ပေါ့ဘာ ဒဏ်ရာပြန်ရနေပြီး မာတင်ကို ခေါ်ယူဖို့ ချိန်ရွယ်လာတဲ့ ယူနိုက်တက်

ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဘာဟာ ဒဏ္ရာက ျပန္သက္သာလာေပမယ့္ အဖ်ားေရာဂါ ခံစားေနရတာေၾကာင့္ ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ရဦးမယ္လို႔ သိလာရပါတယ္။

ေျခက်င္းဝတ္ကေန သက္သာလာျပီး ျပန္လည္ထူေထာင္ေရးေတြ လုပ္ေနခဲ့တဲ့ ေပါ့ဘာဟာ ျပင္သစ္က အမ်ိဳးမဂၤလာေဆာင္ကို သြားခဲ့ရကာေန အဖ်ားေရာဂါ ရလာခဲ့တာပါ။ ဆိုးရွားကပဲ ” ၾကံ႕ခိုင္မႈ ျပႆနာေတြအားလံုးကို သူ ေက်ာ္ျဖတ္ႏုိင္ခဲ့ပါျပီ။ အခုေတာ့ သူ ဖ်ားေနပါတယ္။ ၂ ရက္၊ ၃ ရက္ေလာက္ေတာ့ အနားယူရမွာျဖစ္ျပီး အမ်ားဆံုး ၃ ရက္ေလာက္ပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ျပင္သစ္ကြင္းလယ္လူရဲ႕ အနာဂတ္နဲ႔ ပက္သက္လို႔လည္း ” ေပါ့ဘာက ထိပ္တန္း ကစားသမားပါ။ သူ ကလပ္အသင္းအတြက္ အေကာင္းဆံုး ကစားေပးေနတာကိုပဲ က်ေနာ္တုိ႔ ျမင္လိုပါတယ္။ သူျပန္က်န္းမာလာဖို႔ အသင္းက အေကာင္းဆံုး လုပ္ေဆာင္ေနပါတယ္။ ” လို႔ ဆက္လက္ ေျပာဆိုခဲ့ပါတယ္။

ယူႏုိက္တက္ဟာ တစ္ခ်ိန္တည္းမွာ ဇန္နဝါရီပစ္မွတ္ေတြကိုလည္း စတင္ၾကိဳးစားေနျပီး ဆဲလ္ဘတ္တိုက္စစ္မွဴး ဟာလန္ကို ကမ္းလွမ္းမႈလည္း လုပ္ထားခဲ့ျပီျဖစ္တယ္။ ဒါ့အျပင္ နာပိုလီအသင္းမွ ဘယ္ဂ်ီယံတိုက္စစ္သမား မာတင္ကိုလည္ ခ်ိတ္ဆက္မႈေတြ စတင္ထားပါတယ္။ ကလပ္အသင္းမွာ အားနည္းေနတဲ့ ဝါရင့္တိုက္စစ္သမားတစ္ဦး အင္အားျဖည့္ဖို႔အတြက္ မာတင္က အဆင္ေျပမယ့္ ကစားသမားလို႔လည္း ယံုၾကည္ေနတာပါ။

နာပိုလီနဲ႔ မာတင္ၾကား စာခ်ဳပ္ဟာ ဒီေႏြမွာ ကုန္ဆံုးမွာျဖစ္ျပီး စာခ်ဳပ္သစ္လည္း ထပ္မံ ခ်ဳပ္ဆိုမွာ မဟုတ္ပါဘူး။ ဇန္နဝါရီမွာတင္ ယူႏုိက္တက္ ေခၚယူမယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကး အနည္းငယ္ပဲ ေပးရမွာျဖစ္ျပီး အၾကိဳသေဘာတူညီမႈနဲ႔ ညိႏိႈင္းထားျပီး ရာသီကုန္မွ အလြတ္နဲ႔ ေခၚယူခြင့္လည္း ရႏုိင္တာျဖစ္တယ္။ ယူႏုိက္တက္ဟာ ကလပ္အသင္း ဝါရင့္ကစားသမား ယန္းကိုေတာ့ ရာသီကုန္ရင္ လက္လြတ္မွာျဖစ္ပါတယ္။

UNICODE

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာဟာ ဒဏ်ရာက ပြန်သက်သာလာပေမယ့် အဖျားရောဂါ ခံစားနေရတာကြောင့် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရဦးမယ်လို့ သိလာရပါတယ်။

ခြေကျင်းဝတ်ကနေ သက်သာလာပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်နေခဲ့တဲ့ ပေါ့ဘာဟာ ပြင်သစ်က အမျိုးမင်္ဂလာဆောင်ကို သွားခဲ့ရကာနေ အဖျားရောဂါ ရလာခဲ့တာပါ။ ဆိုးရှားကပဲ ” ကြံ့ခိုင်မှု ပြဿနာတွေအားလုံးကို သူ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ အခုတော့ သူ ဖျားနေပါတယ်။ ၂ ရက်၊ ၃ ရက်လောက်တော့ အနားယူရမှာဖြစ်ပြီး အများဆုံး ၃ ရက်လောက်ပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ပြင်သစ်ကွင်းလယ်လူရဲ့ အနာဂတ်နဲ့ ပက်သက်လို့လည်း ” ပေါ့ဘာက ထိပ်တန်း ကစားသမားပါ။ သူ ကလပ်အသင်းအတွက် အကောင်းဆုံး ကစားပေးနေတာကိုပဲ ကျနော်တို့ မြင်လိုပါတယ်။ သူပြန်ကျန်းမာလာဖို့ အသင်းက အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ ” လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ တစ်ချိန်တည်းမှာ ဇန်နဝါရီပစ်မှတ်တွေကိုလည်း စတင်ကြိုးစားနေပြီး ဆဲလ်ဘတ်တိုက်စစ်မှူး ဟာလန်ကို ကမ်းလှမ်းမှုလည်း လုပ်ထားခဲ့ပြီဖြစ်တယ်။ ဒါ့အပြင် နာပိုလီအသင်းမှ ဘယ်ဂျီယံတိုက်စစ်သမား မာတင်ကိုလည် ချိတ်ဆက်မှုတွေ စတင် ထားပါတယ်။ ကလပ်အသင်းမှာ အားနည်းနေတဲ့ ဝါရင့်တိုက်စစ်သမားတစ်ဦး အင်အားဖြည့်ဖို့အတွက် မာတင်က အဆင်ပြေမယ့် ကစားသမားလို့လည်း ယုံကြည်နေတာပါ။

နာပိုလီနဲ့ မာတင်ကြား စာချုပ်ဟာ ဒီနွေမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်လည်း ထပ်မံ ချုပ်ဆိုမှာ မဟုတ်ပါဘူး။ ဇန်နဝါရီမှာတင် ယူနိုက်တက် ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး အနည်းငယ်ပဲ ပေးရမှာဖြစ်ပြီး အကြိုသဘောတူညီမှုနဲ့ ညိနှိုင်းထားပြီး ရာသီကုန်မှ အလွတ်နဲ့ ခေါ်ယူခွင့်လည်း ရနိုင်တာဖြစ်တယ်။ ယူနိုက်တက်ဟာ ကလပ်အသင်း ဝါရင့်ကစားသမား ယန်းကိုတော့ ရာသီကုန်ရင် လက်လွတ်မှာဖြစ်ပါတယ်။