မန်စီးတီး Vs လီဗာပူး ပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီအပတ် လီဗာပူးနဲ့ မန်စီးတီးပွဲအတွက် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကို ဖော်ပြမှာဖြစ်ပါတယ်။

မန်စီးတီး Vs လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၃၁)
ဧပြီလ ၁၀ ရက်၊ တနင်္ဂနွေနေ့။
မြန်မာစံတော်ချိန် ည ၁၀ နာရီ။

မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်။ ။ ဒီရာသီရဲ့ အကြီးကျယ်ဆုံး ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ကျနော် မစောင့်နိုင်တော့ပါဘူး။ ကြားရက်တုန်းက အက်သလက်တီကိုနဲ့ ပွဲမှာ မန်စီးတီးက ကစားတာ အတော်လေး ကောင်းခဲ့ပါတယ်။ ဆီမြွန်နီရဲ့ အသင်းကို ရင်ဆိုင်ရတာက ဘယ်တုန်းကမှ မလွယ်ကူလှပါဘူး။ ဒါပေမယ့် စီးတီးက အဆုံးသတ်ပိုင်းမှာ ကောင်းကောင်းကြီး ကစားနိုင်ခဲ့တာမျိုး မရှိသလို သူတို့အသင်းမှာ အဆုံးသတ်ကောင်းတဲ့သူ မရှိတာ ကြာနေပါပြီ။

လစ္စဘွန်းမှာ သွားကစားစဉ် လီဗာပူးက အတော်လေး ကောင်းမွန်ခဲ့ပြီး ၃-၁ နဲ့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ လီဗာပူးအတွက်တော့ စိတ်ကြိုက် သွေးပူပွဲလေး ဖြစ်ခဲ့တယ်။ ဘင်ဖီကာက ပွဲကို အကောင်းဆုံး တုန့်ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူးအသင်း လက်မှတ်ထိုးခဲ့တဲ့ လူးဝစ် ဒီယက်စ်ကလည်း အတော်လေး ကောင်းမွန်နေပါတယ်။ သူက လီဗာပူးအသင်းကို ပိုပြီး ခြိမ်းခြောက်နိုင်စွမ်းတွေ ယူပေးလာခဲ့ပြီး ဒီပွဲမှာ သူက အစိတ်အပိုင်းကြီးအဖြစ် ပါဝင်ခဲ့မယ်ဆိုရင် အံ့အားသင့်မိမှာ မဟုတ်ပါဘူး။

ဒီပွဲက ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ လီဗာပူးဘက်က ရှိပါမယ်။ လီဗာပူးက မန်စိးတီးထက် ပိုကောင်းနေတဲ့ အနေအထားနဲ့ ဒီပွဲကို ယှဉ်ပြိုင်မှာဖြစ်ပြီး တိုက်စစ်ပိုင်း ခြိမ်းခြောက်နိုင်စွမ်းမှာ လီဗာပူးက ပိုသာပါတယ်။ လီဗာပူး အနိုင်ရပါလိမ့်မယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၁-၂ လီဗာပူး