မန်စီးတီး V လီဗာပူးတိုရဲ့ FA ဖလား ဆီမီးဖိုင်နယ် ဘယ်အသင်းနိုင်မလဲ အိုဝင်ရဲ့ ခန့်မှန်းချက်

ဒီအပတ်မှာ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်ပွဲအဖြစ် ဝင်ဘာလေမှာ ထိပ်တိုက် ရင်ဆိုင်ကြမှာဖြစ်ပါတယ်။

ကြားကွင်းဖြစ်တာကြောင့် နှစ်သင်းပရိသတ်တွေ ထက်ဝက်စီ ဝင်ရောက် အားပေးကြမှာဖြစ်တယ်။ ဒီရာသီမှာ အနိုင်အရှုံး မပေါ်သေးမှုဟာ ဒီပွဲမှာတော့ သေချာပေါက် အနိုင်ရအသင်း ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အဆိုပါပွဲအတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကို ဖော်ပြမှာဖြစ်ပါတယ်။

မန်စီးတီး Vs လီဗာပူး
အက်ဖ်အေဖလား ဆီမီးဖိုင်နယ်
ဧပြီလ ၁၆ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၉ နာရီ။

အိုဝင် ခန့်မှန်းရလဒ်။ ။ ဒီပွဲကို မစောင့်နိုင်အောင်ပါပဲ။ ပြီးခဲ့တဲ့အပတ်တုန်းက နှစ်သင်း ထိပ်တိုက်တွေ့မှုက သိပ်ကေကာင်းခဲ့တယ်။ ဒီပွဲကလည်း ပွဲကောင်းဖြစ်သင့်ပါတယ်။ မန်စီးတီးက မက်ဒရစ်မှာ ဒရာမာဆန်ဆန် ပွဲတစ်ပွဲကို ကစားခဲ့ရတယ်။ ရိုးရှင်းတဲ့ ပွဲတစ်ပွဲ မဖြစ်ခဲ့ဘူးဆိုပေမယ့်လို့ သူတို့ clean sheet ရလိုက်တာကတော့ တကယ်ကြီးကို အကောင်းမြင်စရာပါပဲ။

လီဗာပူးအတွက်ကတော့ ဘင်ဖီကာကို ရင်ဆိုင်ပြီး ဖျော်ဖြေမှု ပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲကို ကစားခဲ့တာပါ။ ဒါပေမယ့် အဆုံးမှာတော့ အဲ့ပွဲက မျှော်လင့်ထားသလို ရလဒ်ပဲ ထွက်ခဲ့ပါတယ်။ ကလော့ပ်က အဓိက ကစားသမား အချို့ကို အနားပေးခဲ့တယ်။ အရေးကြီးတဲ့ ပွဲစဉ်တွေ လာတော့မှာမို့ အဲ့လို အနားပေးနိုင်တာက ဆုလာဘ်ကြီး ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်မှာ လီဗာပူးတိုက်စစ်သမားတွေက စီးတီးကို ပြဿနာတွေ အများကြီး ပေးခဲ့တယ်။ သူတို့က စီးတီးရဲ့ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်ခဲ့တယ်။ ကြားရက်မှာ ပြင်းထန်တဲ့ပွဲကို ရင်ဆိုင်ကစားခဲ့ရအပြီးမှာ စီးတီးက ဒီပွဲကို ရင်ဆိုင်ရပါမယ်။ သူတို့က အဲ့ပွဲမှာ ထိခိုက်မှုတွေ ရှိထားခဲ့တယ်။ ကျနော်ကတော့ လီဗာပူးက နည်းနည်းလေး ရေပန်းစားမယ် တွက်ဆထားပါတယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၁ မန်စီးတီး