်။

မန်စီးတီးပွဲကြိုတုန်းက ဆာလာဟာ အာဖရိကဖလား၊ ကမ္ဘာဖလားခြေစစ်ပွဲတွေမှာ ပွဲပန်းထားမှုအရ ရုန်းကန်နေရတယ်လို့ မန်နေဂျာ ကလော့ပ်က ဆိုထားခဲ့တာဖြစ်တယ်။ ဆာလာကတော့ ကလပ်ရဲ့ ဆုဖလားရယူရေး အရေးပါတဲ့ ကာလမှာ သူ့ရဲ့ စာချုပ်အကြောင်းကို တစ်ကိုယ်ကောင်းဆန်ဆန် ပြောနေမှာ မဟုတ်ဘူးလို့ ထုတ်ပြောခဲ့တယ်။

ဆာလာနဲ့ တူညီတဲ့ ပွဲတွေ ကစားထားရတဲ့ မာနေးကတော့ မန်စီးတီးပွဲမှာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ မာနေးဟာ ကလပ်ပွဲတွေ ပြန်လည်စတင်ကတည်းက ဂိုးတွေ ဆက်တိုက် ပြန်ရယူနိုင်စွမ်း ရှိနေပါတယ်။ ဒါကြောင့် လီဗာပူးနဲ့ စာချုပ်ကိစ္စ သဘောတူညီမှု မရသေးခြင်းဟာ ဆာလာရဲ့ ခြေစွမ်းအပေါ် သက်ရောက်မှု ရှိနေလား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဧပြီလ ၂၀ ရက်နေ့မှာတော့ လီဗာပူးအသင်းဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။ အဆိုပါပွဲဟာ ဒီရာသီ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် မျှော်လင့်ချက်အတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ကာ ဆာလာ သွင်းဂိုး ပြန်ရတာကို မြင်ရဖို့တော့ မျှော်လင့်မိတာပဲ ဖြစ်ပါတယ်။