လီဗာပူး Vs ဝတ်ဖိုဒ့် တို့ရဲ့ အစောဆုံးပွဲစဉ်အတွက် လော်ရိုးရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ မန်နေဂျာဟောင်း ရွိုင်ဟော့ဆန် ကိုင်တွယ်နေတဲ့ တန်းဆင်းဇုန်ကလပ် ဝတ်ဖိုဒ့်အသင်းကို အိမ်ကွင်း အန်ဖီးမှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

ဒီအပတ်မှာ လီဗာပူးက အစောဆုံးပွဲ ကစားရမှာဖြစ်လို့ ဒီပွဲကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယား ထိပ်ဆုံးကို ယာယီ တက်လှမ်းနိုင်မယ်ဖြစ်တယ်။ ဒီပွဲအတွက် ဘီဘီစီမှ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လီဗာပူး Vs ဝတ်ဖိုဒ့်
ပရီးမီးယားလိဂ် ပွဲစဉ် (၃၁)
ဧပြီလ ၂ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၆ နာရီ။

လော်ရိုးရဲ့ သုံးသပ်ချက်။ ။ အခုချိန်မှာ လီဗာပူးနဲ့ မန်စီးတီးတို့အတွက် စွမ်းဆောင်ရည်က အရေးမကြီးတော့ပါဘူး။ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုအတွက် ရလဒ်ကပဲ အရေးကြီးဆုံး ဖြစ်သွားခဲ့ပါပြီ။

လီဗာပူးက ပြီးခဲ့တဲ့ အမှတ်ပေးပွဲ ၉ ပွဲကို အနိုင်ရခဲ့တယ်။ ဒါပေမယ့် အားလုံးသော အာရုံစူးစိုက်မှုတွေက ဒီပွဲကို အနိုင်ရဖို့အပေါ်ပဲ ရှိနေတယ်ဆိုတာ မေ့မထားဖို့ လိုပါတယ်။ စနေနေ့မှာ လီဗာပူးအတွက် စမ်းသပ်မှုက ဝတ်ဖိုဒ့်ခံစစ်ကို ချိုးဖျက်ဖို့ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ရွိုင်ဟော့ဆန်ရဲ့ အသင်းက ဘယ်လို ကစားမယ်ဆိုတာ အားလုံး သိကြပါတယ်။

ဒီပွဲမှာ လီဗာပူးအသင်းက အရမ်းကြီး ဒုက္ခများမယ်လို့ မထင်ပါဘူး။

ပြီးခဲ့တဲ့ ပွဲမှာ ဝတ်ဖိုဒ့်က နိုင်ပွဲကောင်းရခဲ့ပြီး ဆောက်သမ်တန်ကို အနိုင်ရခဲ့တယ်။ ဒါပေမယ့် ငြိမ်းခါနီး မီးတောက်က အစွမ်းကုန် ထတောက်တာမျိုးကို ကျနော်တို့ မြင်ခဲ့ဖူးတာပဲ။ ပြီးရင် နောက်ပွဲမှာ စိတ်ပျက်စရာ စွမ်းဆောင်ရည်တွေ ပြသပြန်ရော။ သူတို့ အန်ဖီးမှာ မိနစ် ၉၀ ထိန်းကန်သွားမယ်ဆိုရင် ကျနော်ကတော့ သိပ်ကို အံ့သြမိမှာပါ။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၀ ဝတ်ဖိုဒ့်