အာဆင်နယ် ရုန်းကန်နေရမှုတွေကို အာတီတာ ဖြေရှင်းနိုင်မလား ထင်မြင်ချက်ပေးတဲ့ ဂွာဒီယိုလာ

မန္စီးတီး နည္းျပ ဂြာဒီယိုလာက အာဆင္နယ္ နည္းျပ ျဖစ္လာေတာ့မယ့္ အာတီတာ နဲ႔ ပတ္သက္ၿပီး
အာဆင္နယ္ဟာ အျမဲတမ္း မန္ေနဂ်ာသစ္အတြက္ မန္စီးတီးမွ အာတီတာနဲ႔ စကားေျပာေနျပီး ေဆြးေႏြးမႈ သံုးၾကိမ္ထိ လုပ္ထားခဲ့ျပီျဖစ္ကာ အတည္ျပဳသတင္းကို ရက္ပိုင္းအတြင္း ေၾကညာႏုိင္ဖို႔ လုပ္ေဆာင္ေနပါတယ္။

အာဆင္နယ္အေနနဲ႔ အာတီတာကို ေခၚထုတ္ႏုိင္ဖို႔ မန္စီးတီးကို စာခ်ဳပ္ဆိုင္ရာ ကိစၥေတြအတြက္ ေပါင္ ၁ သန္း ေပးရမယ္လို႔လည္း သိထားရတယ္။ ဒီအေျခအေနနဲ႔ ပက္သက္ျပီး မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက သူ႔အျမင္ကို ေျပာဆိုခဲ့ကာ အားလံုးက ေရွ႔ဆက္ လုပ္ေဆာင္ေနၾကတယ္လို႔ ဆိုပါတယ္။

ဂြာဒီယိုလာက ” ကုန္ခဲ့တဲ့ ႏွစ္ ၂၀ အတြင္းမွာ အာဆင္နယ္က ကမၻာအေကာင္းဆံုးေတြထဲကတစ္သင္း အျမဲျဖစ္ေနခဲ့တာပါ။ အာဆင္ဝင္းဂါးက အာဆင္နယ္ကို ထိပ္တန္းအဆင့္ ေရာက္ေစခဲ့ျပီး လက္ရွိမွာေတာ့ ရုန္းကန္ေနရပါတယ္။ အသင္းတစ္သင္းက မန္ေနဂ်ာသစ္ ခန္႔အပ္တာ၊ ကစားသမားသစ္ေတြ ေခၚတယ္ဆိုတာ အသင္းကို ပိုေကာင္းလာေစဖို႔ပါ။ ဒီအေျပာင္းအလဲေတြက ပိုေကာင္းလာမလား မေသခ်ာေပမယ့္ အာတီတာကေတာ့ ပေရာ္ဖက္ရွင္နယ္ ပီသသူတစ္ဦးျဖစ္ပါတယ္။

သူက က်ေနာ္ကို အျမဲတမ္း ပြင့္ပြင့္လင္းလင္းေျပာပါတယ္။ က်ေနာ္တို႔ရဲ႕ အားကစားဒါရိုက္တာ၊ စီအီးအိုတို႔နဲ႔ အာဆင္နယ္ဘက္က စကားေျပာေနတယ္လို႔ သိထားတယ္။ ညဘက္ အာတီတာနဲ႔ ေဆြးေႏြးတဲ့ကိစၥေတာ့ က်ေနာ္ မသိဘူး။ သူတို႔က သတင္းမထြက္ေစခ်င္ေပမယ့္ သတင္းက ထြက္သြားခဲ့ပါတယ္။

အာဆင္နယ္က အေကာင္းဆံုးျဖစ္မွာကို လုပ္ေဆာင္လိုေနတယ္။ က်ေနာ္ အာတီတာနဲ႔ စကားေျပာခဲ့ျပီး သူကလည္း သူ႔ခံစားခ်က္ရွိေနတယ္။ က်ေနာ္တို႔ လက္တြဲလုပ္လာတဲ့ အေျခအေနကို ေက်နပ္ေပမယ့္ သူ႔ကို အသင္းမွာပဲ ဆက္ရွိေနဖို႔ က်ေနာ္မွာ တားခြင့္ မရွိပါဘူး။ လူတိုင္းမွာ ကိုယ္ရဲ႕ျဖစ္လိုမႈေတြရွိျပီး ဆက္မေနလိုတဲ့ ဘယ္သူ႔ကိုမဆို တားမွာ မဟုတ္ဘူးဆိုတာ က်ေနာ္ ေျပာထားျပီးပါျပီ။

ကလပ္အသင္းက အာတီတာကို အသင္းမွာ ဆက္ရွိေနဖို႔ အစြမ္းကုန္ လုပ္ေဆာင္ခဲ့တယ္။ သူထြက္သြားခဲ့ရင္ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ဘဝနဲ႔ မိသားစုအတြက္ အေကာင္းဆံုးျဖစ္ဖို႔ ဆုေတာင္းပါတယ္။ က်ေနာ္ကေတာ့ သူ႔ကို အႏုိင္ယူမွာပါ။ ေနာက္တာပါဗ်ာ။ သူ႔ကို အဆင္ေျပပါေသလို႔ ဆုေတာင္းေပးမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

မန်စီးတီး နည်းပြ ဂွာဒီယိုလာက အာဆင်နယ် နည်းပြ ဖြစ်လာတော့မယ့် အာတီတာ နဲ့ ပတ်သက်ပြီး
အာဆင်နယ်ဟာ အမြဲတမ်း မန်နေဂျာသစ်အတွက် မန်စီးတီးမှ အာတီတာနဲ့ စကားပြောနေပြီး ဆွေးနွေးမှု သုံးကြိမ်ထိ လုပ်ထားခဲ့ပြီဖြစ်ကာ အတည်ပြုသတင်းကို ရက်ပိုင်းအတွင်း ကြေညာနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

အာဆင်နယ်အနေနဲ့ အာတီတာကို ခေါ်ထုတ်နိုင်ဖို့ မန်စီးတီးကို စာချုပ်ဆိုင်ရာ ကိစ္စတွေအတွက် ပေါင် ၁ သန်း ပေးရမယ်လို့လည်း သိထားရတယ်။ ဒီအခြေအနေနဲ့ ပက်သက်ပြီး မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက သူ့အမြင်ကို ပြောဆိုခဲ့ကာ အားလုံးက ရှေ့ဆက် လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

ဂွာဒီယိုလာက ” ကုန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အာဆင်နယ်က ကမ္ဘာအကောင်းဆုံးတွေထဲကတစ်သင်း အမြဲဖြစ်နေခဲ့တာပါ။ အာဆင်ဝင်းဂါးက အာဆင်နယ်ကို ထိပ်တန်းအဆင့် ရောက်စေခဲ့ပြီး လက်ရှိမှာတော့ ရုန်းကန်နေရပါတယ်။ အသင်းတစ်သင်းက မန်နေဂျာသစ် ခန့်အပ်တာ၊ ကစားသမားသစ်တွေ ခေါ်တယ်ဆိုတာ အသင်းကို ပိုကောင်းလာစေဖို့ပါ။ ဒီအပြောင်းအလဲတွေက ပိုကောင်းလာမလား မသေချာပေမယ့် အာတီတာကတော့ ပရော်ဖက်ရှင်နယ် ပီသသူတစ်ဦးဖြစ်ပါတယ်။

သူက ကျနော်ကို အမြဲတမ်း ပွင့်ပွင့်လင်းလင်းပြောပါတယ်။ ကျနော်တို့ရဲ့ အားကစားဒါရိုက်တာ၊ စီအီးအိုတို့နဲ့ အာဆင်နယ်ဘက်က စကားပြောနေတယ်လို့ သိထားတယ်။ ညဘက် အာတီတာနဲ့ ဆွေးနွေးတဲ့ကိစ္စတော့ ကျနော် မသိဘူး။ သူတို့က သတင်းမထွက်စေချင်ပေမယ့် သတင်းက ထွက်သွားခဲ့ပါတယ်။

အာဆင်နယ်က အကောင်းဆုံးဖြစ်မှာကို လုပ်ဆောင်လိုနေတယ်။ ကျနော် အာတီတာနဲ့ စကားပြောခဲ့ပြီး သူကလည်း သူ့ခံစားချက်ရှိနေတယ်။ ကျနော်တို့ လက်တွဲလုပ်လာတဲ့ အခြေအနေကို ကျေနပ်ပေမယ့် သူ့ကို အသင်းမှာပဲ ဆက်ရှိနေဖို့ ကျနော်မှာ တားခွင့် မရှိပါဘူး။ လူတိုင်းမှာ ကိုယ်ရဲ့ဖြစ်လိုမှုတွေရှိပြီး ဆက်မနေလိုတဲ့ ဘယ်သူ့ကိုမဆို တားမှာ မဟုတ်ဘူးဆိုတာ ကျနော် ပြောထားပြီးပါပြီ။

ကလပ်အသင်းက အာတီတာကို အသင်းမှာ ဆက်ရှိနေဖို့ အစွမ်းကုန် လုပ်ဆောင်ခဲ့တယ်။ သူထွက်သွားခဲ့ရင် သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝနဲ့ မိသားစုအတွက် အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပါတယ်။ ကျနော်ကတော့ သူ့ကို အနိုင်ယူမှာပါ။ နောက်တာပါဗျာ။ သူ့ကို အဆင်ပြေပါသေလို့ ဆုတောင်းပေးမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။