ထရန်နဲ့ ကိတ်တာတို့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို ဝတ်ဖိုဒ့်ပွဲကြို ထုတ်ပြောလာတဲ့ ယာဂင်

လီဗာပူးအသင်းအတွက် သတင်းကောင်းကတော့ ညာအစွန်လူ ထရန့်ဟာ ဒဏ်ရာကနေ လျှင်လျှင်မြန်မြန် ပြန်သက်သာလာကာ ဒီကနေ့မှာပဲ အသင်းလိုက် လေ့ကျင့်ရေးကို ပြန်ဝင်နိုင်မယ်လို့ သိရပါတယ်။

ဝတ်ဖိုဒ့်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ကလေ့ာပ်ကပဲ “ မနေ့တုန်းက ထရန့် လေ့ကျင့်ရေး ဝင်ခဲ့တယ်။ တစိတ်တပိုင်းလောက်ပေါ့လေ။ ဒီနေ့တော့ သူအသင်းနဲ့ လေ့ကျင့်ရေးအပြည့် ပြန်ဝင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ဘာလုပ်နိုင်မယ်ဆိုတာ ကြည့်ကြတာပေါ့။

ဒီနိုင်ငံထဲမှာ ဘာတွေပြောနေကြတယ်ဆိုတာ ကျနော် သိပါတယ်။ ထရန့်ကလည်း နိုင်ငံအသင်းအတွက် သွားချင်ပါတယ်။ သေချာအောင် လုပ်ရတဲ့အခါ သူက သွားလို့မရခဲ့ပါဘူး။ ခင်ဗျားတို့လည်း ဒဏ်ရာ စကန် ဖတ်ထားတာကို မြင်နိုင်ပါတယ်။ ဒီပုံတွေကြည့်ရင် သူဘယ်ကိုမှ သွားလို့မရဘူးဆိုတာ မြင်ကြမှာပါ။

ဒါပေမယ့်လည်း တစ်ခါတစ်လေတော့ ဒဏ်ရာတွေက ၅-၆ ပတ်လောက်ထိ နားရအောင် မပြင်းထန်တတ်ပါဘူး။ ရံဖန်ရံခါ နှစ်ပတ်လောက်နဲ့ ပြန်သက်သာလာတတ်ပါတယ်။ ထရန့်က အခုလို ဖြစ်ခဲ့တာပါ။

မနက်ဖြန်ပွဲမှာ သူပါဖို့တော့ မသေချာသေးပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေရှိတယ်လို့တော့ သိရပါတယ်။ အသင်းနဲ့အတူ လေ့ကျင့်ရေး ဆင်းနိုင်တယ်ဆိုတာက ခြားနားတဲ့ ကိစ္စပါ။ မဆင်းခင် သူဘယ်လောက် လုပ်နိုင်သလဲဆိုတာ ကျနော်တို့ရဲ့ ဆေးအဖွဲ့က စစ်ဆေးရပါတယ်။ အဲ့စစ်ဆေးမှုတွေက သိပ်ပြင်းထန်ခဲ့ပါတယ်။

ရုပ်ပိုင်းဆိုင်ရာမှာတော့ သူ အဆင်ပြေပါတယ်။ အခုတော့ ပုံမှန်ခြေစွမ်းလို အနေအထားတွေအတွက် ကျနော်တို့ ဆုံးဖြတ်ချက် လုပ်ရမှာပေါ့ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ထရန့်က ဘင်ဖီကာပွဲမှာ ပါနိုင်မလားလို့ သတင်းထောက်တွေက ဆက်မေးရာမှာတော့ ကလော့ပ်က “ပါနိုင်မယ် ထင်ပါတယ် ” လို့ ပြန်ဖြေပေးခဲ့တယ်။

ဒဏ်ရာရနေတဲ့ ကိတ်တာ အခြေအနေကိုလည်း “ မနေ့က ကိတ်တာ လေ့ကျင့်ရေး မဝင်နိုင်ခဲ့ပါဘူး။ ဟိုနား နည်းနည်း ဒီနား နည်းနည်း နာတယ်လို့ ခံစားရတယ်။ အတိအကျတော့ ကျနော်လည်း မသိဘူး။ ဒီနေ့ထိတော့ နာဘီအကြောင်း ဘယ်သူမှ မပြောသေးပါဘူူး။ ဒီ လေ့ကျင့်ရေး ဝင်နိုင်မလား ကြည့်ရမှာပါ။ သူကလွဲရင် အားလုံး ပါနိုင်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။