မန်စီးတီးကို ထပ်မံ အနိုင်ယူပြီး ကာရာဘောင်းကနေ ဖြုတ်ချဖို့ ယုံကြည်ချက်ရှိနေတဲ့ ဆိုးရှား

ကာရာေဘာင္း ဆီမီးဖိုင္နယ္အတြက္ အတြဲေတြ ထြက္ေပၚလာခဲ့ျပီျဖစ္ျပီး ယူႏုိက္တက္ဟာ မန္ခ်က္စတာျပိဳင္ဘက္ မန္စီးတီးနဲ႔ ဒါဘီပြဲ ကစားရမွာျဖစ္ပါတယ္။

ဒီလအစမွာပဲ အမွတ္ေပးပြဲအျဖစ္ အီသီဟတ္မွာ ယူႏုိက္တက္တို႔ သြားေရာက္ ယွဥ္ျပိဳင္ခဲ့ျပီး ရပ္ဖိုဒ့္၊ မာရွယ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ မန္စီးတီးကို အႏုိင္ယူခဲ့တာျဖစ္တယ္။ ႏွစ္ေက်ာ့ယွဥ္ျပိဳင္ရမယ့္ ကာရာေဘာင္း ဆီမီးဖိုင္နယ္မွာလည္း ျမိဳ႕ခံျပိဳင္ဘက္ကို ျဖဳတ္ခ်ႏုိင္ဖို႔ ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက စိတ္အားထက္သန္ေနပါတယ္။

ဆိုးရွားက ” လူတိုင္းက ဖလားေတြ အႏုိင္ရလိုျပီး ပြဲေတြကို အႏုိင္ယူလိုစိတ္ ရွိၾကပါတယ္။ မန္စီးတီးနဲ႔ အတြဲက်တာက ေကာင္းပါတယ္။ အေတာ္ကို စိတ္လႈပ္ရွားစရာ ထိပ္တိုက္ေတြ႔မႈ ျဖစ္ပါတယ္။ က်ေနာ္တုိ႔က ဆက္လက္ ၾကိဳးစားေနျပီး အေကာင္းဆံုးပံုစံမွာ ရွိေနဖို႔ လုပ္ေဆာင္ေနပါတယ္။ မန္စီးတီးနဲ႔ ေတြ႔ဆံုခဲ့စဥ္က ဒါကို သက္ေသျပခဲ့ျပီး ဒီတစ္ၾကိမ္လည္း ဆက္လက္ လုပ္ျပသြားမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မနက္ကပြဲမွာ မာရွယ္နဲ႔ ရပ္ဖိုဒ့္တို႔က သြင္းဂိုးေတြ ရခဲ့ျပီး ဂရင္းဝုဒ္ေၾကာင့္ ျပိဳင္ဘက္က ကိုယ္ဂိုးကို ျပန္သြင္းမိခဲ့ပါေသးတယ္။ သံုးဂိုးျပတ္ အႏိုင္ရမႈမွာ ကလပ္အသင္း တိုက္စစ္သမားေတြ ေျခစြမ္းျပႏုိင္တာက ေက်နပ္စရာ ျဖစ္လာခဲ့တယ္။ အထူးသျဖင့္ ရပ္ဖိုဒ့္ဟာ အေကာင္းဆံုးအေနအထားကို ေရာက္ေနျပီး သြင္းဂိုုးေတြကို ဆက္တုိက္ ရယူႏုိင္ေနပါတယ္။

ကာရာေဘာင္းဆီမီးဖိုင္နယ္အျဖစ္ အက္စတြန္ဗီလာနဲ႔ လက္စတာ၊ မန္စီးတီးနဲ႔ ယူႏုိက္တက္တို႔ အတြဲက်ခဲ့တာျဖစ္ျပီး ရပ္ဖိုဒ့္ကေတာ့ ဒီပြဲကို အႏုိင္ယူကာ ဗိုလ္လုပြဲကို သြားႏုိင္ဖို႔ စိတ္ျပင္းျပေနပါတယ္။

UNICODE

ကာရာဘောင်း ဆီမီးဖိုင်နယ်အတွက် အတွဲတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ယူနိုက်တက်ဟာ မန်ချက်စတာပြိုင်ဘက် မန်စီးတီးနဲ့ ဒါဘီပွဲ ကစားရမှာဖြစ်ပါတယ်။

ဒီလအစမှာပဲ အမှတ်ပေးပွဲအဖြစ် အီသီဟတ်မှာ ယူနိုက်တက်တို့ သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ရပ်ဖိုဒ့်၊ မာရှယ်တို့ရဲ့ သွင်းဂိုးတွေနဲ့ မန်စီးတီးကို အနိုင်ယူခဲ့တာဖြစ်တယ်။ နှစ်ကျော့ယှဉ်ပြိုင်ရမယ့် ကာရာဘောင်း ဆီမီးဖိုင်နယ်မှာလည်း မြို့ခံပြိုင်ဘက်ကို ဖြုတ်ချနိုင်ဖို့ ယူနိုက်တက်မန်နေဂျာ ဆိုးရှားက စိတ်အားထက်သန်နေပါတယ်။

ဆိုးရှားက ” လူတိုင်းက ဖလားတွေ အနိုင်ရလိုပြီး ပွဲတွေကို အနိုင်ယူလိုစိတ် ရှိကြပါတယ်။ မန်စီးတီးနဲ့ အတွဲကျတာက ကောင်းပါတယ်။ အတော်ကို စိတ်လှုပ်ရှားစရာ ထိပ်တိုက်တွေ့မှု ဖြစ်ပါတယ်။ ကျနော်တို့က ဆက်လက် ကြိုးစားနေပြီး အကောင်းဆုံးပုံစံမှာ ရှိနေဖို့ လုပ်ဆောင်နေပါတယ်။ မန်စီးတီးနဲ့ တွေ့ဆုံခဲ့စဉ်က ဒါကို သက်သေပြခဲ့ပြီး ဒီတစ်ကြိမ်လည်း ဆက်လက် လုပ်ပြသွားမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မနက်ကပွဲမှာ မာရှယ်နဲ့ ရပ်ဖိုဒ့်တို့က သွင်းဂိုးတွေ ရခဲ့ပြီး ဂရင်းဝုဒ်ကြောင့် ပြိုင်ဘက်က ကိုယ်ဂိုးကို ပြန်သွင်းမိခဲ့ပါသေးတယ်။ သုံးဂိုးပြတ် အနိုင်ရမှုမှာ ကလပ်အသင်း တိုက်စစ်သမားတွေ ခြေစွမ်းပြနိုင်တာက ကျေနပ်စရာ ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ရပ်ဖိုဒ့်ဟာ အကောင်းဆုံးအနေအထားကို ရောက်နေပြီး သွင်းဂိုးတွေကို ဆက်တိုက် ရယူနိုင်နေပါတယ်။

ကာရာဘောင်းဆီမီးဖိုင်နယ်အဖြစ် အက်စတွန်ဗီလာနဲ့ လက်စတာ၊ မန်စီးတီးနဲ့ ယူနိုက်တက်တို့ အတွဲကျခဲ့တာဖြစ်ပြီး ရပ်ဖိုဒ့်ကတော့ ဒီပွဲကို အနိုင်ယူကာ ဗိုလ်လုပွဲကို သွားနိုင်ဖို့ စိတ်ပြင်းပြနေပါတယ်။