Pass masters နဲ့ Kings of the press တို့ရဲ့ တွေ့ဆုံမှုအတွက် ပွဲကြို သုံးသပ်ချက်

အာဆင်နယ်ကစားသမားဟောင်းနဲ့ ဒေးလီးမေလ်းက ကလောင်ရှင် ဆက်တန်ဟာ ဒီအပတ် လီဗာပူးပွဲအတွက် သူ့အမြင်ကို သတင်းတစ်ပုဒ် ရေးသားခဲ့ပါတယ်။ လီဗာပူးနဲ့ မန်စီးတီးပွဲကို အသင်းပရိသတ် မဟုတ်တဲ့ ကလောင်ရှင် တစ်ယောက်က ဘယ်လိုမြင်သလဲဆိုတဲ့ ဘောလုံးရသ တစ်ခုကို လီဗာပူးပရိသတ်တွေကို သိကြစေဖို့ ဆက်တန်ရဲ့ ဖော်ညွှန်းချက်ကို ဖော်ပြပေးသွားပါမယ်။

Martin Keown Talks Tactics

တနင်္ဂနွေနေ့မှာတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးပေးပို့သူတွေက ကမ္ဘာအကောင်းဆုံး ဖိအားပေး ကစားသူတွေနဲ့ ရင်ဆိုင်ရမှာကို ကြည့်ရတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးက ဖလားသုံးလုံး အောင်မြင်ချင်ပြီး လီဗာပူးက ဖလားလေးလုံးထိ မျှော်လင့်ထားတယ်။ တနင်္ဂနွေနေ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နှစ်သင်း တွေ့ဆုံမှုဟာ နောက်အပတ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်၊ နောက်လ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲအထိပါ ထပ်တွေ့ရနိုင်ခြေရှိတဲ့ ထိပ်တန်းနှစ်သင်းရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်နိုင်ပါတယ်။

အသက်ရှူမှားလောက်တဲ့ တိုက်ပွဲတစ်ခုမှာ နှစ်ဖက်ကစားသမားတွေအတွက် အချိန်နဲ့ နေရာက အမြင့်ဆုံးအဆင့်မှာ ရှိနေပါလိမ့်မယ်။ စီးတီးက လျင်မြန်၊ ပြတ်သား၊ တိုတောင်းတဲ့ ပေးပို့မှုတွေနဲ့ ပွဲကိုလွှမ်းမိုးမှာဖြစ်ပြီး လီဗာပူးက သူတို့ရဲ့ပြိုင်ဘက်တွေကို လှုပ်မရအောင် တရစပ် ဖိအားပေးခြင်းနဲ့ ထိန်းချုပ်ဖို့ ကြိုးစားပါလိမ့်မယ်။

ပထမအကျော့က ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ စီးတီးဟာ ဂွာဒီယိုလာနဲ့အတူ ရှိနေစဉ်အတွင်း စံချိန်တင် အနိမ့်ဆုံး ဘောလုံးပိုင်ဆိုင်မှုကိုပဲ ရခဲ့ပြီး ပေးပို့မှု အောင်မြင်နှုန်းကလည်း အနည်းဆုံး ဖြစ်ခဲ့ပါတယ်။ ဖိအားပေးမှာ နာမည်ကြီးလှတဲ့ လီဗာပူးဟာ ဘောလုံးပိုင်ဆိုင်မှုမှာ နာမည်ကြီးလှတဲ့ စီးတီးကို ကောင်းကောင်းကြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။

လီဗာပူးက တသင်းလုံး အင်တိုက်အားတိုက် ဖိအားပေးကစားသလို ဗန်ဒိုက် ဦးဆောင်တဲ့ခံစစ်ဟာ ကွင်းတဝက်စည်းထိတောင် တက်ကစားတာကို မြင်တွေ့ရမှာပါ။ ဒါပေမယ့်လို့ ဧည့်သည်အသင်းရဲ့ ပထမ ခံစစ်ကြောင်းက ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းမှာ နေရာလွတ်တွေကို ချုံ့ပစ်နိုင်ရေး ပြိုင်ဘက်တွေကို ဘောလုံးဆုံးရှုံးအောင် ဖိအားပေးကြမယ့် လီဗာပူးရဲ့ တိုက်စစ်သုံးယောက်တန်း ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် လီဗာပူးဘက်က ဖိအားပေး ကစားမှာအတွက်ကြောင့်နဲ့ စီးတီးက သူတို့ရဲ့ ကစားပုံကို ပြောင်းလဲမှာ မဟုတ်ပါဘူး။ သူတို့တွေ တည်တည်ငြိမ်ငြိမ်နဲ့ ပေးပို့မှုတွေ ဆက်လုပ်ရင်း တရစပ် ဖိအားအမြန်ပေး ကစားပုံကို အနိုင်ပိုင်းဖို့ ကြိုးစားပါလိမ့်မယ်။ စီးတီးကလည်း ဒီအတွက်ပဲ လေ့ကျင့်ထားခဲ့တာပါ။

ဒီပွဲမှာ မှော်ဆန်တဲ့ အခိုက်အတန့်တစ်ခုကို ဖြစ်စေနိုင်တဲ့ အလားအလာရှိတဲ့ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားတွေ အများကြီးရှိနေပါတယ်။ ဆာလာ၊ ဒီဘရိုင်းလို ကစားသမားတွေ။ နောက် ဘာနာတို၊ မာနေး အများကြီးပါပဲ။

ဘယ်သူကမှ ဒီပြိုင်ဆိုင်မှုကို အလွယ်ကလေးလို့ မထင်သင့်ပါဘူး။ အကောင်းဆုံးဖြစ်ရေး စိန်ခေါ်မှုအတွက် ရှင်သန်နေတဲ့၊ ထူးချွန်နည်းပြတွေလက်အောက်မှာ လုပ်ကိုင်နေရတဲ့ ထူးခြားပြောင်မြောက်တဲ့ အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံမှုပါ။

ဂွာဒီယိုလာနဲ့ ယာဂင်ကလော့ပ်ဟာ ပရီးမီးယားလိဂ်မှာ တသက်လုံးရှိနေမှာ မဟုတ်လို့ သူတို့ရှိနေတဲ့ ဒီအချိန်အတွင်း သူတို့ကြားက ချီးကျူး မှတ်တမ်းတင်ထိုက်တဲ့ ပြိုင်ဆိုင်မှုကို ပျော်ပျော်ရွှင်ရွှင် ခံစားကြည့်ကြသင့်ပါတယ်။

လီဗာပူးမှာ ဘီလ်ရှန်ကလေ နောက်ပိုင်း နည်းပြများစွာ ဝင်လာ၊ ထွက်ခွာခဲ့ကြပေမယ့် ဘယ်သူကမှ ကလော့ပ်လောက် ကလပ်နဲ့ အချိတ်အဆက် မမိခဲ့ကြပါဘူး။ ကလော့ပ်က ကစားသမားတွေ၊ ပရိသတ်တွေ၊ လီဗာပူးမြို့အကြောင်းကို နောကျေနေပြီးသူဖြစ်ပါတယ်။ သူက ဂီတမှူးတစ်ယောက်လို ကွင်းဘေးမှာ ရပ်နေမှာဖြစ်ပြီး ကစားသမားတွေကိူ လိုအပ်တဲ့ နေရာတွေဆီ သွားဖို့ ညွှန်ကြားမှု ပေးပါလိမ့်မယ်။

ဂွာဒီယိုလာအနေနဲ့ ဒီအခြေအနေကို အရင်က မြင်ဖူးပြီးသားဖြစ်ပြီး ကွင်းဘေးမှာ ဘာပြဿနာမှ အဖြစ်ခံမှာ မဟုတ်ပါဘူး။ စီးတီးနည်းပြဟာ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ကစားသမားတွေ အနိုင်ယူပေးမှာကို ယုံကြည်မှုအပြည့် ရှိနေပါလိမ့်မယ်။

ကျွန်တော့်ဘဝမှာ အာဆင်နယ်နဲ့ ယူနိုက်တက်ကြားက ဂန္တဝင်မြောက်တဲ့ ထိပ်တိုက်တွေ့ဆုံမှု တချို့မှာ ပါဝင်ခဲ့ရတယ်။ အမြဲတမ်း ၂သင်းက ရန်စောင်နေကြတာ။ ကျွန်တော်တို့က သူတို့ကို ကြည့်မရခဲ့သလို သူတို့ကလည်း ကျွန်တော်တို့ကို ကြည့်မရခဲ့ဘူး။

အခု စီးတီးနဲ့ လီဗာပူးရဲ့ ပြိုင်ဆိုင်မှုကတော့ အများကြီး လေးစားမှုရှိလာတယ်။ သူတို့က ကစားကွက် ဆင်တူပေမယ့် ကွဲလွဲတဲ့ ဟန်ပန်တွေနဲ့ ကစားပါတယ်။ နှစ်သင်းလုံးက သူတို့စိတ်ကြိုက် နည်းစနစ်တွေနဲ့ ကစားပြီး အနိုင်ရယူဖို့ ကြိုးစားပါလိမ့်မယ်။