အာတီတာနဲ့ အပြီးသတ်ကိစ္စ လုပ်နေပေမယ့် မန်နေဂျာအဖြစ် အတည်ပြုမှု နှောင့်နှေးဖွယ်ရှိ

အာဆင္နယ္ဟာ အာတီတာကို အျမဲတမ္းမန္ေနဂ်ာအျဖစ္ ေၾကညာႏုိင္ဖို႔ ၾကိဳးစားေနမႈက ေမွ်ာ္လင့္ထားသလို ခပ္ျမန္ျမန္ မျပီးေျမာက္ပဲ ေႏွာင့္ေႏွးဖြယ္ရွိျပီး အဲဗာတန္နဲ႔ပြဲ မတိုင္ခင္မွာေတာ့ အတည္ျပဳႏုိင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။

အျပီးသတ္ဆုိင္ရာ ေလွ်ာ္ေၾကးေပးမႈအျဖစ္ ေပါက္ ၂ သန္းထိကို မန္စီးတီးကို ေပးရမွာျဖစ္ျပီး မန္ခ်က္စတာကလပ္ဘက္က အာဆင္နယ္ရဲ႕ ခ်ိတ္ဆက္မႈကို ေလးစားမႈမရွိတဲ့ ကိစၥလို႔ နာမည္တပ္လာပါတယ္။ အာတီတာကို အတည္ျပဳဖို႔ ေဆြးေႏြးေနခဲ့ျပီး စပိန္သားကေတာ့ မနက္က ယွဥ္ျပိဳင္တဲ့ မန္စီးတီးရဲ႕ ကာရာေဘာင္းပြဲမွာ ပါဝင္သြားခဲ့ပါတယ္။

စတန္ခရြန္ကီနဲ႔ ေတြ႔ဆံုမႈေနာက္မွာ အသက္ ၃၇ ႏွစ္အရြယ္ အာတီတာက အာဆင္နယ္ကို တာဝန္ယူဖို႔ ပိုနီးစပ္ခဲ့တာျဖစ္ျပီး သံုးႏွစ္ခြဲၾကာ စာခ်ဳပ္နဲ႔အတူ တစ္ႏွစ္ကို ေပါင္ ၅ သန္းေပးမယ့္ လုပ္ခပိုင္းဆိုင္ရာကိုလည္း သေဘာတူညီထားတယ္လို႔ သိရတယ္။ နည္းျပအဖြဲ႔ထဲ ယြန္းဘတ္ကိုပါ ထည့္သြင္းမယ္လို႔လည္း သတင္းၾကားထားရတာျဖစ္ပါတယ္။

မန္စီးတီးဘက္ကေတာ့ သူတို႔ထံက သေဘာတူညီမႈကို မလုပ္ရေသးခင္မွာ အာဆင္နယ္က အျမဲတမ္းမန္ေနဂ်ာအျဖစ္ ေၾကညာမႈ လုပ္မွာကို အံ့ၾသမိတယ္လို႔ ထုတ္ေဖာ္ခဲ့ျပီး ကလပ္ႏွစ္သင္းဟာ အျပီးသတ္ဆိုင္ရာ ကိစၥေတြကို ေရွ႔ဆက္ေနဆဲပါ။ မန္ေနဂ်ာဂြာဒီယိုလာကလည္း ဒီရက္ေတြမွာ အာတီတာသတင္းပဲ ေျဖေနရျပီး ထူးျခားမႈ မရွိပါဘူးလို႔ ထုတ္ေျပာထားတယ္။

ဒါေပမယ့္ မန္စီးတီးဘက္က အာတီတာ ထြက္ခြာသြားဖို႔ နီးစပ္ေနတာေၾကာင့္ သူ႔ေနရာ အစားဝင္ဖို႔ အေတြ႔အၾကံဳရွိ နည္းျပတစ္ဦးကို ရွာေဖြေနျပီး Rodolfo Borrell ကို အစားထိုးမယ္လို႔ သိထားရပါတယ္။

UNICODE

အာဆင်နယ်ဟာ အာတီတာကို အမြဲတမ်းမန်နေဂျာအဖြစ် ကြေညာနိုင်ဖို့ ကြိုးစားနေမှုက မျှော်လင့်ထားသလို ခပ်မြန်မြန် မပြီးမြောက်ပဲ နှောင့်နှေးဖွယ်ရှိပြီး အဲဗာတန်နဲ့ပွဲ မတိုင်ခင်မှာတော့ အတည်ပြုနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

အပြီးသတ်ဆိုင်ရာ လျှော်ကြေးပေးမှုအဖြစ် ပေါက် ၂ သန်းထိကို မန်စီးတီးကို ပေးရမှာဖြစ်ပြီး မန်ချက်စတာကလပ်ဘက်က အာဆင်နယ်ရဲ့ ချိတ်ဆက်မှုကို လေးစားမှုမရှိတဲ့ ကိစ္စလို့ နာမည်တပ်လာပါတယ်။ အာတီတာကို အတည်ပြုဖို့ ဆွေးနွေးနေခဲ့ပြီး စပိန်သားကတော့ မနက်က ယှဉ်ပြိုင်တဲ့ မန်စီးတီးရဲ့ ကာရာဘောင်းပွဲမှာ ပါဝင်သွားခဲ့ပါတယ်။

စတန်ခရွန်ကီနဲ့ တွေ့ဆုံမှုနောက်မှာ အသက် ၃၇ နှစ်အရွယ် အာတီတာက အာဆင်နယ်ကို တာဝန်ယူဖို့ ပိုနီးစပ်ခဲ့တာဖြစ်ပြီး သုံးနှစ်ခွဲကြာ စာချုပ်နဲ့အတူ တစ်နှစ်ကို ပေါင် ၅ သန်းပေးမယ့် လုပ်ခပိုင်းဆိုင်ရာကိုလည်း သဘောတူညီထားတယ်လို့ သိရတယ်။ နည်းပြအဖွဲ့ထဲ ယွန်းဘတ်ကိုပါ ထည့်သွင်းမယ်လို့လည်း သတင်းကြားထားရတာဖြစ်ပါတယ်။

မန်စီးတီးဘက်ကတော့ သူတို့ထံက သဘောတူညီမှုကို မလုပ်ရသေးခင်မှာ အာဆင်နယ်က အမြဲတမ်းမန်နေဂျာအဖြစ် ကြေညာမှု လုပ်မှာကို အံ့သြမိတယ်လို့ ထုတ်ဖော်ခဲ့ပြီး ကလပ်နှစ်သင်းဟာ အပြီးသတ်ဆိုင်ရာ ကိစ္စတွေကို ရှေ့ဆက်နေဆဲပါ။ မန်နေဂျာဂွာဒီယိုလာကလည်း ဒီရက်တွေမှာ အာတီတာသတင်းပဲ ဖြေနေရပြီး ထူးခြားမှု မရှိပါဘူးလို့ ထုတ်ပြောထားတယ်။

ဒါပေမယ့် မန်စီးတီးဘက်က အာတီတာ ထွက်ခွာသွားဖို့ နီးစပ်နေတာကြောင့် သူ့နေရာ အစားဝင်ဖို့ အတွေ့အကြုံရှိ နည်းပြတစ်ဦးကို ရှာဖွေနေပြီး Rodolfo Borrell ကို အစားထိုးမယ်လို့ သိထားရပါတယ်။