မန်စီးတီးမှာ ဖိအား သိပ်ကြီးနေပြီး လာမယ့်အပတ်ပွဲ လီဗာပူး ရှုံးဖို့ မျှော်လင့်နေတဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာက အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့အပြီးမှာ လီဗာပူးပေးနေတဲ့ ဖိအားတွေက သိပ်ကို ကြီးမားလွန်းတယ်လို့ ဝန်ခံခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်က ၈ ပွဲပဲ ကစားဖို့ ကျန်ရှိချိန်မှာ လိဂ်ထိပ်ဆုံး နှစ်သင်းကြားမှာ ၁ မှတ်ပဲ ကွာဟနေတာပါ။ ဂွာဒီယိုလာကတော့ လက်ကျန်ပွဲ ၈ ပွဲလုံးကို မန်စီးတီး အနိုင်ရဖို့ အလိုရှိနေတယ်။ လီဗာပူးအသင်းကလည်း လက်ကျန်ပွဲ ၈ ပွဲလုံးကို နိုင်မယ်လို့ သူထင်ပေမယ့် သူတို့နဲ့ ထိပ်တိုက်တွေ့တဲ့ပွဲတော့ မနိုင်ဖို့ မျှော်လင့်တယ်လို့ မန်စီးတီး နည်းပြက ဆိုပါတယ်။

ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ အသင်းဟာ လက်ကျန် ၈ ပွဲမှာ ၈ ပွဲလုံး နိုင်တဲ့ အသင်းက ချန်ပီယံဖြစ်မှာဖြစ်ပါတယ်။ ဂွာဒီယိုလာကတော့ တစ်သင်းသင်းက ပွဲအားလုံး နိုင်မှကို ရမှာဖြစ်ပြီး တစ်ပွဲလောက် သရေကျတာ၊ ရှုံးနိမ့်တာဖြစ်ရင်တောင် ချန်ပီယံဖြစ်တော့မှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့တယ်။

” အတိတ်မှာ လုပ်ခဲ့တာတွေက ထပ်ပြီးဖြစ်လာမယ်လို့ မဆိုလိုပါဘူး။ ပွဲတိုင်းက ဒီလိုပါပဲ။ ပွဲတွေကို ဦးတည်ချက်နဲ့ ကစားပြီး ကြိုးစားဖို့ လိုပါတယ်။

မေလမှာ ဆုဖလားကိုင်မြောက်နိုင်ဖို့ စိန်ခေါ်နိုင်တယ်ဆိုတာက မယုံနိုင်လောက်တဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ထားလို့ပါပဲ။ အဲ့လို အဆင့်ကို ရောက်တာက အများကြီး အားထုတ်ခဲ့လို့ပါ။ ဘောလုံးရာသီတိုင်းမှာ ကျနော်တို့ အကောင်းဆုံးလုပ်ခဲ့ပြီး အဖွဲ့အစည်း တစ်ခုလုံးကို အသိအမှတ် ပြုရမှာပါ။

ကျနော်တို့ တိုက်ခိုက်ရပါလိမ့်မယ်။ ပြိုင်ဘက်က သိပ်ကောင်းတယ်၊ အရမ်း ရင်ဆိုင်ရခက်တယ်။ ဒါပေမယ့်လို့ ကျနော်တို့ စစ်မှန်တဲ့ တိုက်ခိုက်မှုကို လုပ်ရမှာဖြစ်ပြီး ဒါကို လက်ခံပါတယ်။

၈ ပွဲကျန်သေးပြီး ၂၄ မှတ်အတွက် ကစားရမှာပါ။ ဒီအကြောင်းကို ပြောဖြစ်ပါတယ်။ ရင်ဆိင်ရတဲ့ ပွဲတိုင်းကို ကျေနပ်အားရပါတယ်။ အကယ်လို့ ကျနော်တို့ ပွဲတွေမှာ အရေးနိမ့်ရင်၊ မနိုင်ခဲ့ရင် ဒီပြေးလမ်းကနေ ထွက်ရပါလိမ့်မယ်။

အဲ့လောက်ကို ရိုးရှင်းပါတယ်။ လီဗာပူး ပွဲတိုင်းနိုင်ရင်တောင် ကျနော်တို့နဲ့ ရင်ဆိုင်ရတဲ့ပွဲကို အရေးနိမ့်ဖို့ မျှော်လင့်ပါတယ်။ သူတို့ ရမှတ်တွေ လျော့နည်းမယ်လို့ မထင်ပါဘူး။ ဒီဖိအားကို ကျနော်တို့ ခံစားမိနေပြီး ကိုင်တွယ်နိုင်ရပါမယ်။

အတိတ်မှာတုန်းက ဒါကို ကျနော်တို့ ကိုင်တွယ်နိုင်ခဲ့တယ်။ ကျနော်တိ့ ၁၄ ပွဲ ဆက်တိုက် အနိုင်ရခဲ့တယ်။ အခု ကျနော်တို့ ၈ ပွဲဆက်တိုက် နိုင်ဖို့ လိုလာပါတယ်။ အဲ့လိုမှ မနိုင်ရင် ချန်ပီယံ မဖြစ်နိုင်တော့ပါဘူး ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် ထိပ်တိုက်တွေ့ကြပြီ ဖြစ်ပါတယ်။