မန်စီးတီး – လီဗာပူးတို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ အတွက် ဘီဘီစီ လော်ရိုးရဲ့ သုံးသပ်ခန့်မှန်းချက်

ဒီတပတ်မှာ လီဗာပူးအသင်းဟာ မဟာပြိုင်ဘက်ကြီး မန်စီးတီးနဲ့ပဲ ထပ်မံ တွေ့ဆုံနေပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲ အဖြစ် ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင် ကစားရမှာပါ။

ဒီနှစ်သင်းဟာ မနက်ဖြန် ဧပြီ ၁၆ ရက်၊ စနေနေ့၊ မြန်မာစံတော်ချိန် ည ၉ နာရီမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက ဒီပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲမှာ ကျနော်ကတော့ လီဗာပူးဘက်က နည်းနည်း အသာပေးချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က နည်းနည်း ပို လန်းဆန်းနေမှာ ဖြစ်လို့ပါ။

ကြားရက်မှာ စီးတီးက စပိန်ကို ခရီးသွားထားရတယ်။ သူတို့က အက်သလက်တီကို မက်ဒရစ်နဲ့ အရမ်းကြမ်းတဲ့ ချန်ပီယံလိဂ် ပွဲ ကစားထားရသေးတယ်။ အဲဒီညမှာပဲ ကလော့ပ်က သူ့နာမည်ကြီး ကစားသမားတွေ တော်တော်များများ ကို နားပြီး ဘင်ဖီကာ ကို ရင်ဆိုင်သွားတယ်။

ဒါကြောင့် ဒီပွဲမှာ စီးတီးက ပွဲထွက် အပြောင်းအလဲ တချို့ လုပ်ရဖို့ ရှိတယ်။ ဒီတော့ သူတို့ အကောင်းဆုံး အသင်း ဟုတ်ချင်မှ ဟုတ်မယ်။ လီဗာပူးကတော့ သူတို့ အတောင့်တင်းဆုံး လူစာရင်း ထုတ်လာနိုင်တယ်။ ဒါကြောင့် ဒီပွဲမှာ အဲဒါက အဆုံးအဖြတ် ဖြစ်သွားနိုင်တယ် လို့ ကျနော် ထင်တယ်။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ မန်စီးတီး ၁-၂ လီဗာပူး ဖြစ်ပြီး လီဗာပူး ဗိုလ်လုပွဲ တက်မယ် လို့ ဆိုထားပါတယ်။