အဝါကဒ် ပြခံရရင် ချန်ပီယံလိဂ် ပွဲပယ် ပြစ်ဒဏ် ရင်ဆိုင်ရမယ့် လီဗာပူးနဲ့ ဘင်ဖီကာ ကစားသမား ၉ ဦး

ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်မှာတော့ လီဗာပူးနဲ့ ဘင်ဖီကာ ကစားသမား ၉ ဦးဟာ ပွဲပယ်ပြစ်ဒဏ် ရင်ဆိုင်ရမယ့် အနီးကပ် အခြေအနေမျိုးတွေ ကိုယ်စီ ရနေကြပါတယ်။

တနင်္လာနေ့မှာ လီဗာပူးအသင်းက လစ္စဘွန်းကို ထွက်ခွာကြမှာဖြစ်တယ်။ ယာဂင်က မီဒီယာ တွေ့ဆုံမှု လုပ်သွားမှာဖြစ်ပြီး ခါဘီမှာ နောက်ဆုံး လေ့ကျင့်ရေးတစ်ခုကို ပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက အင်တာမီလန်ကို အနိုင်ယူပြီး ကွာတားအဆင့်ကို တက်လာခဲ့ကာ ဘင်ဖီကာကတော့ အေဂျက်ကို အနိုင်ယူပြီး တက်လာခဲ့တာပါ။ ကလပ်နှစ်သင်း နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပွဲစဉ်မှာတော့ လီဗာပူးက အနိုင်ရခဲ့ပေမယ့် ဘင်ဖီကာကတော့ ပြည်တွင်း ပြိုင်ဘက်ကို အရေးနိမ့်ထားပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်မှာ အိမ်ကွင်း အားသာချက် မရှိတော့တာကြောင့် ဒုတိယအကျော့ အန်ဖီးကွင်း မတိုင်ခင်မှာ ဒီပွဲကို အနိုင်ရထားဖို့ လိုအပ်မှာဖြစ်တယ်။ ချန်ပီယံလိဂ် စည်းမျဉ်းအရ အဝါကဒ် သုံးကဒ် ပြသခံရတဲ့ ကစားသမားဟာ တစ်ပွဲပယ် ပြစ်ဒဏ်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လက်တလော ဘင်ဖီကာအသင်းမှာ အဝါကဒ် ၂ ကဒ်ရထားတဲ့ ကစားသမား ၇ ဦးထိ ရှိပါတယ်။

Benfica players on two yellows

  • Nicolas Otamendi, centre-back
  • Alejandro Grimaldo, left-back
  • Julian Weigl, central midfielder
  • Joao Mario, central midfielder
  • Goncalo Ramos, attacking midfielder
  • Rafa Silva, winger
  • Roman Yaremchuk, striker

လီဗာပူးအသင်းမှာလည်း အဝါကဒ် ၂ ကဒ်တွေ ပြသခံထားရတဲ့ ကစားသမား ၂ ဦး ရှိထားပြီး မာနေးနဲ့ ဂျိုတာတို့ဟာ ဒီပွဲမှာ အဝါကဒ် ပြသခံရမယ်ဆိုရင် ဒုတိယအကျော့ ပွဲစဉ်ကို လွဲချော်သွားကြမှာဖြစ်ပါတယ်။