အန်ဖီးမှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရဖို့ ကြောက်မနေဘူးလို့ ကြိုတင် စိန်ခေါ်လိုက်တဲ့ နူးညက်

ဒါဝင် နူညက်က အိမ်ကွင်းမှာ လီဗာပူးကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တာအတွက် ဝမ်းနည်းနေပြီး ဒုတိယအကျော့မှာ အကောင်းဆုံး တုန့်ပြန်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ဥရောပရဲ့ မျိုးဆက်သစ် ကြယ်ပွင့်တွေထဲက တစ်ဦးလို့ မှတ်ယူခံရတဲ့ နူညက်ဟာ လီဗာပူးအသင်းကို ခြေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာပါ။ သူဟာ စိတ်လှုပ်ရှားစရာ တိုက်စစ် ထိုးဖောက်မှုတွေ လုပ်ခဲ့သလို ပင်နယ်တီ အခွင့်အရေး တစ်ကြိမ်ရဖို့ အားထုတ်ခဲ့ပေမယ့် ဒိုင်လူကြီးကတော့ ဟန်ဆောင်လဲချမှုဆိုတာ သေချာခဲ့တယ်။

ဒိနိုင်ပွဲကြောင့် ဒုတိယအကျော့မှာ လီဗာပူးက ၂ ဂိုးအသာနဲ့ ဦးဆောင် ယှဉ်ပြိုင်ရမှာဖြစ်ပြီး တိုက်စစ်သမားလေးကတော့ အန်ဖီးကို အကြောက်တရားနဲ့ ရောက်လာမှာ မဟုတ်ဘူးလို့ ပွဲအပြီး ထုတ်ပြောခဲ့ပါတယ်။

နူညက်က ” လီဗာပူးက အသင်းကောင်းတစ်သင်းပါ ဒါပေမယ့် သူတို့ကို ကျနော်တို့ ကြောက်နေမှာ မဟုတ်ပါဘူး။ ဒုတိယအကျော့မှာ ရလဒ်ကောင်းရဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

ကျနော် ဂိုးရခဲ့တာအတွက် မပျော်မိပါဘူး။ ကျနော် ဒီအသင်းမှာ ကစားနေတာက ဆုဖလားတွေ အနိုင်ရဖို့ပါ၊ ဂိုးတွေ သွင်းနေဖို့ မဟုတ်ပါဘူး။ ကျနော် ဝမ်းနည်းမှုတွေနဲ့အတူ အိမ်ကို ပြန်ရမှာပါ။ ဟုတ်ပါတယ် ကျနော်တို့ ပိုရချင်ပါတယ် ဒါပေမယ့် အဲ့တာက မဖြစ်ခဲ့ပါဘူး။ ကျနော်တို့ ယုံကြည်မှုရှိပြီး ဒုတိယပိုင်းမှာ ကစားပြခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

နူညက်ဟာ ဒီရာသီမှာ သူ့ရဲ့ ပြိုင်ပွဲစုံ ၃၄ ပွဲအတွင်း ၂၆ ဂိုးမြောက် သွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်တယ်။ ဒီနွေမှာ လီဗာပူးအသင်းရဲ့ ပစ်မှတ်တွေထဲက တစ်ဦးလို့ ယူဆခံထားရတဲ့ ဥရုဂွေး တိုက်စစ်သမားဟာ အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးပေမယ့် ကလော့ပ်ကတော့ တိုက်စစ်သမားကောင်း၊ ထိပ်တန်း ကောင်ကလေးလို့ ချီးကျူးခဲ့ပါသေးတယ်။