လီဗာပူးနဲ့ ဆာလာ သက်တမ်းတိုး စာချုပ်ကိစ္စ ဘယ်နေရာမှာ တစ်နေသလဲ ရှင်းပြခြင်း

လီဗာပူးအသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်သမား ဆာလာကို ဆက်ထိန်းဖို့ ကြိုးစားနေပါတယ်။ ဒီရက်ပိုင်းမှာတော့ အခြေအနေ ကောင်းလာနေတဲ့ သဘောမျိုးတွေ ကြားလာရတယ်။ အီဂျစ် အားကစားဝန်ကြီး ကိုယ်တိုင်က ဆာလာကို အသင်းပြောင်းဖို့ တိုက်တွန်းချိန်မှာ တိုက်စစ်သမားက စာချုပ်သစ် ချုပ်ဖြစ်မယ်လို့ ထုတ်ပြောခဲ့တယ်။

ပြီးခဲ့တဲ့ လတွေမှာ ဆာလာနဲ့ ဘာစီလိုနာကြား သတင်းဖော်ပြမှုတွေ ရှိနေပေမယ့် ဆာလာက လာလီဂါကို ပြောင်းဖို့ စိတ်မဝင်စားဘူးဆိုတာကို သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပြီးပါပြီ။ ဆာလာက လီဗာပူးမှာ ပျော်ရွှင်နေပြီး အသင်းကနေ ထွက်ခွာလိုစိတ် မရှိပါဘူး။

မနေ့ကပဲ လီဗာပူးနဲ့ ဆာလာကြား အဓိက သဘောတူညီမှု မရတာက တစ်ပတ် ပေါင် ၅ သိန်း တောင်းဆိုထားတဲ့ လုပ်ခပိုင်းထက် စာရင် စာချုပ်သက်တမ်း ဘယ်နှစ်နှစ်လဲဆိုတဲ့ ကိစ္စ ဖြစ်တယ်လို့ လီဗာပူးသတင်းထောက် David Maddock က အခုလို ဖော်ထုတ်လာခဲ့တယ်။

ဒီနွေမှာ ဆာလာက အသက် ၃၀ ပြည့်မှာ ဖြစ်ပေမယ့် ၃၀ တန်းကို ကျော်လာချိန်မှာလည်း အကောင်းဆုံး စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကလော့ပ်က လီဗာပူးအသင်းကို ပြောပြထားတယ်။ လီဗာပူးဘက်က ဆာလာအတွက် နောက်ဆုံး ကမ်းလှမ်းထားတဲ့ သက်တမ်းတိုးစာချုပ်ပါ တစ်ပတ်လုပ်ခက ပေါင် ၄ သိန်းဖြစ်ပါတယ်။ အဲ့စာချုပ်ကို ဆာလာဘက်က ငြင်းပယ်ထားပါတယ်။

လီဗာပူးကပေးတဲ့ စာချုပ်သစ်ဟာ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ် ဝန်းကျင်ပဲ ရှိပါတယ်။ လီဗာပူးဘက်က ဆာလာကို မြင့်မားတဲ့ လုပ်ခပေးမှာဖြစ်ပေမယ့် အသက် ၃၂ နှစ်၊ ၃၃ နှစ်လောက်အထိပဲ ထိန်းထားချင်တာပါ။ ဆာလာကတော့ လီဗာပူးအသင်းမှာ သူအဆင်ပြေနေတာမို့ ကာလရှည် စာချုပ်ကို လိုချင်တာပါ။

ဆာလာက ကာလတိုထက် သူ့အသက် ၃၅ နှစ်လောက်အထိ အမြင့်ဆုံး ပြိုင်ပွဲတွေမှာ ဆက်ကစားလို့ရမယ့် ၅ နှစ်ဝန်းကျင် သက်တမ်းတိုးစာချုပ်ဖြစ်ပါတယ်။ အကယ်လို့ လီဗာပူးအသင်း ၄ နှစ်၊ ၅ နှစ်လို ကာလရှည်စာချုပ် ကမ်းလှမ်းမယ်ဆိုရင် ဆာလာဘက်က လုပ်ခပိုင်းကို တစ်ပတ် ပေါင် ၄ သိန်းလောက်နဲ့ ညိနှိုင်းပေးမယ်လို့ ခန့်မှန်းရတယ်။

အခု ကလပ်နဲ့ ဆာလာ အေးဂျင့်ကြား ဒီကိစ္စတွေကို ညိနှိုင်းနေပြီဖြစ်ပါတယ်။ နှစ်ဘက် တာဝန်ရှိသူတွေ ထိပ်တိုက် ညိနှိုင်းကြပြီလို့ ကလော့ပ် ထုတ်ပြောလာမှုကို ဒီတစ်ကြိမ်မှာတော့ ဆာလာရဲ့ အေးဂျင့်က မည်သည့် တုန့်ပြန်မှုမှ မလုပ်ထားပါဘူး။