ဝတ်ဖိုဒ့်နဲ့ ယူနိုက်တက်ပွဲမှာ သရဲနီတွေ ရလဒ်ကောင်းရမယ်လို့ အိုဝင် ခန့်မှန်းသုံးသပ်

ဒီအပတ္မွာေတာ့ ယူႏုိက္တက္ဟာ ဇယားေအာက္ဆံုးက ဝတ္ဖိုဒ့္အိမ္ကြင္းထံ သြားေရာက္ျပီး အမွတ္ေပးပြဲ ကစားရမွာျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ရလဒ္ေကာင္းေတြ ျပန္ရေနျပီး စပါး၊ မန္စီးတီး တို႔ကို ဆက္တိုက္ အႏုိင္ရထားကာ အဲဗာတန္ကိုေတာ့ သေရက်ထားပါတယ္။ ၾကားရက္က ကာရာေဘာင္းပြဲမွာလည္း ဂိုးျပတ္ အႏိုင္ရထားကာ ဒီအပတ္ ယွဥ္ျပိဳင္ရမယ့္ ဝတ္ဖိုဒ့္နဲ႔ပြဲအတြက္ ယံုၾကည္ခ်က္ေတြ ရွိေနမွာျဖစ္တယ္။

” ဝတ္ဖိုဒ့္က ျပီးခဲ့တဲ့ အပတ္ အန္းဖီးလ္ကပြဲမွာ အခြင့္အေရးေကာင္းေတြ ရခဲ့ေပမယ့္ နုိင္ပြဲ ရယူနိုင္ခဲ့ျခင္း မရွိပါဘူး။ သူတို႔က ဒီရာသီ ၁၇ ပြဲ ကစားျပီးခ်ိန္မွာ ၉ မွတ္သာ ရယူထားရပါတယ္။ ပရီးမီးယားလိဂ္ သမိုင္းမွာေတာ့ ၁၇ ပြဲေလာက္ ကစားထားျပီးခ်ိန္မွာ ၉ မွတ္နဲ႕ ေအာက္ ရရွိထားတဲ့ အသင္းကလည္း ၉ သင္းသာ ရွိပါတယ္။ အဲဒီအသင္းေတြကလည္း ရာသီကုန္မွာ တန္းဆင္းသြားခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ျပီးခဲ့တဲ့ပြဲစဥ္ေတြထဲ အီတီဟက္မွာ မန္စီးတီးနဲ႕ ရင္ဆိုင္တုန္းက သူတို႔ရဲ႕ ေတာက္ပတဲ့ ေျခစြမ္းကို ျပသဖို႔ မစြမ္းသာခဲ့ပါဘူး။ ျပီးခဲ့တဲ့ အိုးထရက္ဖို႔ဒ္မွာ ကန္တဲ့ အဲဗာတန္နဲ႕ ပြဲမွာလည္း ျပိဳင္ဘက္ကို ေခ်မႈန္းဖို႔ ရုန္းကန္ခဲ့ရတယ္။ ဒါေပမယ့္ ဒီတပတ္ ဗီကာေရ႕ခ်္လမ္းမွာေတာ့ သူတို႔က ျပိဳင္ဘက္အသင္းထက္ မ်ားစြာ သာလြန္တဲ့ အရည္အခ်င္းေတြ ရွိေနပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

ဝတ္ဖိုဒ့္နဲ႔ ယူႏုိက္တက္ပြဲအတြက္ မိုက္ကယ္ အို၀င္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ေပးဂိုးမရွိဘဲ ယူနိုက္တက္ အနုိင္ပါ။

UNICODE

ဒီအပတ်မှာတော့ ယူနိုက်တက်ဟာ ဇယားအောက်ဆုံးက ဝတ်ဖိုဒ့်အိမ်ကွင်းထံ သွားရောက်ပြီး အမှတ်ပေးပွဲ ကစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရလဒ်ကောင်းတွေ ပြန်ရနေပြီး စပါး၊ မန်စီးတီး တို့ကို ဆက်တိုက် အနိုင်ရထားကာ အဲဗာတန်ကိုတော့ သရေကျထားပါတယ်။ ကြားရက်က ကာရာဘောင်းပွဲမှာလည်း ဂိုးပြတ် အနိုင်ရထားကာ ဒီအပတ် ယှဉ်ပြိုင်ရမယ့် ဝတ်ဖိုဒ့်နဲ့ပွဲအတွက် ယုံကြည်ချက်တွေ ရှိနေမှာဖြစ်တယ်။

” ဝတ်ဖိုဒ့်က ပြီးခဲ့တဲ့ အပတ် အန်းဖီးလ်ကပွဲမှာ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် နိုင်ပွဲ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။ သူတို့က ဒီရာသီ ၁၇ ပွဲ ကစားပြီးချိန်မှာ ၉ မှတ်သာ ရယူထားရပါတယ်။ ပရီးမီးယားလိဂ် သမိုင်းမှာတော့ ၁၇ ပွဲလောက် ကစားထားပြီးချိန်မှာ ၉ မှတ်နဲ့ အောက် ရရှိထားတဲ့ အသင်းကလည်း ၉ သင်းသာ ရှိပါတယ်။ အဲဒီအသင်းတွေကလည်း ရာသီကုန်မှာ တန်းဆင်းသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေထဲ အီတီဟက်မှာ မန်စီးတီးနဲ့ ရင်ဆိုင်တုန်းက သူတို့ရဲ့ တောက်ပတဲ့ ခြေစွမ်းကို ပြသဖို့ မစွမ်းသာခဲ့ပါဘူး။ ပြီးခဲ့တဲ့ အိုးထရက်ဖို့ဒ်မှာ ကန်တဲ့ အဲဗာတန်နဲ့ ပွဲမှာလည်း ပြိုင်ဘက်ကို ချေမှုန်းဖို့ ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် ဒီတပတ် ဗီကာရေ့ချ်လမ်းမှာတော့ သူတို့က ပြိုင်ဘက်အသင်းထက် များစွာ သာလွန်တဲ့ အရည်အချင်းတွေ ရှိနေပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

ဝတ်ဖိုဒ့်နဲ့ ယူနိုက်တက်ပွဲအတွက် မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ ပေးဂိုးမရှိဘဲ ယူနိုက်တက် အနိုင်ပါ။