ဆာ၊ ဖာ၊ မာ လား (သို့) ဂျိုတာကို ပွဲထုတ်မှာလား မန်စီးတီးပွဲကြို လူစာရင်းအတွက် ခန့်မှန်းခြင်း

ဒီရာသီ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် မျှော်လင့်ချက်အတွက် အရေးအပါဆုံး ပွဲစဉ်က ရောက်ရှိလာပါပြီ။ ဒီကနေ့မှာ မန်ချက်စတာကလပ် မန်စီးတီးကို ၎င်းတို့ အိမ်ကွင်း အီသီဟက်မှာ သွားရောက် ယှဉ်ပြိုင်ရပါမယ်။

ဒီပွဲဟာ လီဗာပူးအတွက် ဒီရာသီအထိ အရေးအကြီးဆုံး ပွဲစဉ်ဖြစ်ပေမယ့် ဒီပွဲပြီးရင်လည်း နောက်ထပ် အရေးပါတဲ့ပွဲစဉ်တွေ ရှိနေဦးမှာပါ။ ဒါပေမယ့် ဇယားထိပ်ကို ရယူရေးအတွက် ဒီပွဲမှာ အနိုင် ၃ မှတ် သေချာပေါက် ယူနိုင်ဖို့ လိုအပ်ပါတယ်။

Team news

ဘင်ဖီကာပွဲမှာ ဖာဘင်ညို ခေါင်းပေါက်ခဲ့ပေမယ့် အခြေအနေကောင်းပါတယ်။
သောကြာနေ့ လေ့ကျင့်ရေးမှာ ဖာမင်နို မပါခဲ့ပါဘူး။
လူစာရင်းမှာ ဒဏ်ရာ ပြဿနာ မရှိဘူးလို့ ကလော့ပ် ပြောပါတယ်။

Liverpool’s XI vs. Man City

လီဗာပူးအသင်း ခံစစ်ကတော့ အယ်လီဆန်၊ ဗန်ဒိုက်၊ မာတစ်၊ ထရန့်၊ ရိုဘိုတို့ပဲ ဖြစ်လာပါလိမ့်မယ်။ ကြားရက်က မာတစ်ကို အနားပေးထားခဲ့ပြီး သူဟာ အခုပွဲမှာ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်ကစားနိုင်မှာပါ။

ကွင်းလယ်မှာတော့ အကောင်းဆုံး တွဲဘက်မှုဟာ ဖာဘင်ညို၊ သီယေဂို၊ ဟန်ဒိုတို့ပဲ ဖြစ်ပါလိမ့်မယ်။ ဘင်ဖီကာပွဲမှာ ကိတ်တာကလည်း သိပ်ကောင်းခဲ့တာကို မေ့ထားလို့ မရပါဘူး။ ဒါပေမယ့်လို့ မန်စီးတီးက ဘင်ဖီကာ မဟုတ်ပါဘူး။ လိဂ်ရဲ့ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး အသင်းကို ရင်ဆိုင်ဖို့ဆိုရင် စည်းစနစ်ပိုင်းမှာ ပိုမို ဟန်ချက်ညီတဲ့ သီယေဂို၊ ဟန်ဒို အတွဲကိုပဲ ပွဲထုတ်ဖွယ် ရှိပါတယ်။

ဒီပွဲမှာ တစ်ခုတည်းသော စောင့်ကြည့်ရမှာက ဖာမင်နိုနေရာ ဘယ်သူပွဲထွက်မလဲဖြစ်ပါတယ်။ ဖာမင်နိုဟာ သူ့ကစားသမားဘဝမှာ မန်စီးတီးကို ပြိုင်ဘက်အဖြစ် ၁၇ ကြိမ် ရင်ဆိုင်ထားပါတယ်။ ပွဲစဉ် ၁ ပွဲကလွဲရင် ကျန်ပွဲအားလုံးမှာ ပွဲထွက်ခဲ့ပြီး ကိုယ်တိုင် ၅ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု ၅ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ကြံ့ခိုင်မှုအရ ဒီပွဲမှာ ပါနိုင်မလား မသေချာသေးပေမယ့်လို့ ဒီတစ်ကြိမ် မန်စီးတီးနဲ့ တွေ့ဆုံမှုဟာ ဆာ၊ ဖာ၊ မာ တိုက်စစ်တွဲလုံးကို အမြင့်ဆုံး ပြိုင်ပွဲမှာ နောက်ဆုံးအကြိမ် တွဲမြင်ရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဖာမင်နိုရဲ့ ပွဲကြီး အတွေ့အကြုံအရ ယာဂင်ဟာ သူ့ကို လူစာရင်းကနေ ခပ်လွယ်လွယ် ဖယ်ထုတ်လိုမှာ မဟုတ်ပါဘူး။

သို့ပေမယ့် ဖာမင်နို မကစားနိုင်ရင် နံပါတ် ၉ နေရာမှာ ဂျိုတာ ဝင်ယူမယ်ဆိုတာက ရှင်းပါတယ်။ ဂျိုတာဟာ ဒီရာသီ လီဗာပူးအသင်းရဲ့ ဒုတိယ သွင်းဂိုး အများဆုံး တိုက်စစ်သမားဖြစ်တယ်။ သူဟာ တောင်ပံနေရာကနေ ပြောင်းရွှေ့လို့ တိုက်စစ်မှူးနေရာမှာ စတင် တောက်ပနေသူဖြစ်ပါတယ်။

အရန်ခုံမှာ ကိတ်တာ၊ ဒီယက်စ်လို ကစားသမားတွေက အားဖြည့်ပေးဖို့ အဆင်သင့်ရှိနေမှာဖြစ်ပြီး ဒီည ပွဲဟာ လီဗာပူးရဲ့ ဘောလုံးရာသီကို အများကြီး အဓိပ္ပာယ် သက်ရောက်စေမှာဖြစ်ပါတယ်။