လီဗာပူးရဲ့ အားသာချက်တွေကို ရိုက်ချိုးနိုင်တယ်လို့ ပွဲကြို စိန်ခေါ်တဲ့ ဘင်ဖီကာနည်းပြ

အင်္ဂလန်ကလပ် တော်တင်ဟမ်၊ ကျူပီအာနဲ့ ဖူလ်ဟမ်တို့မှာ ကစားခဲ့ဖူးတဲ့ ဘင်ဖီကာ ကွင်းလယ် ကစားသမား တာရပ်ကတော့ ” ကျနော်တို့ ကွာတားဖိုင်နယ်ကို ရောက်နေတာပါ။ ကျနော်တို့မှာလည်း အခွင့်အရေး ရှိပါတယ် ” လို့ ပွဲကြိုစကား ထုတ်ပြောလာပါတယ်။

၁၆ သင်းအဆင့်မှာ ဒီရာသီ ချန်ပီယံလိဂ်မှာ နာမည်ကြီးနေတဲ့ အေဂျက်အသင်းကို အနိုင် ယူလာခဲ့တဲ့နောက် ဘင်ဖီကာကလည်း စိတ်ဓါတ်ပိုင်း တက်ကြွနေတာပါ။ ၎င်းတို့ဟာ ပေါ်တူဂီ ပြည်တွင်းလိဂ်မှာ အဆင့်ကောင်းကို ပိုင်ဆိုင်ထားခြင်း မရှိပေမယ့်လို့ ချန်ပီယံလိဂ်မှာ အကောင်းဆုံး ဆက်လုပ်ပြလိုနေတယ်။

တာရပ်က ” လီဗာပူးက ကျနော်တို့ လေးစားရတဲ့ အသင်းပါ ဒါပေမယ့် သူတို့ကို ကျနော်တို့ မကြောက်ပါဘူး။ သူတို့မှာ ဘယ်လို အရည်အချင်းကောင်းတွေ ရှိလဲဆိုတာ ကျနော်တို့ သိပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ဘင်ဖီကာ နည်းပြကလည်း လီဗာပူးအသင်းရဲ့ နည်းစနစ်တွေကို လေ့လာထားပြီး သူတို့အသင်းက ဟန့်တားပြနိုင်ပါတယ်လို့ ဆိုလာခဲ့တယ်။

နည်းပြနယ်ဆန်က ” အကယ်လို့ ကျနော်တို့တွေ ကိုယ်ရဲ့ အကောင်းဆုံးပုံစံ ကစားနိုင်မယ်ဆိုရင် လီဗာပူးရဲ့ အားသာချက်တွေကို ရိုက်ချိုးနိုင်ပါတယ်။

သူတို့မှာ တောင့်တင်းတဲ့ လူစာရင်း ရှိထားတယ်။ တိုက်စစ်ပိုင်း ရွေးချယ်စရာတွေ အများကြီးရှိတယ်။ သူတို့က ဒေါင်လိုက်တွေ ကစားနိုင်သလို။ အစွန်တွေ ထွက်ပြီးလည်း ကစားနိုင်တယ်။ သူတို့ ခပ်မြင့်မြင့် နေရာတွေမှာ ဖိအားပေးမှုတွေ လုပ်နိုင်တယ်။ အဲ့လိုတွေ လုပ်မယ်ဆိုတာ သိထားသလို သူတို့ကိုလည်း ကျနေ်ာတို့ လေ့လာထားပါတယ်။

အေဂျက်ကို ရင်ဆိုင်ခဲ့တဲ့ ပွဲမှာဆိုရင် ကျနော်တို့ရဲ့ ခံစစ် ကာကွယ်မှုတွေက အရမ်ကို ကျစ်လစ်ခဲ့တယ် ဆိုတာ သိပါတယ်။ ဒီအတွဲက ခက်ခဲပါတယ်။ ဒါပေမယ့် အခွင့်အရေးရဖို့ ကျနော်တို့ အကောင်းဆုံး ကစားရမယ်ဆိုတာကို နားလည်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာတော့ လီဗာပူးအသင်းက လူစုံ ထုတ်သုံးလာနိုင်မှာဖြစ်ပေမယ့် ကွင်းလယ်လူ ဂျုံးစ်ကိုတော့ ဝတ်ဖိုဒ့်ပွဲမှာ အနည်းငယ် ထိခိုက်ထားမှုအရ ပွဲထွက်လူစာရင်းကနေ အသုံးပြုဖွယ် မရှိပါဘူး။ ဘင်ဖီကာရဲ့ ပြိုင်ဘက် ပေါ်တိုအသင်း ကစားသမားဟောင်း ဒီယက်စ်ကို ဒီပွဲမှာ ပွဲထုတ်လာမယ်လို့တော့ ခန့်မှန်းနေကြတာဖြစ်ပါတယ်။