စာချုပ်သစ် သဘောတူညီမှုရဖို့ ယုံကြည်ချက်ရှိနေပြီးလား မေးခွန်းကို ဆာလာ တုန့်ပြန်

တိုက်စစ်သမား ဆာလာက ဒီကရှေ့ သူ့ရဲ့ စာချုပ်အကြောင်းကို ပြောတော့မှာ မဟုတ်သလို ပြောဖို့ အချိန်လည်း မဟုတ်ပါဘူးလို့ သတင်းစကား ပါးလာပါတယ်။

ဆာလာဟာ လီဗာပူးအသင်းနဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ်ကုန်မှာဖြစ်ပြီး သူ့ကစားသမား ကုန်ဆုံးချိန်ထိ အသင်းမှာ ဆက်ရှိနေရေး သဘောတူညီမှုရဖို့ နီးစပ်နေတာပါ။ ဒါပေမယ့်လို့ ကလပ်က သမိုင်းဝင် ဖလားလေးလုံး အောင်မြင်မှု လမ်းကြောင်းမှာ ရှိနေတာနဲ့အတူ စာချုပ်ကိစ္စတွေထက် အသင်းနိုင်ပွဲအတွက်ပဲ အာရုံစိုက်ချိန် ရောက်နေပြီလို့ ဆာလာက မြင်ပါတယ်။

လီဗာပူးနဲ့ စာချုပ် အခြေအနေကို မေးခံရချိန်မှာ ဆာလာက ” ကျနော် အများကြီး ပြောလို့တော့ မရဘူးဆိုတာ ရိုးရိုးသားသား ပြောချင်ပါတယ်။ ဒါပေမယ့် ကျနော် ပြောနိုင်တာက လူတွေ မသိကြတဲ့ ကိစ္စတွေ အများကြီး ရှိထားတယ် ဆိုတာပါပဲ။

ကျနော် တစ်ကိုယ်ကောင်းဆန်ဆန် ပြုမှုနေလို့ မရပါဘူး။ ကျနော် အခြေအနေနဲ့ ပတ်သက်ပြီး ပြောဆိုနေလို့ မရဘူး။ အသင်းအတွက် အရမ်းကို အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်လာနေပြီဖြစ်ပါတယ်။ ဒီတော့ အသင်းအကြောင်းပဲ ပြောရပါမယ်။ အသင်းနဲ့အတူ ရောက်လာမယ့် ကိစ္စအပေါ် အာရုံစိုက်ရမှာဖြစ်ပြီး ဒါကပဲ အရေးအကြီးဆုံးပါပဲ။

ဒါကပဲ ကျနော် ပြောနိုင်တာ အားလုံးဖြစ်ပါတယ်။ ကျနော်တို့ ပိုပြီး လက်တွေ့ကျဖို့နဲ့ ဘာဖြစ်လာမယ်ဆိုတာ ကြည့်ရဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တယ်။

လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း တိုးရေးကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်သလား ဆိုတာကိုတော့ ဆာလာကပဲ ထပ်ဖြေခဲ့ပါတယ်။

” ကျနော် Yes လို့ မပြောနိုင်သလို No လို့လည်း ဖြေလို့ မရပါဘူး။ ဒါပေမယ့်လို့ ကျနော် ဘာလိုချင်တယ်ဆိုတာကို အကြိမ် အများကြီး ပြောပြီးပါပြီ။ အခုချိန်မှာ စာချုပ်ကိစ္စအကြောင်း နက်နက်နဲနဲ ပြောဆိုမှုတွေ လုပ်မှာ မဟုတ်ပါဘူး။ ဘာလိုလဲဆိုတော့ အခြေအနေက အမှားမခံတဲ့ အနေအထားကို ရောက်နေပါပြီ။

အသင်းက နိုင်ပွဲတွေရဖို့ လိုပါတယ်။ သတင်းထူးတွေ လုပ်နေလို့ မရဘူး၊ စာချုပ်သစ်ကိစ္စကိုပဲ ပြောနေလို့ မရဘူး။ အသင်းနဲ့အတူ အကောင်းဆုံး လုပ်ဆောင်ဖို့ပဲ အာရုံစိုက်ထားပါတယ် ” လို့ ဆာလာက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ” လို့ ဆိုသွားခဲ့ပါတယ်။