ရိုးရွိုက်စ် တစ်စီးလိုပဲလို့ သီယာဂိုကို ချီးကျူးခဲ့သူအား ဘန်တလေလို့ ပြင်ပေးလိုက်တဲ့ ကလော့ပ်

ဝက်ဖို့ဒ်နဲ့ ပွဲမှာ အထူးခြေစွမ်းပြသွားတဲ့ လီဗာပူး ကွင်းလယ်သမား သီယာဂို အယ်ကန်တာရာကို ‘ရိုးရွိုက်စ်’ ကားတစ်စီးနဲ့ ခိုင်းနှိုင်းချီးကျူးမှု ရှိခဲ့ပေမယ့် ယာဂန်ကလော့ပ်ဟာ ကတော့ သီယာဂို က ဘန်တလေ တစ်စီး ဖြစ်ချင်နေတာ ဖြစ်မယ်လို့ ပြင်ဆင် ပြောဆိုပေးခဲ့ပါတယ်။

ရိုးရွိုက်စ် နဲ့ ဘန်တလေတို့ဟာ ဇိမ်ခံကား အကောင်းစားချင်း တူပေမယ့် ရိုးရွိုက်စ် က ပိုတည်ငြိမ် ပြီး ဘန်တလေကတော့ ပို ပေါ့ပါး သွက်လက်တယ်လို့ တင်စားမှုတွေ ရှိထားတာပါ။

စပိန်အသင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ သီယာဂိုဟာ အန်ဖီးမှာ ဟန်ဒါဆန်၊ ကာတစ်တို့နဲ့အတူ ပွဲထွက်ခဲ့ရပြီး နိုင်ငံအသင်းပွဲ မကစားရတာကနေ အကျိုးကျေးဇူး ရခဲ့တာပါ။ သူဟာ ခံစစ်အပြင်ဘက်မှာ လီဗာပူးရဲ့ တည်ငြိမ်မှုအရှိဆုံး ကစားသမား ဖြစ်ခဲ့ပြီး ဘောလုံးထိချက် ၁၀၀ ရှိခဲ့သလို အခွင့်အရေး ဖန်တီးမှုအများဆုံး (၃ကြိမ်)၊ ဖျက်ထုတ်မှုအများဆုံး (၅ကြိမ်)၊ ကြားဖြတ်ယူမှုအများဆုံး (၃ကြိမ်) ရရှိခဲ့ပါတယ်။

စနေနေ့က ဝတ်ဖိုဒ့်နဲ့ပွဲမှာ သီယာဂိုရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ထပ်မံပြသခဲ့ပြီး အသင်းရဲ့ ကွင်းလယ် အင်ဂျင်ကို ထိန်းကျောင်းပဲ့ကိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ တင်ဆက်သူ ဂျင်ဝှိုက်က ကလော့ပ်နဲ့ စကားပြောရင်း သီယာဂိုကို ‘Rolls Royce ကား လို ကစားသမား’ အဖြစ် ချီးကျူးခဲ့တာပါ။

ယာဂင်က မှတ်ချက်ပေးရာမှာ ‘သူက Rolls Royce ထက် Bentley တစ်စီး ဖြစ်ချင်လောက်တယ်။ သူက နည်းနည်း ပိုမြန်တယ်လေ။ ဒါပေမယ့် ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါပဲ။ သူ ဒီကို ရောက်လာကတည်းက ဒါကို ကျွန်တော် သိခဲ့တာပါ။

သူက ဒဏ်ရာပြဿနာတွေ ဘာတွေနဲ့ ကံမကောင်းခဲ့ပေမယ့် သူ ကြံ့ခိုင်မှု ပြည့်ဝတဲ့အချိန်မှာ တကယ့် ပုံစံကောင်းတွေ ပြသနိုင်ပါတယ်။ သူက အမြင်ရှိတယ်။ မှန်ကန်တဲ့ အခိုက်အတန့်တွေမှာ ပွဲကို ထိန်းကျောင်းပေးနိုင်တယ်။ သူက တစ်ပွဲလုံးကို ခြုံငုံသုံးသပ်တတ်တဲ့ အစွမ်းအစ ရှိသူပါ။

ဘောလုံးပွဲတွေမှာ ကျွန်တော်လည်း မြင်တတ် သုံးသပ် တတ်တယ်လေ။ ဒါပေမယ့် ကျွန်တော်က အဲ့ဒါကို အသုံးချဖို့ ခြေထောက်ကောင်းကောင်း မသုံးနိုင်ဘူး။ ဒါကြောင့် သီယာဂိုမှာ အမြင်ရော၊ ခြေစွမ်းပါ ကောင်းနေတာ ဘုရားသခင်ကို ကျေးဇူးတင်ရမယ်။ မင်းတို့ ဒါကို ပျော်ပျော်ရွှင်ရွှင် ကြည့်ခဲ့ရမယ် ထင်တယ်။ ကျွန်တော်လဲ ကြည့်ခဲ့ရပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

သီယာဂိုဟာ လီဗာပူးအသင်းမှာ အရည်အသွေး အမြင့်ဆုံး ကစားသမားတစ်ယောက်ဆိုတာ သံသယ ဖြစ်စရာ မရှိပေမယ့် ဘိုင်ယန်မြူးနစ်ကနေ ရောက်လာပြီးနောက်ပိုင်း သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းက စိတ်ပျက်စေခဲ့တာ ဖြစ်ပါတယ်။

စနေနေ့ပွဲက စွမ်းဆောင်ရည်ဟာ အသင်းအပေါ် သူ့ရဲ့ လွှမ်းမိုးမှု ဘယ်လောက်ရှိတယ်ဆိုတာ နောက်ထပ် သက်သေပြခဲ့တာဖြစ်ပြီး လီဗာပူးဟာ အခုကနေ ရာသီကုန်ကြား နောက်ထပ် ဆုဖလား သုံးလုံးအတွက် ကြိုးပမ်းနေသလို သူက အရေးပါတဲ့ ထောက်တိုင်တစ်ခု ဖြစ်လာနိုင်ပါတယ်။

အသင်းကို အပြောင်းအလဲလုပ်ဖို့ ရွေးချယ်စရာတွေ ရှိပေမယ့် လီဗာပူးရဲ့ ဘန်တလေ သီယာဂိုကတော့ ပွဲကြီးတွေအတွက် ပိုပြီး ဦးစားပေး ခံရလိမ့်မယ် ဆိုတာ ငြင်းပယ်စရာ မရှိပါဘူး။