လီဗာပူးရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲနဲ့ မန်စီးတီးရဲ့ နောက်ဆုံး ၈ ပွဲကို နှိုင်းယှဉ်ခြင်း

လီဗာပူးနဲ့ မန်စီးတီးကြား ပြိုင်ဆိုင်မှုက အရှိန်ပြင်းထန်နေသလို အရင်အပတ် စနေနေ့မှာဆိုရင် ထိပ်ဆုံးနေရာ အပြောင်းအလဲဟာ နှစ်ကြိမ်တောင် ဖြစ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ၄ လအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးကို တက်သွားခဲ့ပေမယ့် စီးတီးဟာ ဘန်လေကို အနိုင်ကန်ပြီး ဇယားထိပ်နေရာ ပြန်ယူခဲ့ပါတယ်။ လီဗာပူးနဲ့ စီးတီးဟာ နောက်ဆုံး လိဂ်ဖလား ၄ ကြိမ်ကို အောင်မြင်ထားခဲ့တာကြောင့် ဒီနှစ်ကပဲ ၅ ရာသီမြောက်အဖြစ် ဆက်လက် ယှဉ်ပြိုင်ကြရမှာပါ။

ဒီတစ်ပတ် ထိပ်တိုက်တွေ့ဆုံမှု ရလဒ်ဟာ ပရီးမီးယားလိဂ် ဆုဖလား ဘယ်အသင်း အနိုင်ရမလဲဆိုတာကို အဆုံးအဖြတ်ပေးမှု ဖြစ်သွားနိုင်ပါတယ်။

စီးတီးဟာ ပိုလွယ်ကူတဲ့ ပွဲစဉ်တွေ ရှိထားပေမယ့် နောက်ဆုံးလတွေမှာ ဖိအားကို ကိုင်တွယ်နိုင်စွမ်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။ ဂွာဒီယိုလာရဲ့အသင်းဟာ ဝက်ဖို့ဒ်၊ ဘရိုက်တန်၊ လိဒ်စ်နဲ့ နယူးကာဆယ်တို့လို အသင်းကို ကစားရဦးမှာဖြစ်တယ်။

သူတို့ရဲ့ အခက်ခဲဆုံး ပွဲက နောက်ဆုံးအပတ် မတိုင်ခင် တစ်ပတ်မှာ ဝက်ဟမ်းနဲ့ အဝေးကွင်းပွဲ ဖြစ်နိုင်ပါတယ်။ ဒီရာသီ လန်ဒန်ကွင်းမှာ လီဗာပူးအသင်းက ဝက်ဟမ်းကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးပါပြီ။ စီးတီးဟာ မန်နေဂျာ ဂျရတ် ကိုင်တွယ်နေတ့ အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာ ကစားရင်း ရာသီကို အဆုံးသတ်ရမှာဖြစ်ပါတယ်။

လီဗာပူးကတော့ ပိုခက်ခဲတဲ့ ပွဲတွေ ရှိနေပါသေးတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ အန်ဖီးကို လာကစားဖို့ ရှိနေသေးပြီး တန်းမဆင်းရဖို့အရေး တိုက်ပွဲဝင်နေရတဲ့ အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီလည်း ရှိပါသေးတယ်။ လီဗာပူးရဲ့ နောက်ဆုံးမတိုင်ခင် ရက်သတ္တပတ်ဟာ ဆောက်သမ်းတန်နဲ့ပွဲဖြစ်ပြီး နောက်ဆုံးပွဲမှာတော့ ဝုဗ်နဲ့ အိမ်ကွင်းမှာ ကစားရမှာပါ။

ဒီပွဲစဉ်တွေက ဘာတွေကို ပြောနေသလဲဆိုရင် မန်စီးတီးအတွက်က လီဗာပူးနဲ့ပွဲမှာ ရလဒ်မကောင်းခဲ့ရင်တောင် ဆက်လက် ယှဉ်ပြိုင်ခွင့် ရှိနေဦးမှာဖြစ်ပြီး လီဗာပူးအတွက်တော့ မန်စီးတီးကို အနိုင်ရရင်တောင်မှပဲ အပြင်းအထန် ဆက်ကြိုးစားဖို့ လိုပါတယ်။ ဒါဟာ စိန်ခေါ်မှုဆိုပေမယ့် အသင်းက မလုပ်နိုင်မယ့် ကိစ္စမျိုးလို့တော့ မထင်ပါဘူး။

လီဗာပူးနဲ့ စီးတီး နှစ်သင်းလုံးဟာ ပြည်တွင်းမှာ ချန်ပီယံ မျှော်လင့်ချက်တွေနဲ့အတူ ဥရောပပြိုင်ပွဲမှာလည်း အခြေအနေ ကောင်းနေခဲ့တယ်။ လီဗာပူးက ဘင်ဖီကာကို ၃-၁ နဲ့ အနိုင်ရထားပြီး ဒုတိယအကျော့မှာ အိမ်ကွင်းကစားရမှာက ပထမအကျော့ အေတီကို ကို ၁-၀ နဲ့ အနိုင်ရထားပြီး ဒုတိယအကျော့ အဝေးကွင်း သွားကစားရမယ့် ဂွာဒီယိုလာရဲ့အသင်းထက် ဖိအား ပိုနည်းပါတယ်။

နှစ်သင်းလုံးဟာ နောက်ဆုံး ဗိုလ်လုပွဲ မတိုင်ခင်အထိ ချန်ပီယံလိဂ်မှာ တစ်သင်းနဲ့တစ်သင်း ထိပ်တိုက်တွေ့စရာ မရှိပါဘူး။ ဒါပေမယ့် နှစ်သင်းဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာတော့ ထိပ်တိုက်တွေ့နေပြီး လာမယ့်အပတ် ဝင်ဘာလေမှာ ကစားရမှာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ လက်ကျန်ပွဲစဉ်များ

  • ဧပြီ ၁၀ – မန်စီးတီး (အဝေး)
  • ဧပြီ ၁၉ – မန်ယူနိုက်တက် (အိမ်)
  • ဧပြီ ၂၄ – အဲဗာတန် (အိမ်)
  • ဧပြီ ၃၀ – နယူးကာဆယ် (အဝေး)
  • မေ ၇ – စပါး (အိမ်)
  • မေလ ၁၁ – အက်စ်တွန်ဗီလာ (အဝေး)
  • မေ ၁၅ – ဆောက်သမ်တန် (အဝေး)
  • မေ ၂၂ – ဝုဗ် (အိမ်)

မန်စီးတီးရဲ့ လက်ကျန်ပွဲစဉ်များ

  • ဧပြီ ၁၀ – လီဗာပူး (အိမ်)
  • ရက်စွဲမသိရသေး – ဝုဗ် (အဝေး)
  • ဧပြီ ၂၀ – ဘရိုက်တန် (အိမ်)
  • ဧပြီ ၂၃ – ဝက်ဖို့ဒ် (အိမ်)
  • ဧပြီ ၃၀ – လိဒ်စ် (အဝေး)
  • မေ ၇ – နယူးကာဆယ် (အိမ်)
  • မေ ၁၅ – ဝက်စ်ဟမ်း (အဝေး)
  • မေ ၂၂ – အက်စ်တွန်ဗီလာ (အိမ်)