ဒီပွဲမှ မနိုင်ရင် ဒုက္ခရောက်ပြီဆိုတဲ့ စိတ်မျိုးနဲ့ ပေါက်ကွဲ ကစားပေးကြဖို့ ကလော့ပ် တောင်းဆို

လီဗာပူးအသင်းသားတွေထံက အင်ပြည့်အားပြည့် ကစားမှုဟာ လာမယ့် ပွဲစဉ်တွေမှာ အသင်းရဲ့ ပုံစံကောင်းကို ဆက်ထိန်းဖို့ အရေးပါလာမယ်လို့ ကလော့ပ်က ပြောပါတယ်။

လီဗာပူးအသင်းသားတွေထံက ဒီပွဲမှ မနိုင်ရင် အဆုံးသတ်သွားမယ်ဆိုတဲ့ ခံယူချက်နဲ့ အင်အားကြီးကြီး ကစားပြတာမျိုးကို အလိုရှိကြောင်း ကလော့ပ်က တောင်းဆိုခဲ့တယ်။ လာမယ့် ပွဲစဉ်တွေမှာ ဘယ်အသင်းကမှ ရင်မဆိုင်လိုတဲ့ အသင်းတစ်သင်းရဲ့ တောင့်တင်းမှုကို ပြသရေးက အရေးပါမယ်လို့ ကလော့ပ်က မြင်ပါတယ်။

ဆက်ပြီး ကလော့ပ်ကပဲ ” ဖောရတ်စ်က ချန်ပီယံရှစ်ကလပ် ဆိုပေမယ့် တကယ်ကိုကောင်းမွန်တဲ့ အခိုက်အတန့်မှာ ရှိနေတာပါ။ သူတို့ တည်ဆောက်ထားတဲ့ နည်းစနစ်၊ သူတို့အသင်းမှာရှိတဲ့ ကြီးမားတဲ့ အရည်အသွေးက ပရီးမီးယားလိဂ်က ကလပ်ထက်တောင် သာကောင်းသာနိုင်ပါတယ်။ ဒါကြောင့် ဒီဟာက တကယ်ကို ခက်ခဲတဲ့ပွဲပါ။

အခုချိန်အတွက် စိန်ခေါ်မှုက အခြေအနေကောင်းမှာ ရှိနေပေမယ့် ဘေးချိတ်ထားရမယ်။
ကျွန်တော်တို့ဟာ အမှတ်ပေးဇယားမှာ အဆိုးရွားဆုံး နေရာမှာ ရှိနေသလိုမျိုး၊ ဒါကိုမနိုင်ရင် အဆုံးသတ်သွားတော့မလိုမျိုး၊ နောက်ပွဲကို အနိုင်ရဖို့ လောဘကြီးကြီး၊ မာန်ပါပါနဲ့ စိတ်အားထက်သန်နေရမယ်။

ပွဲမစခင်ကတည်းက ဘယ်သူမှ ရင်မဆိုင်ချင်တဲ့ အသင်းမျိုးဖြစ်ရမယ်။ ဒါကို နော်တင်ဟမ်နဲ့ပွဲမှာ ကျွန်တော်တို့ ထပ်မံပြသဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်သိတဲ့ နည်းလမ်းက နောက်ပွဲအပေါ် လုံးဝ အပြည့်အဝ အာရုံစိုက်ထားဖို့ပဲ။ အခုဆို နော်တင်ဟမ်နဲ့ပွဲကိုပေါ့။

ကျွန်တော်တို့မှာ လိုချင်တာထက် ပိုများတဲ့ ပြဿနာတွေ ရှိပြီးသားပါ။ အာနိုးရဲ့ တံကောက်ကြော ဒဏ်ရာ၊ ကိုဗစ်ပြဿနာပြီးတော့ နော်တင်ဟမ်နဲ့ ပွဲကစားရမှာတွေပါပဲ ” လို့ ကလော့ပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကလပ်ရဲ့ ပွဲစဉ်ဇယားတွေက သိပ်ကို များလွန်းသလို အဝေးကွင်းတွေအတွက် ဟိုတယ်တွေ တစ်ခုပြီး တစ်ခု ပြောင်းတည်းရတာကြောင့် အခန်းနံပါတ်တွေတောင် မနည်း မှတ်ရတယ်လို့
ကလော့ပ်က မှတ်ချက်ပေးခဲ့ပါသေးတယ်။

“ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်နောက်ပိုင်း ကျွန်တော်တို့က အာဆင်နယ်ထက် ၆ ပွဲ ပိုကစားခဲ့ရတယ် ထင်ပါတယ်။ ဒါကို ခင်ဗျားတို့လဲ မြင်နိုင်ပါတယ်။ ကျွန်တော်တို့ ဆက်တိုက် ခရီးတွေသွားရတယ်။ ဟိုသွားလိုက်၊ ဒီသွားလိုက်တယ်၊ ဟိုတယ်ရောက်လိုက်နဲ့။

နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ကျွန်တော်တို့က ၁၃ ပွဲကစားခဲ့ရပြီး အာဆင်နယ်က ၆ ပွဲပဲ ကစားခဲ့ရတယ် ထင်တယ်။ ၁၃ ပွဲဆိုတာ တကယ် ရူးလောက်စရာပဲ။ အဲ့လို ပွဲဆက်တွေက ရပ်တန့်သွားမှာ မဟုတ်သလို ကျွန်တော်တို့က စောဒကလည်း မတက်ပါဘူး။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲပေါ့။

ကျွန်တော်တို့တွေ မတူညီတဲ့ ဟိုတယ်တစ်ခုမှာ နိုးလာပြီး တစ်ယောက်ယောက်က စားသောက်ဆိုင် ဘယ်မှာရှိလဲဆိုတာ မင်းကို ပြောပြတယ်။ ကိုယ့်အခန်းနံပါတ်ကို မှတ်မိဖို့ ကြိုးစားရတယ်။ ဒါက ကျွန်တော်တို့ရဲ့ ပုံမှန် နေထိုင်မှုဘဝလိုပါပဲ ”လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။